Tuesday, 3 March 2020

လူတွေမသိသေးတဲ့ကြောက်စရာကောင်းတဲ့ ပဲသွေး ဆိုတာ ဘာလဲသိအောင်ဒါလေးဖတ်ကြည့်ပေးပါအုံးနော်…


အုန်းနို့ခေါက်ဆွဲ ဆို ပဲသွေးလေးနဲ့မှ ကြိုက်တာ ပါဆို ဒါလေး ဖတ်ကြည့်ပါ ပဲသွေးဟာ စားသင့်တဲ့ အစာ တစ်ခု လား ?

ပဲသွေး ဟု ဈေးထဲမှာ ရောင်းနေသော ပစ္စည်းများမှာ ပဲသွေးလဲ မဟုတ်၊ ဘဲသွေးလဲ မဟုတ်၊ အမဲသွေးသာ ဖြစ် ပါ တယ် ။

အများစုမှာ အမဲသွေးကို ဆားနဲ့ ရေနဲ့ ရောပီး ပြုတ်..ပီးရင် ကြာရှည် ခံအောင် လူသေတွေမှာသုံးတဲ့ ဖော်မလင်ကို ထည့် ထားကြ တာ ဖြစ် ပါ တယ်…..

တ ချို့က သတ်သတ် လွတ်ဆို ပီး ပဲသွေးကို စားမိတတ် ကြ သ လို ၊ အမဲသား မစားဘူး ဆိုပြီးတော့လည်း ပဲသွေးကို စားမိတတ်ကြ ပါတယ်။

မုန့်ဟ င်းခါး အုန်းနို့ခေါက်ဆွဲ များတွင်လဲ ထည့်စား တတ်ကြ ပါ တယ် ။ ပဲသွေး ဟာ တ ကယ်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တစ်ခု မဟုတ်ဘူး ဆိုတာ သေ ချ ာပါ တယ် ။

FDA ကနေရှောင် တခင် လာရောက် စစ်ဆေးပြီး ဖော် မ လင် ပါ တဲ့ ပဲသွေးတွေ ကို ဖျက် စီး ပစ် ခဲ့ တဲ့ ပုံ ရိပ်လေးတွေ ပါ ဖော်ပြ ပေး လိုက် ပ ါတယ် ။ အစား တစ် လုတ် အတွက်နဲ့ အန္တရာယ် မဖြစ်စေ ဖို့ ချင့်  ချိန် နိုင် ကြ ပ ါစေ……။ kyar nyo

Monday, 2 March 2020

ကောင်မလေးတွေက သူတို့ သိပ်ချစ်ရတဲ့ရင်ခွင်မှာ ဆိုးတတ်ကြပါတယ်


တစ်ကယ်တော့ မိန်းကလေးတွေရဲ့ စိတ်သဏ္ဌာန်က သူတို့ကို တစ်ကယ်ချစ်ပေး တဲ့သူ ၊ သူကလည်းသိပ်ချစ်ရတဲ့ သူဆိုရင် ပိုပိုပြီး အားကိုးချင် ကြတယ် ။

သူတို့ဘက်က ဘယ်လောက်ပဲ တစ်ခြားသူတွေ ရှေ့မှာ ရင့်ကျက်နေပါစေ သူချစ်တဲ့သူရှေ့မှာတော့ ကလေး ဆန်ပြီ းနွဲ့ဆိုးဆိုး ချင်ကြတာ ။

ဘာလို့လဲ ဆိုတော့ သူ ချစ်ရတဲ့သူဟာ သူ့ကို နာကျင်စေမှာ မဟုတ်ဘူး ဆိုတာ ယုံလို့ ။ သူ ချစ်တဲ့ သူဟာ သူရဲ့ အဆင်မပြေမှုတွေ ၊ နာကျင်နေရတာတွေကို နှစ်သိမ့်ပေး နိုင်တယ် ဆိုတာ သူ သိလို့ပါ ။

သူ ချစ်တဲ့ သူဟာ သူ့ရဲ့ Dark sideမှန်သမျှကို ဖုံးကွယ်ထား စရာ မလိုဘူး ဆိုတဲ့ စိတ်လုံခြုံ မှု ပေးနိုင်တဲ့အတွက် အားလုံးထက် ပိုပြီး သူ ယုံကြည် တာပေါ့ ။

တစ်ကယ်တော့ မိန်းကလေးတွေက နာကျင်ခံစားမှု ဒဏ်ရာ ဒဏ်ချက်တွေက သူ့အလိုလို များနေတတ်ကြတယ်ဗျ။ သူတို့စိတ်ကို သူတို့ ကိုယ်တိုင်တောင် နားမလည် ကြတာ။ အဲ့ဒီ့ အချိန်မှာ သူတို့ကို စိတ်လိုလက်ရ နားလည်ပေး နိုင်တဲ့ ချစ်သူကို လိုချင်ကြ တယ်။

သူတို့ ကို နှာခေါင်းရှုံ့ စိတ်ပျက်သွားမဲ့သူထက် သူတို့ကို ပိုပြီး နားလည်ပေးနိုင်မဲ့သူပေါ့။ အဲ့ဒီ့သူကြောင့် သူတို့ရဲ့နာကျင်မှုတွေကို ဒဏ်ရာ ဒဏ်ချက်တွေ ကိုပါ ကွယ်ပျောက် နိုင်စွမ်း ရှိလာရင် . . . အဲ့ဒီ့လူ့ကြောင့် သူတို့ဟာ ပို strong ဖြစ်လာပြီး

ကိုယ့်ကိုကိုယ် တည်ဆောက်လာနိုင်လာရင် .အဲ့ဒီ့ လူရင်ခွင်ကို တိုးဝှေ့ရင်း အဆင်မပြေမှုတွေ၊ ဝမ်းနည်းစရာတွေ ကို ရင်ဖွင့်လာမယ် ။

နှစ်သိမ့်ပေးတာ ခံချင် လာတယ် ။ နွဲ့ဆိုးဆိုးမယ်။ ကလေးဆန်လာမယ် ။ ပြီးတော့ ပို ပိုပြီး အချစ်ခံချင် လာကြ တယ် ။

ဒါဟာ အဲ့ဒီ့သူသည် သူတို့ကို ခဏတာလာ ကစားတဲ့ fake တွေမဟုတ်ပဲ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံလာပါစေ သူ့ လက်ကို လွှတ်ချသွားမှာ မဟုတ်တဲ့သူမှန်း သိနေလို့ပါ ။အချစ်ဆိုတာ တစ်ကယ် ရှိတယ် ဆိုတာကို သူ့ကိုထပ်ပြီး ယုံကြည် သက်ဝင်လာစေတဲ့သူဖြစ်လို့ပါ။

ကောင်မလေးတွေက သူ သိပ်ချစ် ရတဲ့ရင်ခွင်မှာ ဆိုးတတ်ကြ ပါတယ် ။ ဆိုးခွင့်လို့မရသေးတဲ့သူ (ဘဲမရှိတဲ့သူ)တွေကလည်း သူချစ်ရတဲ့သူရင်ခွင်မှာ ဆိုးဖို့ မျှော်လင့်ချက်လေးတွေနဲ့ စောင့်နေကြ တာပါပဲ။

ဘာလို့ ဆိုးကြလဲ အကြောင်းပြချက်ကို မေးလာမယ် ဆိုရင်လည်း ချစ်လို့ ဆိုးတာပဲ ဖြစ်နေ ပါ လိမ့်မယ် ။

Wednesday, 26 February 2020

တစ်စုံတစ်ယောက်က သင့််အိပ်မက်ထဲ ဝင်ရောက်လာတဲ့ အကြောင်းအရင်း(၄)ခု


တစ်ခါတစ်လေမှာ ကိုယ်သူ့အကြောင်းတွေးအိပ်တာလည်း မဟုတ်ပါပဲနဲ့ တစ်စုံတစ်ယောက်ကို အိပ်မက်မက်တာမျိုး ဖြစ်ဖူးကြတယ်ဟုတ်။ ဒီလိုမျိုး ကိုယ့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းမှာ သင့်ကို အံ့သြသွားစေမယ့် အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။

င့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းဟာ ဒီအချက်တွေကြောင့် ဖြစ်ပါတယ်နော် …

သူသင့်ကို သတိရနေလို့

ကိုယ့်အိပ်မက်ထဲကို မဖိတ်ခေါ်ပဲ ရောက်လာတဲ့သူဟာ ကိုယ့်ကို သတိတရရှိနေတဲ့ အတွက်ကြောင့် အိပ်မက်ထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်တွေဟာ တကယ့်ကို အစွမ်းထက်လှပြီးတော့ တစ်စုံတစ်ယောက်က ပြင်းပြစွာ သတိရတဲ့အခါမှာ အဲဒီ့လူရဲ့ အတွေးထဲ၊

အိပ်မက်ထဲထိတိုင်အောင် ဝင်ရောက်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင့်ကိုအရမ်း သတိရလွမ်းဆွတ်နေတဲ့ အတွက်ကြောင့် သင်သူ့ကို အိပ်မက် မက်ခြင်း ဖြစ်ပါတယ် …။

သူသင့်အကြောင်း စဉ်းစားနေလို့

တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာဟာ အဲဒီ့လူက သင့်အကြောင်းကို တွေးတောနေတာ ဒါမှမဟုတ် သင့်အကြောင်း အိပ်မက်မက်နေတဲ့ အတွက်ကြောင့်ပါတဲ့။ တူညီတဲ့ အိပ်မက်ကို မက်ဖို့ဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အရာဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေ၊ ခံစားချက်တွေ

အရမ်းပြင်းထန်တဲ့အချိန်မှာ သင့်ရဲ့အိပ်မက်ကို တစ်စုံတစ်ယောက် ရောက်ရှိနေသလိုပဲ သူ့အိပ်မက်ထဲကိုလည်း သင့်ကိုဖိတ်ခေါ်စေနိုင်ပါတယ်။ နောက်ပြီး သင့်အကြောင်းတွေပဲ တွေးနေတဲ့သူတစ်ယောက်ဟာလည်း သင့်ရဲ့အိပ်မက်ထဲကို ရောက်လာနိုင်စွမ်း ရှိပါတယ် …။

သူ့ကြောင့် သင်နာကျင်ခံစားဖူးလို့

တစ်စုံတစ်ယောက်ကြောင့် နာကျင်ခံစားဖူးတဲ့အခါ အဲဒီ့နာကျင်မှုဟာ သင့်ရဲ့ရင်ဘတ်တစ်နေရာမှာ ကိန်းအောင်းနေတတ်ပါတယ်။

ဒီလိုမျိုး သိမ်းဆည်းထားတဲ့ နာကျင်မှုတွေဟာ တစ်ခါတစ်လေမှာ သင့်အိပ်မက်တွေအဖြစ် ရောက်ရှိလာတတ်ပြီး ကိုယ့််ကိုယ်နာကျင်စေခဲ့တဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် သင်မကျေနပ်တဲ့ တစ်ယောက်ယောက်က သင့်အိပ်မက်ထဲထိအောင် လိုက်နှောင့်ယှက်တတ်တာ ဖြစ်ပါတယ် …။

သင် သူ့ကို သဘောကျနေလို့

ကိုယ့်က တစ်စုံတစ်ယောက်ကို သဘောကျနေတဲ့အခါမှာလည်း သူ့အကြောင်း အိပ်မက်မက်တတ်ပါသေးတယ်။ ဥပမာ- ကိုယ်သဘောကျတဲ့ ကောင်လေး၊ ကိုယ်လေးစား အားကျရတဲ့ သူတစ်ယောက်ယောက် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

သင်သဘောကျတဲ့သူဟာ သင့်စိတ်ထဲမှာ နေရာယူထားတဲ့အတွက်ကြောင့် အဲဒီ့တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာပဲ ဖြစ်ပါတယ် …။ ။

အိမ်အတွင်း လာဘ်တိတ်စေသော အရာများကိုပြုပြင်၍စီးပွားတက်စေလိုလျှင်


အိမ်အတွင်း လာဘ်တိတ်စေသော အဓိက အရာများကို ပြုပြင်၍ စီးပွားတက်စေခြင်း

၁။ ဘုရားခန်း၊ ဘုရားကျောင်းဆောင် တို့မှာ ရှိနေသော ဖုံ၊ အ မှိုက် တို့ကို သန့်ရှင်းအောင်ပြုခြင်း

၂။ ဘုရား ပန်း တို့ ကို ညှိုးနွမ်းစပြု လာ သည် နှင့် စွန့် ကာ အ သစ် လဲ ခြင်း

၃။ ဘုရားသောက်တော်ရေခွက် တို့ကို ပြောင်လက်သန့်ရှင်းအောင် ပြု၍ကပ်ခြင်း၊မပြောင် လက်တော့ ပါ က နှမြောမေ န ပဲ အ သစ် လဲ လှယ်ခြင်း

၄။ ဘုရား လျှပ်စစ်မီးသီး ကျွမ်းခြင်း၊ပျက်ခြင်း ဖြစ်ပါက အမြန်အသစ် လဲလှယ်ခြင်း

၅။ မအပ်စပ်သော အရာများ ကို ဘုရားကျောင်းဆောင်၊ ဘု ရား စင် မှ ဖယ်ရှားခြင်း

၆။ဘုရားကျောင်းဆောင် တို့ကို အေ မွှး နံ့ သာ တို့ဖြင့် သပ္ပါယ်အောင် ပြုပေးခြင်း

၇။ အိမ် အ တွင် း၌ ရန်ဖြစ်ခြင်း၊ဆဲ ဆိုခြင်း ၊ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းတို့ ကိုရှောင်ရှားခြင်း

၈။ မိမိအိမ် သို့ရောက် လာသော ခေတ္တဧည့်သည် ဖြစ်စေ ၊ လာလည် သော ဧည့်သည် ဖြစ်စေ၊ ညအိပ် ဧည့်သည်ဖြစ်စေ အစာအာဟာရ ဒါနပြုပေးခြင်း


ဆ ရ ာကျော် ဆန်း လွင်

လူတိုင်းဖတ်သင့်တဲ့ ပင်စင်စားတစ်ယောက်ရေးထားတဲ့ သံဝေဂစာ


ကျွန်တော်စာတွေ သင်ခဲ့ တယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်ဘွဲ့ တစ်ခုကိုရခဲ့တယ်။စစ်ထဲဝင်ခဲ့တယ်။တပ်ရင်းမှူး ဖြစ်ခဲ့တယ်။ ကျွန်တော် အိမ်ကို ပြန်သွားတဲ့ အခါ အသိမှတ်ပြု အလေးပေးတာ ခံခဲ့ရပါတယ်။အမျိုးထဲမှာ ပထမဦးဆုံး ဆရာဝန် အရာရှိ ဖြစ်သူ တစ်ယောက် အနေနဲ့ပေါ့။

ခုချိန်မှာတော့ .ပင်စင်စားကျွန်တော်ဟာ တိ/ဆေးကုခန်း ဖွင့်ထားတယ်။ တိ / ဆေးကုဆရာဝန်တစ်ယောက် အနေနဲ့’ဆရာ’ တော့ အခေါ်ခံရသေး တာပေါ့ ။

တခါတလေ ထောင်ထားတဲ့ လိုင်းကား မှာ စပယ်ယာ လိုက်နေတဲ့’သာမာန်ယောကျာၤး’ တစ်ယောက် ပဲ ဖြစ်သွာ းတယ်။ အတန်းပညာ မတတ်တဲ့ သာမာန် ယောကျာၤး တစ်ယောက် လို့လည်း မြင်မိရင် မြင်မိကြလိမ့်မယ်။

ကျွန်တော် ဘာဘွဲ့ရ ခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားဘူ း။’ဘွဲ့’တွေ ‘ဒီဂရီ’ တွေ ဆိုတာ တန်ဖိုးသိသူတွေလက်ထဲမှာပဲ အသုံးဝင်နေတာ ပါလားလို့ တွေးမိ လာတယ် ။ ” ပညာ ” တွေ အရမ်းတတ် တယ်လို့ ထင်ခဲ့ပေမဲ့ခုချိန် ကားလာပြင်ခိုင်းရင် ပြင်တတ်မှာ မဟုတ်ဘူး။

ကားပြင်ဆရာကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး မက်မောမှာ မဟုတ်ဘူး။’ပညာ’ဆိုတာလည်း အကန့်အသတ်လေးတွေနဲ့ရှိနေတာပါလား ဆိုတာ စဉ်းစားမိ လာတယ်။’ပညာ’ဆိုတာ တကယ်တော့ “ဆင်ခြင်တုံတရား” ပဲ လို့ သိမြင် လာတယ်။

ကျွန်တော် တစ်ခါ လိုင်းကားနောက်လိုက်ရင်း ခရီးသွားတစ်ယောက် ကျွန်တော့်ကို ပစ္စည်းတင်ခိုင်းတယ် ။ကျွန်တော်ပြုံးမိတယ်။ကျွန်တော် ‘ဘယ်သူလဲ’ ဆိုတာ ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး။

‘အောင်မြင်ကျော်ကြားမှု’ နောက်ကို ကျွန်တော်လိုက်နေပေမဲ့..ဒီ ‘အောင်မြင်မှု’ ဆိုတာ ကျွန်တော့်ကို အစဉ်အမြဲ ‘အလေးပြု နေတဲ့အရာ’ မဟုတ်ဘူး ဆိုတာ သဘောပေါက် မိလာတယ်။

ဒါကြောင့်.. “အောင်မြင်မှု” ဆိုတာ တကယ်တော့ ‘လောဘ” ဒေါသ’ နဲ့ ‘မောဟ’ ကို ထိန်းချုပ် ကွပ်ကဲနိုင်ခြင်း ကသာ ‘အောင်မြင်မှုအစစ်အမှန်’ဖြစ်တယ်လို့ လက်ခံလာမိတယ်။

“အလုပ်” တွေ .တော်တော်လုပ်ခဲ့တယ်။အလုပ်ထဲမှာ ဒုတိယဗိုလ်မှူးကြီး ရာထူးတစ်ခု ရရှိခဲ့တယ်။ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ ကျွန်တော်ဟာ ဘာမှမဟုတ်တော့ပြန်ဘူး။

အလှူမင်္ဂလာ ပွဲလမ်းသဘင်တွေဆီ ရောက်တော့ .အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့ မထိုင်ရတော့ဘူး။ဟိုလိုလို ဒီလိုလိုနဲ့ နောက်နားလေး မသိမသာပို့တာခံရတယ်။’အဘ’တို့ ‘ဗိုလ်မှူးကြီး’တို့ ဆိုတဲ့ ‘ရာထူး ရာခံ ဂုဏ်ဒြပ်’ တွေဟာ ကိုယ့်ကို တစ်သက်လုံး မစောင့်ရှောက်နိုင်ပါလား သိနားလည်လာတယ်။

အဲဒီနောက်ပိုင်း..သူကတော့ ဘာမို့လို့ အထင်ကြီးတယ် သူ့ကိုတော့ အထင်သေးတယ်..ဆိုတာတွေ မရှိတော့ဘူး။” နေရာ ” ဆိုတာ ဘယ်နေရာဖြစ်ဖြစ် နေတတ်ဖို့ကသာ အရေးကြီးပါတယ် လို့ တွေးတတ်လာတယ်.။

‘ပိုက်ဆံ’ တွေရှာခဲ့တယ် ။ ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံ့ ခဲ့တယ်..ခရီးတွေသွားခဲ့တယ်။ဝတ်ကောင်းစားလှတွေဝတ်ခဲ့စားခဲ့ တယ်။ ဒါပေမဲ့..ကိုယ့်လောက် မရှိတဲ့ သူရှေ့မှာ ကိုယ်က ‘သူဌေး’ ဖြစ်နေပြီး။

ကိုယ့်ထက်အဆ တစ်ရာလောက် ချမ်းသာတဲ့ သူတွေရှေ့မှာ ကိုယ်က ‘မရှိဆင်းရဲ သားလေး’ဖြစ်သွားတာ တွေ့ရတော့..’ ပိုက်ဆံ ‘ နဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာနေကြပါစေ..အဲဒီ “ဂုဏ်” တွေ …. မြောင်းထဲ ရောက်သွားတဲ့ အခါတွေလည်း ရှိပါသေးလား ..မြင်တတ်လာတယ်။

‘ ပိုက်ဆံ ‘ ဆိုတာ .ဘယ်လောက်ရှိရှိ ။ကိုယ်နဲ့ မထိုက်တန် .ကိုယ့်အတွက် မဟုတ်ရင် … ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ . ထားခဲ့ရတာပါပဲ ။

ကျွန်တော်တို့တတွေ …နေ့တိုင်းရှင်သန်နေကြရပါတယ်။ ‘ပညာ’နောက်ကို လိုက်နေလား။’အောင်မြင် ကျော်ကြားမှု’ နောက်ကို လိုက်နေလား။’ရာထူးရာခံဂုဏ်ဒြပ်’တွေ’စည်းစိမ်ချမ်းသာပကာသန ‘တွေ.. နောက်ကိုများ လိုက်နေမိလား…..။

ဘာတွေ နောက်လိုက်ပြီး….ဘယ်လိုပုံစံနဲ့ …. ရှင်သန်နေကြ တာလဲ…။ကိုယ့်ကိုကိုယ် … မေးကြည့်မိတာဖြစ်ပါတယ်…။

”ဘဝ”အတွေ့အကြုံတွေအရ ဒါတွေဟာ တခဏ အချိန်အတိုင်းအတာ တစ်ခု။ အခြေအနေတစ်ခု။ အတွက်သာ အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့ လည်းကိုယ့်ကို ….”အမြဲ မစောင့်ရှောက်နိုင်ဘူး” ဆိုတာ လက်ခံလာမိတယ်။

ကိုယ်ယုံကြည် အားကိုးလို့ မရဘူး ဆိုတာ သိမြင် လာတယ်။တကယ်တော့ …. လိုက်ချင်းလိုက်ရင်.. ကိုယ့်ကို ဒီ ‘တစ်ဘဝ’ အတွက်သာမက ‘သံသရာ’ မှာပါ ကာကွယ်စောင့်ရှောက်ပေးမဲ့… “တရား” တွေ ။”အကျင့်” တွေ ။”ဉာဏ်” တွေ ။ နောက်ကို လိုက်ကြရမှာပါ။

ဒါကို….ကျွန်တော် စောပြီး သိခဲ့ရတာ..ကံကောင်းပါတယ်။ကျွန်တော်တို့ လူအများစုဟာ ဘယ်တော့မှ’ ပြီးပြည့်စုံသွားပြီ ‘ လို့ မရှိတဲ့ အရာတွေရဲ့ နောက်ကို အမောတကော လိုက်နေကြပါတယ်။

ဘယ်လိုလိုက်လိုက် သေသာသွားရော ဘယ်တော့မှလည်း ပြီးဆုံးသွားသည် မရှိပါဘူး..။ကျွန်တော်လည်း အပါအဝင်ပေါ့လေ..

မောလိုက်တာ..ဘာကိုလိုက်မှန်းမသိ လိုက်နေမိတာ..ဒါပေမဲ့..ကျွန်တော်လေ လုံးဝ မရပ်နိုင်သေးသည့်တိုင်အရှိန်လျှော့ပြီး ဘရိတ်တော့ အုပ်လိုက် နိုင်ပြီဗျ။

Tuesday, 25 February 2020

ကွဲကွာနေတဲ့ မိဘတွေကိုတွေ့ရဖို့ လမ်းစားရိတ်အတွက် SUPER 100 မှာ ဝင်ပြိုင်ခဲ့တဲ့ ထိုင်းရောက်မြန်မာမလေး


လူတိုင်း လူတိုင်းဟာ ချစ် ရ တဲ့ မိဘတွေ နဲ့ အ တူ တူ ပဲ မရှိ အ တူ ရှိ အ တူ နေ ထိုင် ချင် ကြ ပါ တယ် ။ ဒါပေမယ့် စီးပွားရေး အဆင်မပြေမ ှုတွေကြောင့်

ဆင်းရဲလှတဲ့ မြန်မာ မိဘနှစ်ဦးနဲ့ ငယ်စဉ်က တည်းက ခွဲခွာပြီး ဦးလေးရှိရာ ထိုင်းနိုင်ငံမှာ နေထိုင် ခဲ့ရတဲ့ မိန်းကလေး ရှိ ပါ တယ်။
သူမရဲ့ နာမည်ကတော့ ပန်ပန်လို့အမည်ရပြီး ငယ်စဉ် ကတည်းက မိဘတွေနဲ့ ခွဲ ရလို့ ကိုယ့်ရဲ့အ သက်တောင် မသိရရှာ ပါဘူး။

စိတ်ကူး အိမ်မက် ကတော့ ပိုက်ဆံတွေ ရှာပြီး မြန်မာနိုင်ငံက မိဘတွေကို ထောက်ပံ့ဖို့နဲ့ ၁၀နှစ်ကျော် ဝေးကွာနေတဲ့ မိဘရင်ခွင် ခိုလှုံဖို့ပါပဲ။
သူမရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ ြက်မွှေးမြူရေး လုပ်ငန်းမှာ အလုပ်ကိုင်ကိုင်ေ နရင်း ထိုင်နိုင်ငံရဲ့ နာမည်ကြီး အစီအစ ဉ်ဖြစ်တဲ့ Super 100မှာ

ကျွမ်းကျင်မ ှုဖြစ်တဲ့ ကြက်ဥတွေကို အလေးချိန်ရွေးုပြပြီး ပြိုင်ပွဲဝင် ခဲ့ ပါ တယ် ။

သူမရဲ့ မိဘတွေတွေ့ရဖို့ အိပ်မက်ဟာ ပြိုင်ပွဲဝင် ပြိုင် ရင်း အမှန်တကယ် ဖြစ်လာမလား ဆိုတာ အောက်က videoလေးမှာ ဆက်လက် ကြည့်ရှုကြ ပါ ဦးနေ ာ်။ ကြည့် နေ ရင်း မျက် ရည် သုတ် ဖို့ ပုဝါလေးလည်း ဆောင် ထား ကြ ပါ ဦး ။

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့


တစ်ယောက်ထဲလည်း နေတတ်အောင်နေပါ… မင်း စိတ်ညစ်နေလား_?

ငါ ဒီလိုနေလို့မဖြစ်ဘူး ဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။ ဘဝအတွက် လေ့လာ သင်ယူ ပါ စာများများဖတ်ပါ သူများကို သွားပြောတာ ထက် အများကြီး သာတယ်။

မင်း ဝမ်းနည်းနေလား_?

ခဏလောက် အားရပါးရ ငိုချပစ် လိုက် ပါ။ ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီး မျက်ရည်ကျအောင် လုပ်မဲ့သူပဲရှိတယ်။ ငိုစရာ ရှိတာ ကိုယ့်ဟာကို ငိုချလိုက် ပြီးရင် တည်ငြိမ် လာလိမ့် မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?

သီချင်းလေး ဘာလေး နားထောင် စိတ်ပြေ လက်ပျောက်ဖြစ်အောင် နေပါ။ သူများကို သွားပြောရင် မွန်းကြပ်တာ ကနေ ထွက်ပေါက်ပါ ပိတ်သွား လိမ့်မယ် ။

မင်း စိတ်ဓာတ်ကျနေလား_?

ဘာအားငယ် စရာ ရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ် မဟုတ်ဘူး လူတိုင်းကျ တတ်တာပဲ ကိုယ်တိုင် ပြန်ပီး ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ့် ကို ကိုယ် အားကိုး စမ်းပါ ။

လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး ကိုယ့်အားကိုကိုး ကိုယ့်သမိုင် းကိုယ်ရေးပါ။ မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက် ကူညီမဲ့လူ ရှာ းတယ် ။

မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့ မင်းကိုယ်မင်းပဲ အပြည့် အဝ ပြန်ပြီး ကူညီ လိုက် ပါ ။ မ လို အပ် ပဲ ဘယ် သူ ကို မှ လဲ ရင် မ ဖွင့် မိစေ နဲ့ ။

Credit original