Wednesday, 26 February 2020

တစ်စုံတစ်ယောက်က သင့််အိပ်မက်ထဲ ဝင်ရောက်လာတဲ့ အကြောင်းအရင်း(၄)ခု


တစ်ခါတစ်လေမှာ ကိုယ်သူ့အကြောင်းတွေးအိပ်တာလည်း မဟုတ်ပါပဲနဲ့ တစ်စုံတစ်ယောက်ကို အိပ်မက်မက်တာမျိုး ဖြစ်ဖူးကြတယ်ဟုတ်။ ဒီလိုမျိုး ကိုယ့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းမှာ သင့်ကို အံ့သြသွားစေမယ့် အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။

င့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းဟာ ဒီအချက်တွေကြောင့် ဖြစ်ပါတယ်နော် …

သူသင့်ကို သတိရနေလို့

ကိုယ့်အိပ်မက်ထဲကို မဖိတ်ခေါ်ပဲ ရောက်လာတဲ့သူဟာ ကိုယ့်ကို သတိတရရှိနေတဲ့ အတွက်ကြောင့် အိပ်မက်ထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်တွေဟာ တကယ့်ကို အစွမ်းထက်လှပြီးတော့ တစ်စုံတစ်ယောက်က ပြင်းပြစွာ သတိရတဲ့အခါမှာ အဲဒီ့လူရဲ့ အတွေးထဲ၊

အိပ်မက်ထဲထိတိုင်အောင် ဝင်ရောက်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင့်ကိုအရမ်း သတိရလွမ်းဆွတ်နေတဲ့ အတွက်ကြောင့် သင်သူ့ကို အိပ်မက် မက်ခြင်း ဖြစ်ပါတယ် …။

သူသင့်အကြောင်း စဉ်းစားနေလို့

တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာဟာ အဲဒီ့လူက သင့်အကြောင်းကို တွေးတောနေတာ ဒါမှမဟုတ် သင့်အကြောင်း အိပ်မက်မက်နေတဲ့ အတွက်ကြောင့်ပါတဲ့။ တူညီတဲ့ အိပ်မက်ကို မက်ဖို့ဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အရာဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေ၊ ခံစားချက်တွေ

အရမ်းပြင်းထန်တဲ့အချိန်မှာ သင့်ရဲ့အိပ်မက်ကို တစ်စုံတစ်ယောက် ရောက်ရှိနေသလိုပဲ သူ့အိပ်မက်ထဲကိုလည်း သင့်ကိုဖိတ်ခေါ်စေနိုင်ပါတယ်။ နောက်ပြီး သင့်အကြောင်းတွေပဲ တွေးနေတဲ့သူတစ်ယောက်ဟာလည်း သင့်ရဲ့အိပ်မက်ထဲကို ရောက်လာနိုင်စွမ်း ရှိပါတယ် …။

သူ့ကြောင့် သင်နာကျင်ခံစားဖူးလို့

တစ်စုံတစ်ယောက်ကြောင့် နာကျင်ခံစားဖူးတဲ့အခါ အဲဒီ့နာကျင်မှုဟာ သင့်ရဲ့ရင်ဘတ်တစ်နေရာမှာ ကိန်းအောင်းနေတတ်ပါတယ်။

ဒီလိုမျိုး သိမ်းဆည်းထားတဲ့ နာကျင်မှုတွေဟာ တစ်ခါတစ်လေမှာ သင့်အိပ်မက်တွေအဖြစ် ရောက်ရှိလာတတ်ပြီး ကိုယ့််ကိုယ်နာကျင်စေခဲ့တဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် သင်မကျေနပ်တဲ့ တစ်ယောက်ယောက်က သင့်အိပ်မက်ထဲထိအောင် လိုက်နှောင့်ယှက်တတ်တာ ဖြစ်ပါတယ် …။

သင် သူ့ကို သဘောကျနေလို့

ကိုယ့်က တစ်စုံတစ်ယောက်ကို သဘောကျနေတဲ့အခါမှာလည်း သူ့အကြောင်း အိပ်မက်မက်တတ်ပါသေးတယ်။ ဥပမာ- ကိုယ်သဘောကျတဲ့ ကောင်လေး၊ ကိုယ်လေးစား အားကျရတဲ့ သူတစ်ယောက်ယောက် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

သင်သဘောကျတဲ့သူဟာ သင့်စိတ်ထဲမှာ နေရာယူထားတဲ့အတွက်ကြောင့် အဲဒီ့တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာပဲ ဖြစ်ပါတယ် …။ ။

No comments:

Post a Comment