ဘွဲ့နှင်း သဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီ လူမျိုးများမှ ဆင်းသက် လာခြင်း ဖြစ်ပါတယ်။
ယင်း ဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ် ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့ အတွက် ဘွဲ့နှင်းသဘင် ဦးထုပ် အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါ တယ် ။
၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့ အတွက် ယင်း ဦးထုပ်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့ ကြ ပါ တယ် ။
ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ် ပညာရှင်၊ အင်ဂျင်နီယာ၊ ကျောင်းသားလူငယ် စသည်ဖြင့် လူ အမျိုးမျိုးကို ဦးထုပ် အရောင် အမျိုးမျိုး နဲ့ခွဲခြားစေ ပါတယ်။
သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံး ကတော့ အနီရောင် Motarboard ဖြစ်ပါ တယ် ။ ရဲရင့်ခြင်း သဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြု သည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေ ကို အနီရောင် Motarboard ဆောင်း စေ ပါ တယ် ။
ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင် ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ ပါတယ်။
နောက်ပိုင်းမှာတော့ အသက်မွေး ဝမ်းကျောင်း ပညာသင်ကြားမှု များမှ မာစတာ ဒီဂရီရရှိ သူများ ကို အသိအမှတ် ပြုရန် အဖြစ် ချီးမြင့် ပါ တယ် ။
နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ် လာ ပါ တယ် ။ ခေတ်တွေ ပြောင်းလာတဲ့ အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ် ပြုစရာ တစ်ခု အဖြစ်သာ အသုံးပြုလာခဲ့ ပါ တယ် ။
ခေတ်သစ် ဘွဲ့နှင်းသဘင် ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ ကတ်သလစ် ဘုန်းကြီး Joseph Durham စတင်
တီထွင် ခဲ့တယ် လို့ သတ် မှတ် ကြ ပါ တယ် ။
ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်း ဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန် နိုင်ငံမှ စံ စနစ်ကို ကူးယူ ထား တယ် လို့ သိ ရ ပါ တယ် ။
No comments:
Post a Comment