ဒါကြောင့် အချစ်ကို အချစ်အဖြစ်ပဲ ထားမလား၊ အဆိပ်ပဲ ပြောင်းလဲမလား ဆိုတာကတော့ သင့်အပေါ်မှာပဲ အားလုံး မူတည် ပါတယ်။ အချစ်က ဘဝအတွက် ကောင်းမွန်တဲ့ အရာဖြစ်လာအောင် သင့်ချစ်သူအပေါ် ဘယ်လို စည်းဘောင်တွေ ထားသင့် သလဲ။
အရမ်းကြီး ပစ်ပစ်ခါခါ မဆက်ဆံပါနဲ့
ငါ့ချစ်သူပဲ ငါဘာလုပ်လုပ် ကိစ္စမရှိဘူးဆိုပြီး တစ်ချိန်လုံး ကိုယ့်စိတ်ကြိုက်၊ ကိုယ့်ပုံစံပဲ လုပ်နေရင်တော့ တစ်ဖက်လူအတွက် အဆင်မပြေ နိုင်ပါဘူး။ တစ်ချို့တွေက ချစ်တာကို အကြောင်းပြပြီး အရမ်းနိုင်ထက်စီးနင်းဆန်တဲ့ အပြုအမူတွေ လုပ်တတ်ကြ ပါတယ်။
ဒါဟာ ဆက်ဆံရေးတစ်ခု ပြိုကွဲသွားစေနိုင်တဲ့ အက်ကြောင်းဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ ငါနဲ့သူဟာ အဆင်မပြေဘူးလို့ သင့်ချစ်သူက သတ်မှတ်သွားနိုင် ပါတယ်။
အရာရာကို သူ့စိတ်ကြိုက်ပုံဖော်ခွင့်မပေးပါနဲ့
ခုနားကအချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အချက်ပေါ့နော်။ ကိုယ်က ချစ်တယ်ဆိုတိုင်း သူဘာလုပ်လုပ် သည်းခံအလျော့ပေးတာ၊ သူဘယ် အချိန်ခေါ်ခေါ် အပြေးတပိုင်း သွားတွေ့တာမျိုး၊ ညည့်နက်သန်းခေါင် သူ့ဆီက အကြောင်းမရှိပဲ ဖုန်းဆက်တာကို ချစ်လို့ ဆိုပြီး
အိပ်ရေးပျက်ခံ ဖုန်းလက်ခံပြောတာ စသဖြင့်ပေါ့ သူ့စိတ်ကြိုက် ပုံဖော်ခံနေရ တဲ့သူ အဖြစ်ကို မရောက်ပါစေနဲ့။ ချစ်တာနဲ့ပဲ အကုန်လုံး သူ့သဘော သူ့ဆန္ဒ သူရဲ့ နယ်ရုပ်တစ်ရုပ်လို ကိုယ့်ကိုယ်ကို မလုပ်မိပါစေနဲ့။
အတိတ်ကို မတူးဆွပါနဲ့
အဲဒီ့လူကို လက်ခံနိုင်လို့ လက်ခံထားပြီးကာမှ သူ့ရဲ့ အတိတ် ဒါမှမဟုတ် ကိုယ့်ရဲ့အတိတ်ကို သူခဏခဏပြောတတ်တာမျိုး မလုပ်မိအောင် ပြင်ဆင်ပါ။ သူ့ရဲ့ အတိတ်ကို လက်မခံနိုင်ရင် အစတည်းက လက်မခံပါနဲ့။
သေချာစဉ်းစားပြီးမှ ရွေးချယ်ထားပြီဆိုရင်တော့ အဲဒီ့အတိတ်ကို မေ့ထားလိုက်သင့်ပါပြီ။ သူ့ရဲ့ အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာတော့ သူဟာ သင့်ချစ်သူပါပဲ။ သင့်ရဲ့ အတိတ်ကိုလည်း သင့်ချစ်သူက ခဏခဏ ပြန်ပြောတာမျိုးတွေ မလုပ်မိအောင် ကြိုတင်ပြောပြထားပါ။
ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို မမေ့ပါနဲ့
အချစ်က အချစ် ဘဝက ဘဝပါနော် အချစ်နဲ့ ဘဝကို ရောမပစ်ပါနဲ့။ အချစ်နောက်ပဲ တကောက်ကောက် လျှောက်လိုက်နေပြီး ကိုယ့်ဘဝရဲ့ အိပ်မက်ပန်းတိုင်နောက်ကို လိုက်ဖို့လည်း မမေ့ပါနဲ့။ အချစ်နဲ့ ဘဝပန်းတိုင်ကို သတ်သတ်စီခွဲထားပြီး ကိုယ့်ဘဝအတွက် ကြိုးစားပါ။
ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေဆီ ရောက်အောင်သွားပါ။ တစ်ခါတစ်လေမှာ လူတွေဟာ အချစ်အတွက်ပဲ အချစ်ကုန်ခံနေတတ်ပြီး ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို မေ့လျော့နေတတ်ကြပါတယ်။
သူရှိရင်အရာရာ ပြည့်စုံပြီလိုထင်နေတတ်ကြြ့ပီး ကိုယ့်ဘဝကို သူဆီမှာပဲ ပုံအောထားတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ဘဝကို တစ်ခြားသူတစ်ယောက်ကြောင့် ရပ်တန့်နေတာမျိုး မလုပ်မိပါစေနဲ့။
အမှီအခိုကင်းကင်း ရပ်တည်နိုင်သူတစ်ယောက်ဖြစ်အောင် နေပါ
သူနဲ့ကိုယ်ဟာ ချစ်သူတွေဆိုပေမယ့် အကြောင်းတစ်ခုကြောင့် သဘောထားတွေမတိုက်ဆိုင်တော့လို့ လမ်းခွဲပြတ်စဲကြတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဟာ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေမျိုးကို မရောက်မိအောင် ကြိုတင်ကာကွယ်ပါ။
သူထားခဲ့လည်း ကိုယ့်ဘဝကို အကောင်းဆုံးနဲ့ လှလှပပ ရပ်တည်နိုင်သူ တစ်ယောက် ဖြစ်နေပါစေ။ ဒါဟာ အစကတည်းက ကိုယ်တိုင်လေ့ကျင့်ထားရမယ့် အရာဖြစ်ပြီး ဘယ်သူကိုမှ အားမကိုးတတ်တဲ့ အမှီအခိုကင်းတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားသင့်ပါတယ်။
No comments:
Post a Comment