ကျနော်တို့ကြည့်ဖူးခဲ့ကြတဲ့ တရုပ်ကွန်ဖူး ကားတွေ နောက်ပြီး ကြေးနန်း ဆက် စတဲ့ ဆက်သွယ်ရေးစက်တွေ မပေါ်ခင်က စစ်ကားတွေမှာ ဆိုရင် ခိုတွေကို အသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက် တစ်နေရာနဲ့ တစ်နေရာ သတင်းအချက် လက်တွေ ဖလှယ် ကြတာကို ကြုံဖူး တွေ့ဖူးကြ မယ် ထင်ပါတယ် ။
အဲ့ဒီလို ခိုတွေကို အသုံးပြုပြီး ဆက်သွယ် ခဲ့တာ ကရော သတင်းအချက် လက်လုံခြုံမှုရော ရှိရဲ့လား ၊ တကယ် အသုံးဝင်ခဲ့ရဲ့လားဆိုတဲ့ မေးခွန်းတွေ ကတော့ ယနေ့ခေတ်မှာ ပေါ်ပေါက်လာတာ မဆန်းပါဘူး ။
အခုလို ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ တောင်မှ သတင်းအချက်လက်တွေ ဟာ ပေါက်ကြား လွယ်နေတော့ အရင်ချိန်က လူတွေဟာ ခိုတွေကို အသုံးပြုပြီး ဆက်သွယ် ခဲ့ကြတယ် ၊
အရေးကြီး သတင်း အချက်လက်တွေ ဖလှယ်ခဲ့ကြတယ် ဆိုတာ တော်တော်ကို ယုံရခက်နေတဲ့ အဖြစ်ပျက်ပါပဲ ။
အခု ကျနော်တို့ မိတ်ဆွေတွေ ကို တင်ဆက် ပေးသွားမယ့် အကြောင်းရာ ကတော့ ခိုတွေဟာ တကယ်ရော ဆက်သွယ်ရေး အတွက် ၊ သတင်း အချက်လက် ဖလှယ်ဖို့ အတွက် အသုံးဝင်ခဲ့ရဲ့ လားဆိုတာကို အင်တာနက် စာမျက်နှာ တစ်ခုက စစ်တမ်းကောက်ယူ ထားတဲ့ အကြောင်းပါပဲ ။
ခိုတွေကို စာ အပြန်အလှန် ပို့ဖို့ အသုံးပြုခဲ့ကြတဲ့နေရာ မှာ အကြောင်းပြချက် များစွာ ရှိနေပါတယ် ။ အဓိက အကြောင်းပြချက် ကတော့ ခိုတွေဟာ ဘယ်ငှက်တွေ နဲ့မှ မတူတဲ့ အာရုံခံစားမှု တစ်ခုကို ပိုင်ဆိုင် ထားခဲ့တယ် လို့ ဆိုပါတယ်။
အဲ့ဒီအကြောင်းပြချက် ကပဲ ခိုတွေကို ဆက်သွယ်ဖို့ အတွက် တွင်ကျယ်စွာ အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ် ။ ခိုတွေနဲ့ စာပို့တဲ့ အခါ စာရဲ့ အတိုသဘော လောက်ကိုသာ ရေးထည့် လေ့ရှိကြပြီး သူတို့ လည်ပင်း ဒါမှမဟုတ် ခြေထောက်တွေ မှာ စာထည့်ဖို့ တစ်ခုခု ထားပြီး
စာကို လိပ်ထည့်ကာ စာပို့စာယူ အတွက် အသုံးချ ခဲ့တာပါ။
သူတို့ကို လေ့ကျင့်တဲ့ အချိန်မှာ လည်း သူတို့ အသိုက်နဲ့ မနီးမဝေး နေရာလောက် ကနေ စပြီး လေ့ကျင့်ကြပါတယ် ။
တဖြည်းဖြည်းနဲ့ လုံလောက်တဲ့ အကွာအဝေး ရောက်တဲ့ အထိမှာ စိတ်ချရတဲ့ အခြေနေ တစ်ခုရောက် တဲ့အထိ လေ့ကျင်ပြီးမှ အသုံးပြုကြတာ ဖြစ်ပါတယ်။
သူတို့ဟာ အဲ့ဒီလို လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ များစွာသော ရှုပ်ထွေးတဲ့ လမ်းတွေကို ကျော်ဖြတ်ပြီး အိမ်ရှိရာ ဆီကို တစိုက် မတ်မတ်ပြန်တတ် သွားပါတယ်။
လေ့လာချက်တွေ အရတော့ ခိုတွေဟာ သူတို့ရဲ့ နှာခေါင်းကို သူတို့ရဲ့ လမ်းညွှန်တဲ့ ကိရိယာ အဖြစ် အသုံးပြုတတ် ကြပါသတဲ့။
ငှက်တွေရဲ့ သဘော သဘာဝအရတော့ သူတို့ဟာ သူတို့အိမ်ကို လေထုရဲ့ တည်ဆောက်ပုံ ကွဲပြားမှုနဲ့ မှတ်သား ထားကြတာ ဖြစ်တယ် လို့လည်း အဲ့ဒီမှတ်တမ်းတွေက ပြောပါတယ်။
တကယ်လို့ သူတို့ အိမ်နားလေး မဟုတ်ဘူး ဆိုရင်တော့ ရန်သူ နယ်မြေလို့ သတ်မှတ်ပြီး အိမ်ကို မတွေ့မချင်း ရှာဖွေ တတ်ကြတဲ့
ဇွဲလည်း ရှိပါတယ်။ ခိုတွေက သူတို့ အသံကို သံလိုက်စက်ကွင်း တစ်ခုလို အသုံးချပြီးတော့လည်း ကမ္ဘာမြေကြီးနဲ့သူတို့ကြားမှာ အဆက်သွယ် လုပ်ပြီး မှတ်သားတတ် တဲ့ သတ္တဝါတွေပါ ။
ဒါကြောင့် အရင်ချိန်က ဆက်သွယ်ရေး အတွက် အရေးကြီးတဲ့ သတင်း အချက်လက်တွေ ကို ခိုတွေကနေ တစ်ဆင်ခံ ပြီး အသုံးပြုခဲ့ကြတာ ဟာ အကြောင်းပြချက် လုံလုံ လောက်လောက် ရှိတယ်လို့ ဒီ စစ်တမ်းအရ ပြောနိုင်ပါတယ် ။
တကယ်ရော အသုံးဝင်ခဲ့လား မဝင်ခဲ့ဘူးလား ဆိုတာကတော့ ကျနော်တို့ ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်မှပဲ သိနိုင်တော့မယ် ထင်ပါတယ် ။
Credit – Shwe Thoon
No comments:
Post a Comment