Sunday, 2 February 2020
ကမ္ဘာကျော် သိပ္ပံပညာရှင် နယူတန်က ၂၀၆၀ ပြည့်နှစ်တွင် ကမ္ဘာပျက်မည်ဟု ခန့်မှန်းခဲ့
ကမ္ဘာကျော် သိပ္ပံပညာရှင်အိုင်းဆက် နယူတန်သည် ကမ္ဘာမြေဆွဲအားကို ရှာဖွေ တွေ့ရှိခဲ့ရုံသာမက ဘာသာရေးတွင်လည်း စိတ်ပါဝင်စားမှုရှိခဲ့သူဖြစ်ပြီး ပညာရှင်များ က အသစ်ရှာဖွေတွေ့ရှိခဲ့သည့် ၎င်း၏ရေး သားမှုများထဲတွင် ၂၀၆၀ ပြည့်နှစ်၌ ကမ္ဘာပျက်မည်ဟူသောခန့်မှန်းချက်လည်း ပါဝင်နေသည်ဟု သိရသည်။
၁၆၄၃ ခုနှစ်တွင် မွေးဖွားခဲ့သော နယူတန်သည် ဘုရားသခင်၏တည်ရှိမှု နှင့်ဘာသာရေးကို အလွန်စိတ်ပါဝင်စား ခဲ့သူဖြစ်ပြီး ဘာသာရေးစာပေများကို လည်းရေးသားခဲ့သည်။ အသစ်ရှာဖွေတွေ့ ရှိခဲ့သည့် ၎င်း၏အရေးအသားတွင် နယူ တန်က Je hovah Sanctus Unusဟူ သောအမည်တုကိုအသုံးပြုထားပြီး ၂၀၆၀ အရောက်တွင် ကမ္ဘာပျက်ကာ ကမ္ဘာမြေ တွင် ဘုရားသခင်တစ်ဖန်ထွက်ပေါ်လာ လိမ့်ဦးမည်ဟုဆိုထားသည်။
Florian Freistetter ရေးသားသော Issac Newton:The Asshole Who Reinv-ented The Universe တွင် နယူတန်၏ရေးသားမှုကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပြီး နယူတန်က ၂၀၆၀ ပြည့်နှစ်တွင် စစ်ပွဲ သို့မဟုတ် သဘာဝကပ်ဘေးတစ် ခုနှင့်ကြုံရမည်ဖြစ်သော်လည်း ဘုရား သခင်ထပ်မံထွက်ပေါ်လာမည်ဟုယုံ ကြည်နေခဲ့သည်။
ယခုနှစ်အစောပိုင်း ကလည် းBulletin of Atomic Sci-entists က ကမ္ဘာကြီးသည် ကမ္ဘာပျက် ကပ်ဆိုးနှင့်ရင်ဆိုင်ရရန် နီးကပ်လာနေ ပြီဟု ဖော်ပြခဲ့ကြဖူးကြောင်း သိရသည်။
Credit:အေးယုနိုင်
Labels:
ကမ္ဘ့ာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment