Monday, 17 February 2020

မင်းကို နားလည်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ

မင်းရဲ့ တန်ဖိုးကို နားလည်တဲ့ သူဆီမှာပဲ

မင်းရဲ့ စိတ်ခံစားချက်တွေကို မြုပ်နှံ ထားပါ ။

မင်းကို ခွင့်လွှတ်ပေး နိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ စိတ်ဆိုး စိတ်ကောက် အမူအကျင့်လေးတွေ လုပ် ပြ ပါ ။

မင်းကို နားလည်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ ။ မင်းကို ဂရုစိုက်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ နာကျင် ဝမ်းနည်းမှု တွေကို ရင်ဖွင့်ပါ ။

မင်းကိုမြတ်နိုး တန်ဖိုး ထားပေးတဲ့ သူဆီမှာပဲ မင်းရဲ့ခွင့်လွှတ် နားလည်ခြင်းတွေကို ပြန်ပေးပါ ။ မင်းအပေါ်အကောင်းဆုံး နားလည်ပေးဆပ် နိုင်သူ ကိုသာ မင်းရဲ့ သစ္စာစောင့်ထိန်းမှုတွေကို မြုပ်နှံထားပါ ။

မင်းအပေါ် ကောင်းတဲ့ သူတွေ အပေါ်မှာ ပြန်ကောင်းဖို့ မမေ့ ပါ နဲ့ ။ မင်းအပေါ် တန်ဖိုးထားတဲ့ သူတွေကို မဆုံးရှုံးခင် တန်ဖိုး ထား ပါ။

ဘဝမှာ အချိန်ကြာကြာ ရင်နှီး ပတ်သတ်ကြတဲ့ သူတိုင်းက

တဖတ်သတ်ဆန်တဲ့ဲ ဆက်ဆံရေးမျိုး မဟုတ် ကြ ဘူး ။

အပြန်အလှန် ထိန်းကျောင်းပေးရင်း ရပ်တည် ကြတာ မျိုး ပါ ။

မင်းကို ချစ်တဲ့သူ များချင် များ မယ် ။မင်းကို နားလည်ပေး နိုင်တဲ့သူက ရှား တယ် ။မင်း ကို စိတ် ဝင် စား တဲ့ သူ မျာ းမယ် ။မင်းအပေါ် အချစ်စစ်နဲ့ ချစ်ပေး နိုင် မယ့် သူ က ရွှေ လို ရှား တယ် ။

No comments:

Post a Comment