Monday, 3 February 2020

နေ့လည်ခင်း တရေးအိပ်ခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးများ

Unicode
နေ့လည်ခင်း တရေးအိပ်ခြင်းက စိတ်အား၊ လူအားကို အင်အားပြန်လည် ဖြစ်စေနို င် တဲ့ အထိရောက် ဆုံးနည်းဖြစ် ပါ တယ် ။

အိပ်ရေး ပျက်ခြင်းကြောင့် ဖြစ်တဲ့ ဆိုးကျိုးတွေကို လျော့နည်းစေပြီး အသိစိတ်ဖြင့် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီး စွမ်းဆောင်ရည် တိုးတက် စေပါ တယ် ။  ဒါပေမဲ့ ဒီလို အကျိုးကျေးဇူးတွေ ရနိုင်ဖို့ အတွက် တရေး အိပ်သင့်တဲ့ အချိန်တွေ ရှိပါ တယ် ။

အမေရိကန်နိုင်ငံ အချို့မှာ တရေးအိပ်ခြင်းက ပျင်းရိတဲ့ သူတွေ ၊ရည်မှန်းချက် မရှိတဲ့ သူတွေနဲ့ အသက် အရွယ်အိုမင်းသူတွေသာ အိပ်ကြ တယ်လို့ ယူဆကြ ခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ တရေးအိပ်စက်ခြင်းက

မိမိကိုယ်ကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံး အရာဖြစ် ပါတယ်လို့ သတ်မှတ် လာကြ ပါတယ် ။ နေ့လည်တရေးအိပ်ဖို့ အကောင်းဆုံး အချိန်က နေ့လည် ၁ နာရီက ၃ နာရီ အတွင်းဖြစ်ပါတယ်။ တရေးအိပ်ခြင်းကြောင့် ရရှိ နိုင်တဲ့ အကျိုးတွေကတော့

၁)ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေခြင်း

၂)စိတ်ခံစားမှု ပိုကောင်းစေခြင်း

၃)စိတ်သက်သာရာရခြင်း

၄)စွမ်းဆောင်ရည် ပိုမိုတိုးတက်စေခြင်း

၅)အကြောင်းအရာ တစ်ခုကို လျင်မြန်စွာ တုန့်ပြန်နိုင်ခြင်း

၆)မှတ်ဉာဏ်ပိုမိုကောင်းမွန်စေခြင်း

၇)နိုးကြားမှု တိုးတက်စေခြင်း တို့ပဲ ဖြစ် ပါ တယ်။

သုတေသီတွေရဲ့အဆို အရ တစ်ခါအိပ်ရင် မိနစ် ၃၀နဲ့ တစ်ပတ်ကို ၃ ကြိမ်ခန့် နေ့လည် ခင်းတရေး အိပ်တဲ့ သူတွေက မအိပ်တဲ့ သူတွေ ထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၇% လျော့နည်းပြီး စိတ်ဖိစီးမှု လည်း ကင်းဝေ းစေတယ် လို့ ဆို ပါ တယ် ။

No comments:

Post a Comment