(၁) အနာရောဂါကင်းရှင်းပြီး အနေအထိုင် သိမ်မွေ့သန့်ရှင်းသော မိန်းမ ။
(၂) မိဘအား ပြုစုလုပ်ကျွေးလို စိတ်ရှိပြီး ကိုယ့်ထက် အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာနားလည် ထိန်းကျောင်းပေးတတ်သော မိန်းမ ။
(၃) ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မဝင်စားတတ်၊ ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ ။
(၄) အရာရာကို လွယ်လွယ် မယုံ ဉာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ် လုပ်ကိုင် တတ်သော မိန်းမ၊ ထိုအသိဉာဏ်အတွေ့အကြုံ လောကအမြင် များကိုလဲ သားသမီးများအား သွန်သင် လမ်းညွှန်ပြ နိုင်သော မိန်းမ ။
(၅) ဟိုးအောက်ဆုံး အဆင့် ကနေ ဟိုးအမြင့်ဆုံး အထိ ယောကျာ်းဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့အညီ လိုက်လျောညီစွာ နေထိုင်ပြုမူတတ်ပြီး ဘယ်ဘဝရောက်ရောက် ပေါင်းသင်းမည့် မိန်းမ ။
(၆) မာန်မာန မတက် ကြွားဝါးလိုခြင်း အလျဉ်း မရှိ။ ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ …။
(၇) အချက်အပြုတ်၊ အိမ်သန့်ရှင်းရေး၊ မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု၊ သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု စသဖြင့် အခြေခံ မယားဝတ် တရားများအား ကျေပွန်စွာ ထမ်းဆောင် နိုင်သော မိန်းမ ။
(၈) ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ ။
(၉) အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် အိမ်အလည်အပတ်များခြင်း၊ အင်တာနက်တွင် အလေလိုက်ခြင်း၊အချစ်ဝတ္ထုတွေ ဖတ်ခြင်း ၊ရုပ်ရှင်ကားတွေ ထိုင်ကြည့်ခြင်း စသည်တို့တွင် လိုတာထက်ပို၍ စိတ် ပါဝင်စားမှု မရှိသော မိန်းမ ။
(၁၀) ကိုယ်တစ်ဦးတည်းသာ အရမ်း ချစ်သော မိန်းမ ။
ရှိတော့ ရှိ တယ် ရှား ပါး တယ်။ ရှား တဲ့ အထဲ မိမိသာ ပါဝင် ပါစေ ။ ရတနာရှိရာ ရတနာလာပါတယ် ။
မူရင်း အားလေးစားလျှတ်
No comments:
Post a Comment