Thursday, 6 February 2020

စာဖတ်ခြင်းကပေးတဲ့ အကျိုးများ

၁-စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ တည်ငြိမ် ရင့်ကျက် တည်ငြိမ်လာ တတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာ နဲ့တွေ့တွေ့ မအံ့ဩတတ် ကြတော့ဘူး။

၂-အရာရာကို ကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွား လာပြီး တကယ်ပဲ ကျော်ဖြတ်ဖို့ အစီအစဉ်တွေ ချမှတ်လာနိုင်ကြ တယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့် တက် လာပြီး ကောင်းမွန်လွန် းလှတဲ့ အတွေးတွေေ ပါက်ဖွား လာပါတယ်။

၄-ဆုံးဖြတ်ချက်တွေ မှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့ အရာကို ချက်ချင်း ဆုံးဖြတ် နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလို စိတ်တွေ များလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့ လူတိုင်း မအောင်မြင်နိုင် ပေမယ့် ဘယ်တော့မှ မကျရှုံ းနိုင်ပါဘူး။

၇-စာဖတ် သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊ စိတ်ကူးစိတ်သန်း တွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့ အခါ ပြန်ပြီး အမှတ်ရေ စပါတယ်။
ဥပမာ..ကျန်းမာရေးစာပေေ တွဖတ်ထား သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး အခြေအနေ ဖြစ်လာတဲ့အခါ ဘယ်လို လုပ်ဆောင် ရမယ် ဆိုတာ သိလာ နိုင်ပါ တယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။

စကားဆိုတာ ပြောသင့်တဲ့ အချိန်၊မပြောသင့်တဲ့ အချိန်ရယ် လို့ ရှိပါတယ်။ လူတွေက ကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှ မပေးဘဲ ဆရာဝင် လုပ်နေမယ်၊

ပါလေရာ ငါးပိချက် လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို “လေကြီး”လို့ ဝိုင်းပြီ းခေါ်ဝေါ်သမုတ်ကြ ပါလိမ့်မယ်။ စကားကို ချင့်ချိန်ပြီးပြောဆို တတ်ဖို့လိုပါ လိမ့်မယ်။ စာအုပ်တွေ ဖတ်ပါ များလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာ ကောင်းနေပါ လိမ့်မယ်။

သင့်ပါးစပ်က ထွက်လာတဲ့ စကားလုံးတိုင်းဟာ တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့ စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင် ပါလိမ့် မယ်။

၁၀- ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ် တတ်လာပြီး၊ အပေါင်းအသင်းတွေ ကိုပါ ပြောင်းလဲ ပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့ သူလို့ ဂုဏ်ယူနေမယ် ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်း မှီသမျှ စာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့် တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ ဒါ့ကြောင့် များများဖတ်ပါ။ ဖတ်နိုင်သလောက် ဖတ်ပါ။ စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါ လိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစား ရတဲ့ လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာ စေပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ?

၁-အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို
ဖတ်ပေးသင့် ပါတယ်။ အဲ့လိုဖတ်ပေးခြင့်
ကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင် လာပါ လိမ့်မယ်။

၂-ပညာရပ်ဆိုင်ရာစာပေများ

အင်္ဂလိပ်စာ ကိုလေ့လာ ချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ

ဖတ်မကုန်အောင် တစ်ပုံတစ်ပင် ရှိပါတယ်။ စာရေးချင် သူတိုင်း အတွက် စာရေးနည်းနဲ့ ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃-စိတ်အားတက်ကြွစေမယ့် စာပေ

(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့ တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင် အဆုံးပေါများ လှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင် သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄-ရသစာပေ

ရသစာပေဟာ အင်မတန် ရိုင်းဆိုင်းလှတဲ့ လူတစ်ယောက်ကို ချက်ချင်းနူးညံ့ စေပါတယ်။ ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို တိုတို တုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ

လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်၊ မကောင်းတဲ့ အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့ စာပေ အမျိုးအစားပါ။

၅-ဟာသစာပေ

ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဉာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆-ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှုစတဲ့ ဂရုဏှာရှာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

ကျွန်တော်ရဲ့စာကိုဖတ်ပြီး ရင်ထဲမှာ ပြောချင်စရာ စကားများရှိနေပါက commentမှာ ချရေးခဲ့ပါ။

လေးစားစွာဖြင့်

Credit => ကိုရဲ (Bar Lar Lar)

No comments:

Post a Comment