Thursday, 6 February 2020

အရမ်းကို ချစ်တတ်ပေမယ့် အချစ်ရေးမှာ ကံမကောင်းဘူးဆိုတာ ဒီအချက်(၅)ခု ကြောင့်

အရမ်းတော့ ချစ်တတ်ပေမယ့် အချစ်နဲ့ပတ်သက်လာရင် ဘယ်တုန်းကမှ ကံမကောင်းခဲ့တဲ့ လူတစ်မျိုး ရှိပါတယ်နော်

အဲ့ဒီလိုမျိုး ကိုယ့်ဘက်ကချို့ယွင်းချက်ရယ်လို့မရှိပေမယ့် ဘာကြောင့် အချစ်ရေး ကံမကောင်းရ တာလဲဆိုတာ သူတို့ကိုယ်တိုင်လည်း နားမလည် နိုင်သလို၊

ဒီအတွက် အဖြေလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ အဲ့ဒီအချက်အတွက် အဖြေရှိလာပါပြီ။ သင့်အနေနဲ့ အရမ်းချစ်တတ်ပေမယ့် အချစ်ရေး ကံမကောင်းခဲ့ ဖူးဘူး ဆိုရင်

အဲ့ဒါဟာ ဒီအချက်တွေကြောင့် ဖြစ်ပါလိမ့်မယ်။ ဟုတ်၊ မဟုတ် တိုက်ကြည့် လိုက်ပါ ဦးနော်။

(၁) ပုံပြင်တွေကိုယုံနေတယ်

သင့်အနေနဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်နေပြီး ပုံပြင်ထဲကလို သင့်ကို လုံး၀ နားလည်ပြီး အချစ်ကြီးချစ်နိုင်မယ့်သူမျိုးရှိ လိမ့်မယ်လို့ မျှော်လင့်နေတတ်တယ်။

ပုံပြင်တွေထဲကလို အခက်အခဲတွေ အားလုံးကို ကျော်လွှားပြီး ပျော်ရွှင်စွာပေါင်းဖက်ကြလေ သတည်းဆိုတဲ့ အဆုံးသတ်မျိုးကို မျှော်လင့်နေတယ်၊

ဒီလိုမျိုး စိတ်ကူးယဉ် လွန်းနေတော့ လက်တွေ့ဘဝမှာ တွေးထားသလို မဖြစ်တဲ့ အခါ ကိုယ့်ကိုယ်ကို အချစ်ရေးကံမကောင်းဘူးလို့ ထင်လာ ပါတော့တယ်။

(၂) အသေးစိတ်ခံစားနေတယ်

အချစ်ရေးဆိုတာ အဆင်ပြေတာ လည်းရှိသလို၊ အဆင်မပြေတာ လည်းရှိပါတယ်။ ဒါကြောင့် အဆင်ပြေနေချိန်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး

အဆင်မပြေတဲ့ အခါတွေမှာလည်း စိတ်ကိုအဆင်ပြေအောင်ကြိုးစားပြီး ဖြတ်သန်းနိုင်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ အရာရာကို အသေးစိတ်ကအစ

ခံစားပြီး အလေးအနက်တွေ ဖီးလ်နေရင် သေချာပေါက် အထိနာပါလိမ့်မယ်။

(၃) ဂရုစိုက်တတ်လွန်းတယ်

ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့ စိတ်နဲ့ သူ့ရဲ့အရာရာကို ဂရုတစိုက်ရှိလွန်းတာ၊ အသေးစိတ်ကအစဂရုစိုက်ပေးလွန်းတဲ့အခါ ကြာလာရင်

သူ့ဘက်က ဒါတွေကို တန်ဖိုးမထားတော့ဘဲ သင့်အပေါ်မှာ ပစ်ပစ်ခါခါလုပ်လာပါလိမ့်မယ်။ ဒါကြောင့် အဆုံးမှာ ကိုယ့်ကိုယ်ကိုအရှုံးသမား တစ်ယောက်အဖြစ်မမြင်ချင်ရင်

တော်ရုံပဲဂရုစိုက်ပေးတတ်ဖို့လိုပါတယ် (လုံးဝဂရုမစိုက်ဖို့ပြောတာမဟုတ်ဘူးနော်) ။

(၄) ချစ်မိတဲ့အခါ အရာအားလုံးပေးလိုက်တယ်

လူတစ်ယောက်ကိုချစ်မိတဲ့အခါ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်ရဲ့အရာရာကိုပေးဖို့တွေးတတ်ကြပါတယ်။ ဒါကလည်း သိပ်တော့ မဟုတ်သေးပါဘူး။

ကိုယ့်ကိုယ်ကိုပျောက်ဆုံးခံပြီး တစ်ယောက်ယောက်ကိုချစ်တာက နောက်ဆုံးမှာ အချစ်ကံမကောင်းသူဖြစ်စေပါတယ်။

(၅) ကိုယ့်ချစ်သူတစ်ယောက်ကလွဲရင်ဘာကိုမှမမြင်တော့ဘူး

ကိုယ့်ချစ်သူကလွဲရင် တစ်လောကလုံးလူမထင်တတ်တဲ့ အရမ်းချစ်တတ်တဲ့သူတွေရှိပါတယ်။ တကယ်တော့ အရမ်းချစ်တာာကို သူသိအောင် ဒီလိုနည်းနဲ့ပြစရာမလိုပါဘူး။

ကိုယ်လုပ်နေကျအလုပ်တွေကို ပုံမှန်ပဲလုပ်ရင်း၊ ကိုယ့်အသိုင်းအဝိုင်းမှာပုံမှန်ပဲ လည်ပတ်ရင်းနဲ့ နေတတ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ချစ်သူတစ်ယောက်ကလွဲပြီး

ဘာကိုမှမမြင်တော့ဘူးဆိုရင်တော့ ဘယ်တော့မှ အချစ်မှာရှုံးနိမ့်နေတာမဆန်းဘူးလို့ ပြောပါရစေ။

Unicode

No comments:

Post a Comment