ကြိုတင်ပြင်ဆင်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ် ဆိုတာ ကြားဖူးပါ လိမ့်မယ်။ စုံတွဲတွေမှာ များသော အားဖြင့် တစ်ယောက်က ထိခိုက်လွယ် တတ်ပြီး အဲ့ဒီအတွက် သင်ပြင်ဆင် ထားသင့် တဲ့အရာတွေကို မြင်နိုင်အောင် ဖော်ပြလိုက် ပါတယ်။
အဆင့် ၁ : လတ်လတ် ဆတ်ဆတ် အချစ်
သင့်ရဲ့နံရိုးလေးကို ရရှိလိုက်တဲ့ ခဏလေး အတွင်းမှာ အားလုံးဟာ ပျားရည် လို ချိုမြနေ တယ်။ ချစ်သူလေးကိုတွေ့လိုက်တဲ့ အချိန်တိုင်းမှာ လိပ်ပြာလေးတွေ ဝဲနေပြီး အနမ်းလေးတွေ၊ အထိအတွေ့လေးတွေ အကုန်လုံးဟာ အရူးအမူးဖြစ်စေ တယ်။
မိနစ်တိုင်းသူ့ဆီက မက်ဆေ့လေးတွေ မျှော်နေမိ တယ်။ နဲနဲရူးကြောင်ကြောင် နိုင်ပေမဲ့ ဘယ်သူ့ဂရုစိုက်ရမှာလဲ.. အချစ်မှာ လူတိုင်းရူးကြတာပဲ။ အဲ့လိုတွေ ခံစားနေရတယ် ဆိုရင် သင်ဟာ လတ်လတ်ဆတ်ဆတ်အချစ် တစ်ခု ရှိနေတာ သေချာပါတယ်။
အခုခံစား နေရတာလေးကို မှတ်ထားလိုက်ပါ။ နောက်ကျရင် ဒီအမှတ် တရလေးတွေနဲ့ အချစ်ကိုပြန်လည်လန်းဆန်းအောင်လုပ်နိုင်အောင်လို့ပါ။
အဆင့် ၂ : အခြေကျသွားပြီ
တကယ့်ကို အတည် ဆိုတာသေချာသွားပြီ ဆိုရင် အဆင့် ၂ရောက်သွားပါပြီ။ လက်တွဲဖော်တွေဖြစ်သွားပြီ လို့လဲပြောလို့ရပါတယ်။ အဲ့ဒီအချိန်ဟာ ဘဝဟာ အမြဲတမ်း ပျော်စရာတွေပဲ ရှိနေတာ မဟုတ်ဘူးဆိုတာ သိလာမဲ့ အချိန်ပါ။
အချိန်တွေကို တက်နိုင်သမျှအတူတူကုန်မယ်။ အတွေးလေးတွေကိုပြောပြကြမယ်။ ချစ်သူလေးရဲ့ နေ့ဟာ အဆင်ပြေရဲ့လားမေးမယ်။
သူရဲ့အဖြေတွေကိုလည်း စိတ်ဝင်တစား နားထောင်မယ်။ ဒါပေမဲ့ လုပ်ရိုးလုပ်စဉ်တွေဖြစ်သွားခြင်းဟာ စိတ်လှုပ်ရှာ းစရာတွေရဲ့ ဖျားနာခြင်းပါ။ ခရီးသွားတာနဲ့ အခြေချ နေထိုင်ဖို့ သွားတာ ကွာသလိုပါပဲ။ ပန်းတိုင်ခြင်းတူပေမဲ့ တာဝန်တွေ ကတော့ လုံးဝကွဲပြားသွား ပါပြီ။
နှစ်ယောက်ကြားထဲက အလင်းရောင်လေးတွေ မှိန်မသွား ပါစေနဲ့။ နှစ်ယောက်တည်း လုပ်စရာလေးတွေ စဉ်းစားထားပါ။ လမ်းအတူတူ လျောက်တာလေးတွေ၊ ရုပ်ရှင်အတူတူကြည့်တာလေးတွေ လုပ်ပေးပါ။ နှစ်ယောက်ကြားက ကြိုးလေးကို ထိန်းသိမ်းထားပါ။ အဲ့ဒါလေးတွေက အရမ်းထူးခြားပြီး အရမ်းနူးညံ့သိမ်မွေ့ပါတယ်။
အဆင့် ၃ : လုပ်ရိုးလုပ်စဉ်တွေနဲ့ စိတ်ပျက်စရာတွေ တွေ့လာရခြင်း …
သင့်ရဲ့ ကိုယ်တစ်ခြမ်းအပေါ်မှာ ခံစားချက်တွေတော့ အပြည့်ရှိသေးတယ် ဒါပေမဲ့ နဲနဲတော့ကွဲပြားသွားတယ်။ အချိန်တွေ အတူတူ ကုန်ဆုံးရတာက အရင်ကလောက် စိတ်ဝင်စားစရာ မကောင်းတော့ဘူး။
တာဝန်တွေ၊ ကုန်ကျစရိတ်တွေ၊ အလုပ်ထဲမှာပဲနစ်နေတာတွေ၊ ကြည်နူးစရာတွေကြားထဲမှာ အိမ်အလုပ်တွေညပ်လာ တာတွေဟာ တစ်ခါတစ်လေမှာသင့်ကို ထောင်ချောက် မိနေသလို ခံစားလာ ရလိမ့်မယ်။ ဒီအချိန်ဟာ ကိုယ့်ရွေးချယ်မှု မှန်မှမှန်ရဲ့လားလို့ပြန်တွေးမိတဲ့အချိန်ပါပဲ။
Relationship တစ်ခုရဲ့ အန္တရာယ်အကြီးဆုံ းအပိုင်းဖြစ် ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းကိုအတူတူဖြတ်ကျော်သွားနိုင်ရင်တော့ နောက်ပိုင်းမှ ာအခက်အခဲကြီးကြီးမားမား မရှိနိုင်တော့ ပါဘူး။
မီးတောက်လေးငြိမ်း မသွားအောင် ဆက်ပြီး ကြိုးစားနေပါ။ သင့်ရဲ့ယခုလက်တွဲဖော်ဟာ အရင်အတည်းကသင်ချစ်ခဲ့တဲ့ သူပဲဆိုတာ မမေ့ပါနဲ့။ ရည်းစားဖြစ်ကာ စအချိန်က ကြည်နူးစရာလေးတွေကိုပြန်စဉ်းစားပါ။ နောက်ပြီး သင့်ဘဝဟာ ကလေးတွေ အတွက် ချည်းပဲ မဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အချိန်လေးတွေ လဲရှိသင့် ပါတယ်။
အဆင့် ၄: တည်ငြိမ်မှု …
ဒီအဆင့်ရောက် သွားရင်တော့ တစ်ယောက်ကို တစ်ယောက် အမှန်အတိုင်းမြင် နိုင်လာပြီး သင့်တို့ရဲ့ဆက်ဆံရေး အပေါ်မှာယုံကြည်မ ှုအပြည့်အဝ ရှိလာပါပြီ။ ပထမ အဆင့်တုန်းက လို တိမ်တွေပေါ်မှာ ကစားနေရသလို မျိုးခံစားမှုတွေ ရှိတော့မှာမဟုတ်ပေမဲ့ တတိယအဆင့်ရဲ့ ကံဆိုးမှုတွေဟာလည်း ပြီးဆုံးသွားပါပြီ။ တစ်ယောက်ကိုတစ်ယောက် လွတ်လပ်မှုလေးတွေပေးဖို့ လိုတာကိုလည်းနားလည်လာပါပြီ။ သင့်လက်တွဲဖော်မှာလည်း သူကြိုက်တာမကြိုက်တာလေးတွေ၊ ဝါသနာပါတာလေးတွေ၊ အကျင့်လေးတွေရှိမှာပဲ။ နှစ်ယောက်က နေရာတိုင်းမှာစိတ်တူကိုယ်တူဖြစ်နေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင်ပုံစံလေးနဲ့နေထိုင်ပြီး ကြိုးလေးကိုသာထိန်းသိမ်းထားပါ။
အဆင့် ၅: ကတိကဝတ်ပြုခြင်း …
ဒီအဆင့်အထိ ကိုရောက်လာပြီဆိုရင်တော့ ဂုဏ်ယူ ပါတယ်။ နှစ်ယောက်ဟာ တကယ့် တစ်သက်တာအဖွဲ့လေးသွားပါပြီ။ အရင်တုန်း ကလို ရူးရူးမိုက်မိုက် ချစ်တာလေးတွေ ကိုပြန်လို ချင်တာမျိုးတွေ ရှိတော့မှာမဟုတ်ပဲ လက်ရှိဆက်ဆံရေးနဲ့ အရမ်းကိုသက်တောင့် သက်သာ ရှိနေမှာပါ။
နဲနဲလေးပြောင်းလဲဖို့ကိုတောင် စဉ်းစားချင်မှာ မဟုတ်တော့ ပါဘူး။ တစ်ယောက်ချင်းစီရဲ့ အားနည်းချက်လေးတွေနဲ့ နှစ်ယောက် စလုံးဟာ ပြည့်စုံနေကြတာကို လက်ခံနိုင် သွားကြတယ်။
ချစ်ခြင်းတွေကို တစ်ဘဝလုံး ဘယ်လို ထိန်းသိမ်းခဲ့ လဲ ဆိုတာ သားသမီးတွေကို သင်ပေးပါ။ အခက်အခဲဆိုတာ သေချာပေါက် ရှိမှာပဲ ဒါပေမဲ့ အချစ်စစ် ဆိုရင်ဖြတ်ကျော် နိုင်မှာပါ။
သင့်မှာကော ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ အတွေအကြုံတွေ ရှိလား? အတွေ့အကြုံတွေမျှဝေခဲ့ပါဦး..
No comments:
Post a Comment