သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း
အဲဒီဂါထာ (၃)ပုဒ်က ရတနသုတ်မှာ ပါပြီးသား။ သစ္စာဆိုတာ ဖြစ်တယ်။
လောကမှာ …သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ လူတွေက သစ္စာဆိုမှု အင်မတန်မှ နည်းကြတယ်။
တကယ် ကိုယ့်ဟာကိုယ် သစ္စာဆိုပြီးတော့ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို တောင်းလို့ ရှိရင် သစ္စာရဲ့ စွမ်းအားဟာ ရှိတယ်။
မယုံရင်တော့ လုပ်ကြည့်ပေါ့။ တစ်ခါတည်း နဲ့တော့ ရချင်မှ ရမှာပေါ့။ ဘာဖြစ်လို့တုန်း ဆိုတော့ သစ္စာစကားဟာ မှန်ကန်ဖို့လဲ လိုအပ်တယ်။
မှန်မှန်ကန်ကန်လဲ ဆိုရ မယ်။ စိတ်စွမ်းအားတွေ အားလုံး အသုံးချပြီးတော့ လုပ်ဖို့ လိုအ ပ်တယ်။
သစ္စာဆိုတာ မှန်တာ ကိုပြောတာ။ ကိုယ့်ဟာ ကိုယ်လည်း သစ္စာဆိုလို့ရတယ်။ ကိုယ့်ဟာကိုယ် ဆိုရင် အမှားရှိချင် ရှိနေမယ် ။
ဒါကြောင့်မို့ …
ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆို ပုံကို ရတနသုတ် ကနေယူပြီး နံနက်ခင်းမှာ သစ္စာဆို နိုင်အောင်လို့ ဒီမှာထည့်သွင်း ထားတာ။
ဒါ မနက်မိုးသောက် အိပ်ရာက ထလာလို့ရှိရင် လုပ်ရမယ့် အလုပ် ကလေးတွေပဲ။
အလုပ်သွားပြီ၊တစ်ခုခု လုပ်ငန်းကိုင်တာတွေလုပ်ပြီ ဆိုလို့ရှိရင် အခုလို သစ္စာလေးဆိုပေါ့။
သစ္စာဆိုတာ ကိုယ့်အတွက် တင်မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင် အတွက်ပါ အကုန်ပါတယ်။ ကြည့်လေ…။
“ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဣဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဣဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”
ဘုရား၊ တရား၊ သံဃာနဲ့ ပါတ်သက်ပြီး သစ္စာဆိုပုံကိုကြည့်။ ဗမာလို အဓိပ္ပာယ်ကလည်း ရှင်းရှင်းပဲ။
“ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ်ဂသေု ဝါ ယံ ၊ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ်။
အဲဒီတော့ “ယံ ကိဉ္စိ ဝိတ္တံ”- လောကမှာ နှစ်သက်စရာ ကောင်းလှတဲ့ ပစ္စည်းဥစ္စာ၊ ဒီလူ့ပြည်မှာ ရှိတဲ့ဟာရော၊ တခြားလောကမှာ ရှိတာတွေရော၊ နတ်ပြည်မှာ ရှိတာတွေရော၊ လောကမှာ ရတနာတွေဟာ ကမ္ဘာမှာ ရှိတယ်။
“ယံံ ကိဉ္စိ”- ရှိသမျှ ရတနာတွေအားလုံး၊ “န နော သမံ အတ္ထိ တထာဂတေန”- မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။
လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာ ရှိတယ်။
ကမ္ဘာမှာရှိတဲ့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မြတ်စွာ ဘုရားတည် းဟူသော ရတနာကို မမီပါဘူး။ဒီလို ဆိုလိုတယ်။ အဲဒါဟာ မှန်ကန်သော စကားတစ်ခုဖြစ်တယ်။
“ဣဒမ်ပိ ဗုဒ်ဓေ ရတနံ”-
လောကမှာရှိတဲ့ ရတနာတွေထက် .. ပိုပြီးတော့ ထူးမြတ်တဲ့ ရတနာ၊ နှစ်သက်စရာကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာ
ဆိုတဲ့ ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့ တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်။ တရားမှာ ရှိတယ်၊ သံဃာမှာ ရှိတယ်။
အဲဒီမှန်သော စကားကို ဆိုရသောကြောင့် … သတ္တဝါတွေ ချမ်းသာကြပါစေ။ ဒါ “သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း” ပဲ။
အဲဒီတော့ နံနက်မိုးသောက် အလင်းရောက်တဲ့ အခါ ကိုယ့်အတွက်တင် မကဘူး၊ အများ သတ္တဝါတွေ
အတွက်ပါ သစ္စာဆိုပြီးတော့ မေတ္တာပွားတာဟာ အလွန်ကောင်းတဲ့ အလုပ်တစ်ခုပေါ့။
အဲဒီတော့ အလွန်ကောင်းတဲ့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရမှာပဲ။
နံံနက်ပိုင်းမှာ ဒီလိုလုပ်ဖို့အတွက် ရှေးဆရာတော်ကြီးတွေက ထိုထိုပါဠိတော်တွေကနေ ထုတ်နှုတ်ပြီးတော့ ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်။
ဒါကြောင့်မို့ိလို့ နေ့စဉ်နဲ့အမျှ ကောင်းကျိုး ချမ်းသာ တွေကို လိုချင်တယ်၊
တစ်နေ့တာ ဖြတ်သန်းတဲ့အခါမှာ နံနက်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊
နေ့လယ်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ ညနေပိုင်းမှာ ကောင်းကျို းချမ်းသာတွေ ရချင်တယ် ဆိုလို့ိရှိရင် ဒီအတိုင်း လိုက်နာကြရမယ်။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Unicode
No comments:
Post a Comment