Friday, 7 February 2020

အရပ်ရှည်ချင်ရင် ဒါတွေစားပေးပါ…

အရပ်ရှည်ခြင်း၊ ပုခြင်းဟာ မိဘမျိုးရိုးနဲ့ပဲ သက်ဆိုင်တယ် ဆိုတဲ့ အဆိုဟာ သိပ်တော့ မမှန်ကန် လှပါဘူး။ တကယ်လို့ သင်ဟာ မျိုးရိုးကြောင့် အရပ်ပုနေမယ် ဆိုရင်တောင် အရပ်ရှည် လာအောင်ကြိုးစားဖို့ အခွင့်အရေးရှိပါတယ်။

ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ကြိုးခုန်ခြင်း အစရှိတဲ့ အားကစား နည်းတွေက သင့်ကို အရပ်ရှည် လာအောင်ကူညီပေးမှာပါ။ ထို့အတူ အရပ်ရှည် ဖို့အတွက် စားသင့်တဲ့ အစားအသောက် ကောင်းများစွားလည်း ရှိပါတယ်။ အဆိုပါ အစားအသောက် တွေကတော့

(၁) ပဲပြား

ပဲပြားမှာ ကယ်ဆီယံ ဓာတ်ကြွယ်ဝစွ ာပါဝင် ပါတယ်။ သို့ပေမဲ့ ကယ်လိုရီပမာဏ အနည်းငယ်ပဲ ပါဝင်တဲ့အတွက် Diet လုပ်နေသူတွေ အတွက် အသုံးဝင် လှပါတယ်။

(၂) ဖရုံသီးစေ့

ဖရုံစေ့ဟာ ခန္ဓာကိုယ်က တစ်သျှုးတွေ ကျန်မာဖို့နှင့် တစ်သျှုး အသစ်တွေ မွေးဖွားလာဖို့ ကူညီပေးနိုင် ပါတယ်။ ဖရုံစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်ဟာ ခန္ဓာကိုယ်ကြီးထွားဖို့ အတွက် အထောက်အကူပြုပါတယ်။

(၃) ငါးအမျိုးမျိုး

ပင်လယ်ငါးတွေမှာ ပရိုတင်းနဲ့ ဗီတာမင်ဓာတ် များစွာပါဝင် ပါတယ်။ အထူးသဖြင့် ဆော်လမွန်နဲ့ တူနာငါးတွေမှာ ပါဝင်တဲ့ ပရိုတင်းနှင့် ဗီတာမင် ဓာတ်တွေဟာ အရပ်ရှည်ဖို့အတွက် အားဖြည့်ပေးနိုင် ပါတယ်။

(၄) ဥအမျိုးမျိုး

စူပါ အစားအစားဖြစ်တဲ့ ဥတွေမှာတော့ ဗီတာမင်ဒီနှင့် ကယ်ဆီယံဓာတ်ကြွယ်ဝ စွာပါဝင် ပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်ရရှိဖို့နဲ့ အရိုးတွေ သန်မာဖို့ အတွက် ဥအမျိုးမျိုးကို စားသုံးပေးသင့် ပါတယ်။

(၅) မုန်လာဥနီ

မုန်လာဥနီ မှာတော့ ဗီတာမင်စီနှင့် ဗီတာမင် အေဓာတ်များ အများအပြားပါဝင် ပါတယ်။ ဗီတာမင်အေဟာ အရိုးထဲမှ ကယ်ဆီယမ် ဓာတ်ကို တိုးမြင်ပေးပြီး အရိုးတွေ သန်မာကြီးထွားရန် အထောက်အကူပေးနိုင်ပါတယ်။ ထို့အပြင် မုန်လာဥနီဟာ မျက်စိ ကျန်မာရေး အတွက်လည်း အသုံးဝင် လှပါတယ်။

(၆) နို့အမျိုးမျိုး

နို့ဟာ အရပ်ရှည်ဖို့ အတွက် အကောင်းဆုံ းဓာတ်စာ ပါပဲ။ နို့မှာ ကယ်ဆီယမ် ဓာတ်များစွ ာပါဝင်ပြီး အရိုးတွေကျန်းမာ သန်စွမ်းဖို့ အတွက် အသုံးဝင် လှပါတယ်။ အရပ်ရှည်ချင်တယ် ဆိုရင်တော့ တစ်နေ့ကို နို့(၂) ခွက်မှ (၃)ခွက်လောက် အထိ သောက်သုံးဖို့ အကြံပြု လိုက်ရ ပါတယ် ။

(၇) ငှက်ပျောသီး

ငှက်ပျောသီးကို နေ့စဉ် စားသုံးပေးခြင်းဟာ ခန္ဓာကိုယ်ကြီး ထွားစေဖို့ အတွက် အထောက်အကူပြုပါတယ်။ အရပ်ရှည်စေနိုင်ပြီး အစာခြေစ နစ်အတွက်လည်း အသုံးဝင် လှပါတယ်။

ခရက်ဒစ်ဝီ

No comments:

Post a Comment