Tuesday, 11 February 2020

မင်း… ပုစိန်ကို သွေးရဲ့လား (မှတ်သားဖွယ် အတိုအထွာ)

မင်းပုစိန်ကိုသွေးရဲ့လား

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေ သည်။ မကြာမီ ထင်းခုတ်သမား အဘိုးအို တစ်ဦးလည်း ရောက်လာ ခဲ့သည်။

ထင်းများ ကို ခုတ်ကြရင်း ညနေစောင်းချိန် တွင် အဘိုးအို ၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့ သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး

သူ့ ထက် ထင်းပိုများနေသည် ကို သတိပြုမိသောလူငယ်က နောက်ရက် တွင် စောစောထပြီး ထင်းခုတ် ထွက်ရန် ဆုံးဖြတ် လိုက်သည်။

နောက်တစ်နေ့ တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက် ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည် ဟု တွေးနေ မိသည်။

သို့သော် အလုပ်သိမ်းချိန် တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည် ကိုတွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက် ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်

နေပြီး မိုးချုပ်နေဝင်မှ အိမ်ပြန် ခဲ့သော်လည်း သူ၏ ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့ သည်။

ခြောက် ရက်မြောက် နေ့တွင် သူသည် မအောင့်နိုင်သည့် အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။

” အဘိုး ကျွန်တော်က အဘိုးထက် အားသန်တယ် အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ် နောက်ကျမှ အိမ်ပြန်တယ်။

ဒါပေမယ့် ကျွန်တော် ခုတ်ရတဲ့ ထင်းက အဘိုးထက်နည်းနေခဲ့ တယ် ဘာကြောင့်လဲ”

“ဒီလို လူလေး အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ပုဆိန်ကို သွေးတယ်။ လူလေး က မသွေးခဲ့ဘူး။

အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။

ဒါပေမယ့် အဘိုးရဲ့ပုဆိန်က လူလေး ပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက် ခုတ်လို့ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက် ခုတ်ရတယ် ဒါကြောင့် လူလေးရဲ့ထင်းတွေ နည်းနေတာပါ”

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ် တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန် ကျရင် သိလာ လိမ့်မယ်”

လူ့ဘဝ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေ သလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေ နဲ့ ပေါများ နေသင့်တယ်။

အရင်ခေတ်တုန်းက တော့ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲ ခုတ်နေလို့ မလုံလောက် တော့ဘူး။

တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့် တယ်။ နို့ မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင် တယ်။

Credit to Original Writer

No comments:

Post a Comment