ဆရာဝန်တွေက အဲ့ဒိအမျိုးသမီး ဒုတိယ ကလေးမွေးတုန်းကလည်း ၅ လက်မလောက် ရှိတဲ့ အမွေး ထုံး တစ်ခုကို ထုတ်ပေးခဲ့ ဖူးပါတယ်။ ခွဲစိတ်ဆရာ ဝန်ခေါင်းဆောင် တာရှာနာရှရက် က “အူနံရံတွေ မှာ ကပ်နေတဲ့ ဆစ်ကောင်တွေက ကင်ဆာကိုဖြစ်စေနိုင်တဲ့ အကောင်တွေတော့မဟုတ်ပါဘူး။
သူတို့က လူသားတွေရဲ့ ကိုယ်ခန္တာထဲမှာ အတောင့်လေးတွေပုံစံနဲ့ နေကြတာပါ။ ပြီးတော့ အချွဲတွေနဲ့လည်းရောထွေးပြီး နေကြပါတယ်။ ဆစ်ကောင်တွေက ဒုက္ခပေးသလားလို့ မေးရင် အတိအကျပြောလို့မရပါဘူး။
အများအားဖြင့် အစာချေလမ်းကြောင်း ထဲက ဆစ်ကောင်တွေက အစာချေ လုပ်ငန်းကို အကူအညီ ပေးတာတွေလည်း ရှိပါတယ်။
အဲဒိ ဆစ်ကောင်တွေက သူတို့ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ လုပ်နေစဉ်အတွင်းမှာ အမွေးတွေကို ထုတ်လုပ်လေ့ ရှိပါတယ်”လို့ ဆိုတယ်။ အမျိုးသမီး သားအိမ်ထဲက အမွေးတွေက သူမရဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို အနှောက်အယှက် မပေးပါဘူး။
နောက်ပြီး သားအိမ်ထဲမှာ အခြားအနှောက်အယှက် ကိစ္စတွေလည်းမရှိခဲ့ပါဘူး။ အခုဟာက လေးအောင်စ လောက်ရှိပြီမို့လို့ အမွေရှည်ကြီး ဖြစ်လာလို့ ဗိုက်အောင့် လာတာ ဖြစ်တာပါ။ “ဒီလို အမွေးတွေ အူတွေ သားအိမ်တွေထဲကို ရောက်လာမယ် ဆိုတာ ဘယ်သူမှ ကြိုတင်ခန့်မှန်းလို့မရပါဘူး။
ဆစ်ကောင်တွေက ကလေးဘဝ ထဲက ဗိုက်ထဲမှာ ရှိတာပါ။ အမွေးတွေ ကလည်း ရုတ်တရက် ရှည်ထွက်လာတာပါ။ ၁၅နှစ်မှာလည်း ဖြစ်နိုင်တယ်။ ၃၀အရွယ်။ ၇၀ အရွယ်တွေမှာ လည်းဖြစ် နိုင်ပါတယ်”လို့ တာရှာ နာရှရက်ကေ ပြာပါတယ်။
-ဘင်းလို့ ခေါ်တဲ့ကြောင် ကလေးက အခြားအကောင်တွေလို ငါးတွေ ကြောင်စာတွေ ထမင်း ဟင်းတွေ မကြိုက်ဘဲ ထူးထူးခြားခြား ငှက်ပျော်သီးကို ကြိုက်နေလို့ အဝလွန်ကာ အန္တရာယ် ဖြစ်နိုင်တာမို့ သူ့သခင်ကစိုးရိမ်နေရ ပါတယ်။
ဘင်းက သူ့အမေ နို့ဖြတ် လိုက်ကတည်းက ငှက်ပျော်သီးကို အကြိုက်တွေ့ပြီး တရှိုက်မက်မက် စားလာခဲ့တာပါ။ သူက ငှက်ပျော်သီးကို လျှာနဲ့ လျက်ပြီး အရသာခံ စားတာပါ။
သူ့သခင်က သူ့ပုံကိုဓာတ်ပုံရိုက်ပြီး အွန်လိုင်ပေါ် တင်လိုက်တော့ လူတွေက သူ့ကို ဘင်လို့မခေါ်တော့ဘဲ ဘင်နားနား လို့တောင် ခေါ်နေကြပါပြီ။
-အိန္ဒိယနိုင်ငံ အိုဒီရှာ ခရိုင်က ကူမာရီနာရက် (၆၃နှစ်) ဆိုတဲ့အမျိုးသမီးက ဂင်းနစ်စံချိန်ဝင် ခြေချောင်းလက်ချောင်း အများဆုံရှိတဲ့ အမျိုးသမီးပါ။ သူမမှာ ခြေချောင်းလေး ၁၉ ချောင်းနဲ့ လက်ချောင်းလေး ၁၂ချောင်း ရှိလို့ သူမကို ရွာထဲက သူတွေက စုံးမလို့တောင် ခေါ် ကြပါတယ်။
အားလုံးစုစုပေါင်း ၃၁ချောင်းရှိပါတယ်။ သူမရဲ့အရင်က ဂင်နစ်စံချိန်မှာ ဒီဗန်ဒရာဆူသာက ခြေချောင်း ၁၄ချောင်း လက်ချောင်း ၁၄ ချောင်းနဲ့ ၂၀၁၄ က အများဆုံးစံချိန်တင် ထားတာပါ။
မောင်ယဿ REF: mirror .uk
No comments:
Post a Comment