Monday, 10 February 2020

အံဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကိုသက်သာစေမယ့်နည်းလမ်းများ

လူတိုင်းဟာ အန်ဆုံးပေါက်ခြင်းကြောင့် နာကျင်ခြင်းကို ခံစားဖူးကြ ပါတယ်။

အံဆုံးဆိုတာ တတိယမြောက် အံသွားကို ခေါ်ဆိုခြ င်းဖြစ်ပြီး အသက်၁၈ကနေ၂၅နှစ်အတွင်း ရင့်ကျက်တည်ငြိမ်သောအရွယ်မှာ ပေါက်တဲ့ သွားမို့ ပညာရှိသွား(wisdom tooth)လို့လဲတင် စားကြပါသေး တယ်။

အံဆုံးပေါက်လို့နာကျင်ခြင်းကိုလောလော လတ်လတ် ခံစားနေရ သူမျာ း အတွက် အောက်ဖော်ပြပါ နည်းလမ်းကောင်းလေးတွေက ကူညီပေးမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှုုကြည့် ပါနော်။

(၁)ဆားပြုတ်ရည်

ဆားဆိုတာ သဘာဝပိုးသတ် အာနိသင် ရှိသော ဆေးတစ်လက် ဖြစ်ပါတယ်။ ဆားကို ရေကြက်သီးနွေးမှာခပ်ထည့်ပြီး ထိုအရည်ဖြင့် ပလုတ်ကျင်း ပေးပါ။ သွားကိုက်ခြင်းနဲ့လည်ပင်းနာခြင်းများကို လျင်မြန်စွာ သက်သာစေပါ လိမ့်မယ် ။

ပလုတ်ကျင်း ရာမှာလဲ မိနစ်အနည်းငယ်ကြာအောင် ကျင်းဖို့ လိုပြီး တစ်နေ့ကို ၄ကြိမ်ခန့်ပြုလုပ် နိုင်ပါ တယ်။လွယ်ကူပြီး အကျိူးရှိသော နည်းတစ်လက် ဖြစ်ပါတယ်။

(၂)မုန့်ဖုတ်ဆိုဒါအနှစ်

အံဆုံးပေါက်ခြင်းကြောင့် ရောင်ယမ်းခြင်းကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျ သွားတိုက်ဆေးနဲ့ရောပြီး ပုံမှန်အတိုင်း သွားတိုက် ပါ။

အထူးသဖြင့် အံဆုံးနေရာသို့ ဖိတိုက်ပေးပါ။ နာကျင်ခြင်းကို မိနစ်အနည်းငယ် အတွင်း သက်သာစေ ပါတယ်။

(၃)ရေခဲကပ်ခြင်း

ရေခဲက ရောင်ယမ်းခြင်း အားလုံးကို သက်သာစေကြောင်း ကျွန်တော်တို့သိကြပြီး ဖြစ်ပါတယ်။ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး ၁၅မိနစ်ကြာအောင် အနားပေးပါ။ ထိုနည်းအတိုင်း အကြိမ်များစွာပြုလုပ်ပေးပါ။

(၄)လေးညှင်း

သွားကိုက်ခြင်းကို သက်သာဖို့ ရှေးခေတ် ကတည်းကပင် အသုံးပြုခဲ့ ကြပါတယ်။ နာကျင်သောနေရာပေါ်သို့ အုံပေးခြင်းဖြင့် နာကျခြင်းကို သက်သာစေ ပါတယ်။ အချိူ့ကလည်း လေးညှင်းဆီကို အသုံးပြုကြ ပါတယ်။

(၅)နနွင်း

နနွင်းမှာ ပါသောပိုးသတ် အာနိသင်ကြောင့် သွားနာခြင်းကို သက်သာစေ ပါတယ်။ ထိုမျှ မက သွားဖုံးယောင်ခြင်းကို သက်သာစေတဲ့ အပြင် ပိုးမွှားများကို လဲသေစေ ပါတယ်။

နနွင်းမှုန့်အနည်းငယ်ကို ရေနွေးထဲရောပြီး ပလုတ်ကျင်းရည် အဖြစ် အသုံးပြုပေးပါ။

(၆)ပူစီနံရွက်

သွားကိုက်သောနေရာသို့ ပူစီနံရွက် အနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။ သွားကိုက်ခြင်း အပြင် လည်ချောင်းနာခြင်းကိုပါသက်သာစေသော အစွမ်းရှိ ပါတယ်။

(၇)ကြက်သွန်နီ

ကြက်သွန်နီမှာ ပိုးသတ် အာနိသင်အပြင် ရောင်ယမ်းခြင်းကိုလျော့ပါးစေသော အာနိသင်ပါရှိတာမို့ သွားနာခြင်းကိုသက်သာစေပါတယ်။ နာကျင်နေသော အံဆုံးပေါ်သို့ ။ ကြက်သွန်နီအနည်းငယ်ကို ၁၅မိနစ်ခန့် အုံပေးပါ။

Writer- Dr Jue

No comments:

Post a Comment