ဗေ ဒင်လက္ခဏာ ပညာတွေ ဆိုတာက ဘုရားရှင် လက်ထက် ကတည်းက ရှိခဲ့တဲ့ အရာတွေဖြစ်ပြီး လူတွေရဲ့ ကြိုတင် မမြင်နိုင်တဲ့ ကံတရားကို တွက်ချက် ခန့်မှန်းပုံ ဖော်ပြီး မလုပ်သင့်တာ မလုပ်ရအောင်၊ အညံ့တွေပပျောက်အောင်၊ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။
ဗေဒင်ကြိုက်တဲ့ ပရိသတ်ကြီး အတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန် လောက်သာဖတ်ပါ တယ်ဆိုတဲ့သူတွေ အတွက်ရော တစ်ပတ်စာဗေဒ င်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေး လိုက်ပါတယ်။
March လ 21 ကနေ April 19 ရက်
အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေ အတွက်တော့ ဒီရက်ပိုင်းမှာ စိတ်တို စိတ်ဆတ် လွယ်နေမှာဖြစ်ပြီး အသိမိတ်ဆွေ အသစ်တွေနဲ့ ကြုံတွေ့ရင်းနှီးရနိုင်တယ်။
ဒီကာလမှာ သင့်ကို စိတ်ပိုင်းဆိုင်ရာရော အသိညဏ်ပိုင်းဆိုင်ရာပါ ရင့်ကျက်စေတဲ့ အတွေ့အကြုံတွေနဲ့ ကြုံတွေ့ရမယ်။ ဖြေရှင်းလို့မရတာတွေကို အတင်းဇွတ်ဖြေရှင်းဖို့မကြိုးစားပါနဲ့၊အချိန်ကုန်လူပန်းတာပဲ အဖတ်တင်မယ်။
ကိုယ်ပိုင်ဘဝနဲ့ ပတ်သက်ပြီး ပျော်စရာကောင်းတဲ့ သတင်းစကားတစ်ခုကြားရဖို့ရှိတယ်။ သူတပါးအတွက်အလုပ်လုပ်ပေးနေမယ့်အစား ကိုယ့်ဘာသာ လုပ်ငန်း တစ်ခုထော င်သင့်တဲ့ ကာလဖြစ်တယ်။
ခရီးသွားလာသင့်တဲ့ ကာလ မဟုတ်သေးဘူး။ အချစ်ရေးကတော့ တည်ငြိမ်နေမှာ ဖြစ်ပြီး ချစ်သူမရှိသေးတဲ့သူတွေက ချစ်သူရလာဦးမှာမဟုတ်ပါဘူး။
Taurus (April 20 -May 20)
Taurus ရာသီဖွားတွေဟာ အခုအချိန်မှာ ပြဿနာတွေေ ဖြရှင်းရာမှာ သတိထားသင့်တယ်။ မလိုအပ်တဲ့ စွန့်စားမှုတွေမလုပ်သင့်ဘူး။ အရေးကြီးတဲ့ တွေ့ဆုံမှုတွေ အစည်းအဝေးတွေ လုပ်ရာမှာ စကားအပြောအဆိုကို သတိထား သင့်တယ်။
အသံကြောင့် ဖားသေတဲ့ ပြဿနာမျိုးတွေ ဖန်တီးမိ နိုင်လို့ သတိပြုပါ။ အနာဂတ်အတွက် စီမံကိန်းကြိုချသင့်တဲ့အချိန်မှာ ကျရောက်နေတယ်။ ငွေရေးကြေးရေးမှာ ကြီးမားတဲ့ အခွင့်အရေးကြီး တစ်ခု ရဖို့ရှိ တယ်။ စိတ်ကူးယဉ်နေတာတွေကို လျှော့ပြီး လက်တွေ့ကျတဲ့ ဘဝမျိုးကို ရင်ဆိုင်ဖို့ ကြိုးစား သင့်တယ်။
အချစ်ရေးမှာတော့ ကိုယ်ချစ်တဲ့ သူနဲ့ နားလည်မှုတွေ လွဲ မှားနေပြီး ရှင်းလေရှုပ်လေ ပြဿနာမျိုးတွေ ရင်ဆိုင်နေရတတ်တယ်။ ခရီးဝေးတွေ သွားလာ သင့်တဲ့ အချိန်ကာလ မျိုး မဟုတ်ဘူး။
Gemini (May 21 – Jun 20)
အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် အရေးကြီးတွေ့ဆုံမှုတွေ စကားပြောဆို ရခြင်းတွေမှာ စကားပြောတာ သတိထားသင့် တဲ့ကာလပါ။ ပြောမှားဆိုမှားမဖြစ်အောင် ဂရုပြုသင့်တယ်။ အလုပ်ကို သေချာကြိုးစားပြီး ကိုယ့်တာဝန်ကိုယ် ယူမယ် ဆိုရင် အောင်မြင်မှုတွေ ခံစားရမှာဖြစ်ပြီး သတင်းကောင်းတွေကြားရနိုင်တယ်။
အသုံးနဲ့အဖြုန်းကို သတိထား ထိန်းချုပ် သင့်တယ်။ ကိုယ့်အတွက် အနစ်နာခံထားတဲ့ သူတွေ၊ကိုယ်ပျော်အောင်လုပ်ပေးဖူးတဲ့ သူတွေကို ကျေးဇူးဆပ်ပြီး ကိုယ်က ပြန်လည်ဂရုစိုက် သင့်တဲ့ အချိန်ကာလပါ။
အချစ်ရေးမှာတော့ ကတောက်ကဆလေးတွေ ဖြစ်နိုင်ပေမယ့် မကြာခင်ပဲ ပြန်အဆင်ပြေမယ်။ ချစ်သူမရှိတဲ့သူတွေက ကိုယ်ချစ်တဲ့ သူကို ဖွင့်ပြောသင့်တဲ့ အချိန်ကာလပါ။ ခရီးသွားလာသင့်တဲ့ အချိန်အခါကောင်းမှာ ကျရောက်နေတယ်။
Cancer (Jun 21- July 22)
Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မယ့် ကာလဖြစ်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်တွေချရာမှာ မလောပါနဲ့။ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။ ကိုယ့်ကိုစိတ်တိုအောင်လုပ်တဲ့ သူတွေနဲ့ ကြုံရနိုင်တယ်။
ငွေရေးကြေးရေးမှာ အသုံးအဖြုန်းလျှော့ချသင့်တဲ့ကာလပါ။ ဘဝမှာ လိုအပ်နေတဲ့ အပြောင်းအလဲတွေနဲ့ကြုံရနိုင်တယ်။ အကြံညဏ်သစ်တွေထွက်ပေါ်လာမယ်။ မျှော်လင့်ချက်တွေ၊ အကြံအစည်အသစ်တွေအောင်မြင်နိုင်မယ့်ကာလပါ။
အချစ်ရေးမှာတော့ ကိုယ့်ချစ်သူအပါအဝင် ကိုယ်နဲ့ရင်းနှီးတဲ့ သူတွေနဲ့ ဆက်ဆံရေးမှာ မာနကြောင့် အဖုအထစ်တွေ မဖြစ်သင့်ပဲ ဖြစ်နေတတ်တယ်။ ချစ်သူမရသေးတဲ့ သူတွေကတော့ ချစ်သူရမယ့်ကာလမဟုတ်သေးပါဘူး။ ခရီးသွားလာသင့်တဲ့ ကာလ မဟုတ်ဘူး။
Leo (Jul 23 – August 22)
Leo ရာသီဖွားတွေ အနေနဲ့ အခုရက်ပိုင်းမှာ အလုပ်နဲ့ ပတ်သက်ပြီး ခံစားချက်ကောင်းတွေ အကြံညဏ်ကောင်းတွေရမယ့် ကာလဖြစ်တယ်။ သတင်းကောင်းတွေကို အနားကလူတွေကို အလျင်စလို မပြောပြ ပါနဲ့ ကိုယ့်ကိုမနာလိုနေတဲ့ သူတွေ ရှိနိုင် တယ်။
ဘယ်လောက်ပဲ သေချာပိုင်နိုင် နေပါစေ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမချခင် အနည်းဆုံးတစ်ရက်လောက်တော့ အချိန်စောင့်ဆိုင်းသင့်တယ်။ နမော်နမဲ့ လုပ်မိတာ တွေကြောင့် အမှားအယွင်းတွေရှိနိုင်တယ်။
အချစ်ရေးမှာ ချစ်သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရခြင်းတွေ ရှိလာနိုင်ပြီး အဲဒီအရာတွေကပဲ သင်တို့နှစ်ဦးကို ဝေးကွာစေနိုင်သလို တစ်ဖက်မှာလည်း နှစ်ယောက်ကြားမှာ ပိုမိုနက်ရှိုင်းတဲ့ နားလည်မှုတွေ ရလာစေ နို်င်တယ်။ ခရီးသွားလာခြင်းတွေပြုသင့်တဲ့ ကာလဖြစ်လင့်ကစား သူငယ်ချင်းတွေနဲ့ အတူတူသွားလာခြင်းတွေ မလုပ်သင့်ဘူး။
Virgo (Aug 23 – September 22)
Virgo ရာသီဖွားတွေအတွက် ဒီရက်ပိုင်းမှာ အရှုံးတွေနဲ့ ရင်မဆိုင်ရစေဖို့ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး အလုပ်လုပ်တတ်ဖို့လိုမယ်။ ကိုယ့်ရဲ့ခံနိုင်ရည်ကိုစမ်းသပ်နေတဲ့လူတွေနဲ့ကြံနေမှာဖြစ်ပြီး စိတ်ရှည်သည်းခံသင့်တဲ့အချိန်ကာလဖြစ်တယ်။
ကျရှုံးခြင်းတွေ ဆုံးရှုံးရခြင်းတွေကို ရှောင်လွှဲနိုင်ဖို့ စိတ်ကူးအကြံဉာဏ် အသစ်တွေကြိုတင် စဉ်းစားနိုင် ဖို့လိုတယ်။ သူများကို ဒုက္ခပေးဖို့ကြံရွယ်နေတဲ့ စိတ်ကူးတွေကို လွှင့်ပစ် လိုက်ပါ။ ဘဝပျက်လောက်မယ့် ငွေကြေးဆုံးရှုံးမှုမျိုးနဲ့ ကြုံရနိုင်လို့ သတိထား သင့်တယ်။
စိတ်ကူးယဉ် ကမ္ဘာထဲမှာ ပဲပျော်မွေ့မနေပါနဲ့။ လက်တွေ့ဘဝမှာအံဝင်ဖို့ကြိုးစားရမယ့် အချိန်ကာလပါ။ အချစ်ရေးမှာတော့ အေးချမ်းပြီး ပျော်စရာကောင်းနေမယ်။ ခရီးသွားလာသင့်တဲ့ အချိန်ကာလမှာ ကျရောက်နေတယ်။
Libra (September 23 – October 22)
Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာ မမျှော်လင့်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရဖို့ရှိမယ်။ ဒါပေမယ့် အခက်အခဲတွေကိုကောင်းစွ ာဖြေရှင်းနို င်မယ်။ ပင်ပန်းနွမ်းနယ်နေပြီး စိတ်တိုင်းမကျမ ှုတွေနဲ့ ကြုံနေရမယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေမယ့် အချိန်ကာလ အပိုင်းအခြားကို ရောက်ရှိလာမယ်။
အချစ်ရေးမှာ ကိုယ့်ချစ်သူကြောင့် အောင်မြင်မှုတွေ ရဖို့ရှိတယ်။ ချစ်သူက အလုပ်ပိုင်း ဆိုင်ရာမှာ အကူအညီတွေပေးနေမယ်။ ချစ်သူမရှိသေးတဲ့ သူတွေကတော့ ချစ်သူရလာဖို့ မရှိဘူး။ ခရီးသွားလာသင့်တဲ့အချိန်ကာလဖြစ်တယ်။
Scorpio (October 23 – November 21)
Scorpio ရာသီဖွားတွေအနေနဲ့ အခုတလောမှာ အသိပညာအသစ်၊ ဉာဏ်ပညာအသစ်တွေရနေမယ်။ အလုပ်မှာအသစ်အသစ်တွေ သင်ယူရဖို့ရှိတယ်။ ကံကောင်းမှုတွေရမယ့် အချိန်ကာလမှာ ကျရောက်နေမှာဖြစ်တယ်။ ကိုယ့်ကို ဂရုမစိုက်အေ လးမထားတဲ့ သူတွေရှေ့မှာ ကြိုးစားပြဖို့ကြံစည်နေတာတွေကို ရပ်ပါ။
ကိုယ့်ကိုလိုသုံးလို့ သဘောထားတဲ့ သူတွေကို အကူအညီမပေး သင့်ဘူး။ ကိုယ့်အကြံအစည်တွေ ကို အနားကလူတွေကို အလောတကြီးမပြောပြပါနဲ့၊ မနာလိုသူတွေ ရှိနေတယ်။ အချစ်ရေးကတော့ အေးချမ်းတည်ငြိမ်နေမယ်။ ခရီးသွားလာသင့်တဲ့ အချိန်ကာလ မဟုတ်ဘူး။
Sagittarius (November 22 – December 21)
လက်ရှိအချိန်မှာတော့ အလုပ်ကို တကယ်ကြိုးစားပြီး ခေါင်းမရှောင်ပဲ လုပ်တတ်သူတွေ အဖို့ ကောင်းကျိုးတွေခံစားရဖို့ရှိတယ်။ အလောတကြီး ဆုံးဖြတ်ချက်တွေ ချရမယ့် အစည်းအဝေးတွေ၊ အလုပ်သဘောအရတွေ့ဆုံမှုတွေမှာ ပြောစကားတွေကိုအထူ းသတိထား သင့်တယ်။
စကားကျွံတာတွေဖြစ်နိုင်ပြီး အဲဒါကြောင့် ဒုက္ခကြီးကြီးတွေ့ဖို့ရှိတယ်။ မတည်နိုင်တဲ့ကတိတွေမပေးသင့်ဘူး။ အချိန်ကုန်လူပန်းဖြစ်မယ့် ပြဿနာတွေနဲ့ ရင်ဆိုင် ရနိုင်တယ်။ အချစ်ရေးကတော့ အိပ်မက်ထဲက အတိုင်း သာယာနေမှာဖြစ်တယ်။ ခရီးသွားလာခြင်းြ ပုသင့်တဲ့က ာလ မဟုတ်သေးဘူး။
Capricorn (December 22 – Jan 19)
အလုပ်မှာတော့ ကြံတိုင်းအောင်ဆောင် တိုင်းမြောက်ပြီး ပျော်ရွှင်နေမယ်။ အချစ်ရေးမှာ ခံစားချက်တွေများနေပြီး အသည်းကွဲနိုင်တဲ့ ကာလ ဖြစ်တယ်။ ချစ်သူမရှိသေးတဲ့ သူတွေ အတွက် ကိုယ်ချစ်တဲ့ သူကို ဖွင့်ပြောသင့်တဲ့ကာလ မဟုတ်သေးဘူး။ ခရီးသွာလာသင့်တဲ့ ကာလ မဟုတ်သေးဘူး။
Aquarius (January 20 – February 18)
သင့်အနာဂတ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့ ပြောင်းလဲမှုမျိုးကြုံတွေ့ရနိုင်တယ်။ အချစ်ရေးမှာတော့ ဘဝတစ်သက်တာလုံး လက်တွဲရမယ့် ဖူးစာရှင်နဲ့ ဆုံတွေ့ရနိုင်တယ်။ ခရီးသွားလာသင့်တဲ့အချိန်အခါကောင်းမှာ ကျရောက်နေတယ်။
Pieces (February 19 – March 20)
လက်ရှိမှာ သင်ကြိုးစားထား သလောက်အောင်မြင်မှု မရဘဲ ဖြစ်နေမယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာတွေနဲ့ ရင်ဆိုင်ရမယ်။ အရာအားလုံးကို လောပြီး လုပ်ရာကနေ အမှားတွေပါလာနိုင်တယ်။ နာမည်ကြီးကျော်ကြားသူတွေရဲ့အကူအညီတွေ ရမယ်။
အိမ်မှာပဲ ပျင်းနေတာတွေကို လျှော့ချပြီး လှုပ်ရှားသွားလာသင့်တဲ့ အချိန်ကာလဖြစ်တယ်။ အချစ်ရေးမှာတော့ ကိုယ့်အချစ်တွေ ကိုဖော်ပြဖို့ ခက်ခဲနေ တတ်တယ်။ ခရီးသွာလာသင့်တဲ့ အချိန်ကာလဖြစ်လို့ အပန်းဖြေ ခရီးတွေ ထွက်သင့်တယ်။
အခုဖော်ပြ သွားတာတွေ ကတော့ တစ်ပတ်စာ ဗေဒင်ဟော စာတမ်းဖြစ်ပါတယ်။ ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ ကိုက်ရဲ့လားဆို တာလည်း ဖတ်ရှုပြီးပြောခဲ့ကြ ပါဦး။ နောက်အပတ်တွေ မှာလည်းတစ်ပတ်စ ာဗေဒင်ဟော စာတမ်းတွေကို တင်ဆက်ပေးသွာ းမှာဖြစ်လို့ စောင့်မျှော်ဖ တ်ရှုကြပါဦး။
Credit
No comments:
Post a Comment