ယူနီကုတ်
အပ္ပါယ်လေးပါးသို့ လုံးဝပြန်မလာ တော့သော အလှူဒါနပြုနည်း အရှင်သာ ရိပုတြာမေးလျှောက် သဖြင့် တ်စွာားဖြေကြားသော အလှူဒါနပြုနည်း ၇ မျိုး။ အခါတပါး၌ မြတ်စွာဘုရားရှင်သည် စမ္ပာမြို့ ဂဂ္ဂရာမည်သောရေကန်နီး
သီတင်းသုံးနေတော်မူ ၏။ ထိုသို့ သတင်းနေတော် မူသော အခါ ဥပုသ်နေ့ တစ်နေ့၌ ရှင်သာရိ ပုတ္တရာသည်တ်စွာဘုရား ၏တရားကို ကြားနာလိုသော ဥပသကာ တို့နှင့် အတူ မြတ်စွာ ဘုရားထံ ချဉ်းကပ်၍ ဤကဲ့သို့မေးာက်၏။
“အရှင်ဘုရား ဒါနချင်းတူ ပါလျှက် အချို့အကျိုးကြီးပြီး၊ အချို့ အကျိုးမကြီးသော အလှူဒါန ဟူ၍ ရှိပါသလာား”ဟု မေးလျာက်၏ ။ မြတ်စွာဘုရားရှင် ကလည်း“သာရိပုတ္တရာ ထိုကဲ့သို့သော အလှူဒါန သည် ၏”။“အရှင်ဘုရား
ထိုကဲ့သို့ ဒါနချင်းတူ ပါလျှက် အကျိုးပေး မတူခြင်းသည် ဘယ်လိုအကြောင်းကြောင့် ပါ နည်းဘုရား”ဤသို့ ရှင်သာရိပုတ္တရာက မေးလျှောက်သော အခါ။ မြတ်စွာဘုရားရှင်က အောက်ပါ အတိုင်း ဖြေကြားတော်မူ သည်။
ချစ်သားသာရိပုတြာ-၁။ အချို့သော လူတို့သည် ငါ၏ အလှူဒါနသည် တမလွန်ဘဝ၌ ကောင်းကျိုးတွေ ပြန်ခံစားရမှာဘဲ ဟု စိတ်ကထိုသို့ အာရုံပြု၍ ပေးလှူ၏။ ထိုသို့ အာရုံပြု၍ပေးလှူသော သူသည် ထိုကုသိုလ်ကံ အကျိုးပေး
သော ဘဝ၌ စတုမဟာရာဇ် နတ်ပြည် သို့ရောက်၍ ထိုကုသိုလ်ကံ ကုန်သော အခါ လူပြည် နဲ့ အပ္ပါယ်လေးပုံသို့ ပြန်လာရ၏။
၂။ အချို့သောသူတို့သည်- ဘုရားအစရှိသော အရိယာ သူတော်ကောင်း တို့သည် ကုသိုလ်ကောင်းမှု့တွေပြုကြ၏ ငါတို့လဲ ကုသိုလ်ကောင်းမှုတွေ ပြုပေအံ့ဟု နှလုံးသွင်း၍ ကုသိုလ်ပြု ကြ၏။
ကုသိုလ်ကောင်းမှု့လုပ်ရတာကောင်းတယ် ဟု ယုံလည် ယုံကြည် ကြ၏ ထိုသူတို့သည် ထိုကုသိုလ် အကျိုးပေးသော
အခါ တာဝတိံသာ နတ်ပြည်သို့ရောက်ရ၏။ ထိုကုသိုလ်ကံကုန်သောအခါ လူ့ပြည် နဲ့ အပ္ပါယ်လေးဘုံကို ပြန်လာရ၏ ။
၃။ အချို့သောသူတို့သည် မိဘဘိုးဘွားများ ပြုခဲ့သော ကုသိုလ်ကောင်းမှု့အတိုင်း မိဘဘိုးဘွားများ အစဉ်အလာကိုမဖြတ်ဘဲ မိဘ ဘိုးဘွားတွေ ဂုဏ်မညိုးစေဘဲ မိဘ ဘိုးဘွားတွေ ကိုပါ အလေးထားပြီးသကဲ့သို့ ခင်ပွန်းကြီး ၁၀ပါး ကို အလေးထားသည် ဖြစ်၍ ပေးလှူကြ၏။
ထိုကုသိုလ်ကံ အကျိုးပေးသော အခါ ယာမာနတ်ပြည်သို့ ရောက်ရ၏။ ထိုကုသိုလ်ကံကုန်သောအခါ လူပြည် နဲ့ အပ္ပါယ်လေးပါးသို့ ပြန်လာရ၏။
၄။ အချို့သော သူတို့သည် ငါသည် ချက်ပြုတ် စားသူဖြစ်၍ ချက်ပြုတ် မစားသော သမဏ၊ ဗြဟ္မဏတို့အား မလှူဘဲနေရန် မသင့်ဟု
နှလုံးသွင်း၍ အလှူကိုပေးလှူ၏။
(သမဏ= ကိလေသာကို ငြိမ်းစေသူ) (သမဏဗြဟ္မဏ=သူတော်သူမြတ်၊သူတော်ကောင်း၊)
ထိုသူသည် ထိုကုသိုလ်ကံ အကျိုးပေးသော အခါ တုသိတာ နတ်ပြည် သို့ရောက် ရ၏။ ထိုကံကုန်သောအခါ လူုပြည် နဲ့ အပ္ပါယ်လေးဘုံးသို့ပြန်လာ ရ၏
၅။ အချို့သောသူသည် ငါ၏ လှူဒါန်းပေးကမ် းမှုသည် အဋ္ဌကရသေ့၊ ဝါမကရသေ့ စသော ရှေးခေတ်ရသေ့ကြီးများ၏ ယဇ်ပူဇော်ပွဲကြီးများ ဖြစ်လိမ့်မည်ဟု နှလုံးသွင်း၍ အလှူကိုပေးလှူ၏။
ထိုကုသိုလ်ကံ အကျိုးသော အခါ နိမ္မာနရတီ နတ်ပြည်သို့သွားရအံ့။ ထိုကုသိုလ်ကံကုန်သောအခါ လူပြည် နဲ့ အပ္ပါယ်လေးပါးသို့ ပြန်လာရပေ၏။
၆။ အချို့သောသူသည် အလှူကိုပေးလှူလျှင် ငါ့မှာ စိတ်ကြည်လင်မှု၊ နှစ်သက်ဝမ်းမြောက်မှု ဖြစ်လိမ့်မည်ဟု နှလုံးသွင်း၍ အလှူကိုပေးလှူ၏။
ထိုကုသိုလ်ကံ အကျိုးပေးသော အခါ ပရနိမ္မိတဝသဝတ္တိနတ်ပြည်သို့ ရောက်ရ၏။ ထိုကံကုန်သောအခါ လူပြည် နဲ့ အပ္ပါယ်လေးပါးသို့ ပြန်လာရ၏။
၇။ အချို့သောသူတို့သည် သမထ ဝိပဿနာ အားထုတ်ရာမှာ သမာဓိမရ၊ ကျင့်ကြံမှု၌ မပေါက်မြောက်သည်ဖြစ်၍ စိတ်ကို တည်ကြည်စေရန်၊ တရားရစေရန် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်စေရန် အလှူဒါနကို ပေးလှူ၏။
သာရိပုတ္တာ-
ထိုသူသည် ထိုကုသိုလ်အကျိုးသော
(အကျိုးပေးသောဘဝ)၌ ဈာန်ရ၏။ ဗြဟ္မာ့ပြည်သို့ရောက်ရ၏။ အရိယာမဂ်ကိုလည်းကောင်း၊ ဈာန်ကို
ည်းကောင်း ရစေ၍ဗြဟ္မပြည်၌ပင် မဂ်ဖိုလ်ကို ရ၍ နောက်ဆုံး၌ နိဗ္ဗာန်ဝင်ရ၏။
သီလကိုလဲ ထိုကဲ့သို့စိတ်ထားဖြ င့်ပြုလုပ်ပါ၊ သမထကိုလဲ ပြုလုပ်ပါလို့ မြတ်စွာဘုရားရှင်က ရှင်သာရိပုတ္တရာနှင့် ဥပသကာတို့အား မိန့်ကြာတော် မူ၏။
No comments:
Post a Comment