Monday, 17 February 2020

ရှမ်းပြည်နယ်က ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်

ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ဒေသမှာ တည်ရှိပြီး ဉာဏ်တော် အမြင့်ပေ ၄၃ ပေ၊

တင်ပလ္လင်ခွေ အကျယ် ၃၆ ပေ ကျယ် ရှိကြောင်း သိရပါ တယ် ။
ဒီ နှီးဘုရားကြီးကို မိုင်းဖုန်း ဆရာတော် ဘုရားကြီးရဲ့ ဦးဆောင်မှုနဲ့ တည် ထား တဲ့ နှီးဘုရားကြီးဖြစ်ပြီးပန်လင်းဆိုင် ရွာသူ၊ ရွာသား ၁,၀၀၀ ကျော်တို့က ဝါးခွဲခြင်း၊

နှီးသယ်ခြင်း၊ နှီးဖျာခြင်း စတာတွေကို ညီညီညာညာနဲ့ လုပ် အား ပေး ခဲ့ ပါ တယ် ။

အချိန် ၆ လကျော်ခန့် ဘုရား ကိုယ်ထည်ကို တည်ဆောက်ခဲ့ ရကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြထား ပါ တယ် ။
ဒီ နှီးဘုရား တဆူလုံးကို ရက်ဖို့ အတွက် ရွာသားများ နှီးတွေ ဖျာပေး ထားပြီး အသင့်ဖျာထးာတဲ့ နှီးတွေကို သံဃာတော် ၁၇ ပါးက ရက်ပေါင်း၂၀ ခန့် ရက်လုပ် ခဲ့ ရ တယ် လို့ သိ ရ ပါ တယ် ။

အခုလို အင်မတန်မှ ကြည်ညို သပ္ပါယ် ဖွယ်ကောင်းတဲ့ နှီးဘုရားကြီးကို အများပြည်သူ ဖူးမျှော် နိုင် ဖို့ တင် ဆက် ပေး လိုက် ပါ တယ် ။ ေ လးစ ား စွာ ဖြင့် ခ ရက် ဒစ် မူ ရင်း အ ချိန် ပေး ဖတ် ရှု ပေး တဲ့ ပ ရိတ် သတ် များ ကို ကျေး ဇူး အ ထူး တင် ရှိ ပါ သည် ။

No comments:

Post a Comment