ထန်းရည် ဆိုတာက ထန်းသီးကနေရတဲ့ အရည် မဟုတ်ပါဘူး။ ထန်ဖူး ကနေရတဲ့ အရည်ပါ။ ထန်းရည် ကို သောက်စရာ တစ်ခုအနေနဲ့သောက်လာခဲ့တာ ဟိုးအရင် ကတည်းက ပါ။ ထန်းရည်မှာ အချိုနဲ့ အခါးဆိုပြီး ရှိပါတယ်။
ဒီထန်းရည်က သဘာဝဆေးတစ်ခု အနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေး နိုင် ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေး အကျိုးကျေးဇူးများ တဲ့ သောက်စရာ တစ်ခုလို့ပြောပါရစေနော်။
ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေ ရနိုင်ပါတယ်
ထန်းရည်မှာ အာဟာရဓာတ် အနေနဲ့
ဆူးခရို့စ်
ပရိုတင်း
Ascorbic acid
အမျှင်ဓာတ်
အမိုင်နိုအက်ဆစ်
ဗီတာမင် C နဲ့
ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ထန်းရည်က ချိုပြီး အရသာရှိ သလို အာဟာရနဲ့ဗီတာမင်တွေ လည်း ပါဝင်နေတဲ့ သဘာဝရဲ့လက်ဆောင် သောက်စရာ တစ်မျိုးပေါ့။
အမြင်အာရုံကောင်းစေတယ်
ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင် ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံ ကို ကျန်းမာစေနိုင် ပါတယ်။
အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်
ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓာတ် နဲ့ ဗီတာမင် B တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေး ပါတယ်။
ခန္ဓာကိုယ်ကဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်ပေးသလို တစ်ရှုးတွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင် စွမ်းလည်း ရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြား နဲ့ ခြေသည်းလက်သည်းတွေ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေး တစ်မျိုးပေါ့။
နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးတယ်
ထန်းရည်ကို နေ့တိုင်း တစ်ခွက်စီလောက်သောက်ပေးမယ် ဆိုရင် နှလုံးကျန်းမာစေတာ အမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျ စေနိုင်ပါ တယ်။ ဒါပေမယ့် သတိထားရမယ့် အချက်တစ်ခုက ထန်းရည်အများကြီး သောက်တာက အသည် းထိခိုက် နိုင်တယ်ဆိုတာပါ။
နို့ထွက်များစေနိုင်တယ်
နိုပထွက်နည်းတဲ့ မိခင်တွေ အတွက် သောက်ပေးလိုပရတဲ့ သဘာဝနို့ရွှင်ဆေး တစ်လက်ပေါ့။ ဒါကြောင့် နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ သောက်ပေးလို့ ရပါတယ်နော်။
ဒါတွေတင်မကပါဘူး။ ထန်းရည်က ကိုယ်အလေးချိန် ချချင်သူတွေ အတွက်လည်း စဉ်းစားသင့်တဲ့အချက် တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလို သူတွေ အတွက် လည်း သင့်တော်ပါတယ်။ ဦးနှောက်ကို ကျန်းမာစေ နိုင်ပါတယ်။
သွားဖုံးရောဂါတွေ ကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုပြေလျော့စေ နိုင်ပါတယ်။ သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေ ပါတယ်။
ပင်ကျရည် စစ်စစ်လေးသောက်ပြီး အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်ပါနော်…….
No comments:
Post a Comment