ဒီဂုဏ်ပြုပွဲလေးကိုတော့ အေးမြဖြူတက်ခဲ့တဲ့ အမေ့အိမ်ဘော်ဒါဆောင်က ပြုလုပ်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ အေးမြဖြူဟာ ၂၀၂၀ ခုနှစ်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်လာတာဖြစ်ပါတယ်။ အသက်အငယ်ဆုံး မြန်မာအိုင်ဒေါပြိုင်ပွဲဝင်အဖြစ် သတ်မှတ်ရမယ့် အေးမြဖြူဟာ အရွယ်နဲ့မလိုက်အောင် အသံအားကောင်းသူဖြစ်ပါတယ်။ မြန်မာသံနဲ့ ခေတ်ပေါ်တေးဂီတ သီချင်းတွေကိုပါ သီဆိုနိုင်သူတစ်ဦးဖြစ်တာကြောင့်လည်း မြန်မာနိုင်ငံရဲ့ ပရိသတ်အများစု အားပေးမှုကို ရရှိခဲ့တာပါ။
အမေ့အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းက ထူးချွန်သူ အနုပညာရှင်အေးမြဖြူနဲ့ အနုပညာမျိုးဆက်သစ်လေးတွေကို ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပါတယ်။ ဒီဂုဏ်ပြုပွဲမှာ အေးမြဖြူရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များဖြစ်သော အနုပညာရှင်များရဲ့ ဖျော်ဖြေမှုနဲ့ အေးမြဖြူရဲ့ ဖျော်ဖြေမှုတို့ပါဝင်ခဲ့ပါတယ်။ ပွဲတက်လာတဲ့ ပရိသတ်တွေ အံ့အားသင့်ရလောက်အောင်ဖြစ်ခဲ့တာကတော့ အေးမြဖြူကို ဂုဏ်ပြုခဲ့တဲ့ ဂုဏ်ပြုဆုတွေပဲဖြစ်ပါတယ်။
အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းက အေးမြဖြူအတွက် ဆွဲကြိုးအပြင် ခရမ်းဆွဲလက်စွပ်တစ်ကွင်း ၊ ငွေစက္ကူ ၃၈၀၀၀၀ ဖိုးပါတဲ့ ပန်းစည်း တို့ကို ဂုဏ်ပြုခဲ့ပါတယ်။ ၃၈ ဖြာမင်္ဂလာနဲ့ပြည့်စုံနေအောင် ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အေးမြဖြူအတွက် ပထမထပ်တိုက်ခန်းတစ်ခန်းကိုပါ အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းက ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။ လေးစားဖို့ကောင်းလှတဲ့ ဆရာ/ဆရာမတွေရဲ့ စိတ်ဓာတ်လေးပဲဖြစ်ပါတယ်။
ပညာရေးမှာသာမက အနုပညာမှာပါ ထူးချွန်လွန်းတဲ့ အေးမြဖြူတစ်ယောက် အနုပညာလမ်းပေါ်မှာ ပိုမိုအောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ပါစေ'
No comments:
Post a Comment