ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့သူဖြစ်ပါစေ အချစ်မပါတဲ့ဘဝကြီးက တခါတလေတော့ အထီးကျန်စေမှာပါ။ လူတိုင်း လူတိုင်းက ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ နေ့ရက်တိုင်းမှာ အမျိုးစုံသောချစ်ခြင်းတွေနဲ့ ဖြတ်သန်းနေကြပါတယ် ။
မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူရည်းစားအချစ် အစရှိသဖြင့် ချစ်ခြင်းတွေထဲကမှ ချစ်သူရည်းစားအချစ်အကြောင်းကို အဓိကထားပြီး ကြည့်လိုက်ကြရအောင်နော် ။
ချစ်သူအတွဲ တော်တော်များများက အချိန်ကြာကြာ မတွဲဖြစ်တတ်ကြဘဲ ပြတ်စဲသွားကြတာ ဘာကြောင့်ပါလဲ။ တချို့တွေကရော ဘာလို့ အကြာကြီး တွဲဖြစ်သွားတာလဲ ?
ဆိုတော့ကား ကိုယ့်ရဲ့ Relationship ကို အဆင်ပြေပြေ နဲ့ ရေရှည်တည်ဆောက် နိုင်ဖို့ ဒီအချက်တွေကို လိုက်နာ သင့်ပါ တယ် ။
၁။ နှလုံးသားထဲက ချစ်လွန်းလို့ အတူတူရှိချင်တာ ဖြစ်ပါစေ။ အခြားအကြောင်းအရင်း၊ ဖိအားတွေကြောင့် ဆက်တွဲနေတာမျိုး မလုပ်သင့်ပါဘူး ။
၂။ အချင်းချင်း ဖြစ်နိုင်မယ့်ကိစ္စကိုသာ မျှော်လင့်ချက်ထားပါ။ တချို့သော ရိုမန်တစ်ဆန်တဲ့ပုံစံမျိုးတွေက တဖက်လူအနေနဲ့ လိုက်လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး ။
၃။ အချင်းချင်း Respect မရှိရင်တော့ ရေရှည်အဆင်ပြေဖို့ မဖြစ်နိုင်ပါဘူးနော် ။
၄။ ပွင့်ပွင့်လင်းလင်း ရှိဖို့က အရေးကြီးဆုံးပါ။ အထူးသဖြင့် နာကျင်ရတဲ့ကိစ္စမျိုးတွေပေါ့။ ဥပမာ – ဒီလိုမျိုးပြောတဲ့အခါ စိတ်မကောင်းဘူး၊ ဒီလိုပစ်ထားရင် အရမ်းဝမ်းနည်းရတယ် အစရှိသဖြင့်ပေါ့ ။
၅။ ကိုယ့်ကိုကိုယ် ပျော်အောင်နေပါ။ တစ်ဖက်လူက ကိုယ့်ကို ပျော်အောင် လုပ်ပေးရမယ်ဆိုတဲ့ မဖြစ်မနေတာဝန်မျိုး သူ့မှာ မရှိပါဘူး။ ကိုယ်ပိုင်ဘဝအသီးသီးမှာ ပျော်နေမယ်ဆိုရင် နှစ်ဦးလုံးရဲ့ Relationship ကလည်း ပျော်ရွှင်နေရမှာပါ ။
၆။ ချစ်သူရည်းစားကို အရမ်းချုပ်ချယ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုတာ လူတိုင်း လိုအပ်ပါတယ် ။
၇။ စတွဲတုန်းကလို မဟုတ်ဘဲ ပြောင်းလဲသွားတဲ့ သူ့ပုံစံကို လက်ခံပေးနိုင်ရပါမယ်။ ဥပမာ – ဆံပင်ပုံစံပြောင်းလိုက်တာ၊ ဝလာတာ အစရှိသဖြင့်ပေါ့ ။
၈။ ချစ်သူရည်းစားဘဝဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်ပါ။ ဒါကြောင့် ရန်ဖြစ်ရတဲ့ အခါ ဖြစ်ပြီး ပြန်လည်ပြေလည်ဖို့ ကြိုးစားသင့် ပါတယ်။ ရန်ဖြစ်ရလို့ စိတ်ပျက် သွားတဲ့ အဖြစ်မျိုး မလုပ်သင့် ပါဘူး။
၉။ ပြဿနာသေးသေးလေး aတွ တဖြည်းဖြည် းစုပုံ လာပြီး ပြတ်ကြ၊ဆဲကြတဲ့ အထိ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ဒီကိစ္စက သေးသေးလေးပါ။ ဘာမှ မဟုတ်ပါဘူ းဆိုပြီး ပစ်မထားပါနဲ့နော် ။
ချစ်ရသူတိုင်း ပျော်ရွှင်ကြပါစေ . . . .
Scarlett
ခရက်ဒစ် ဝီ
No comments:
Post a Comment