Sunday, 2 February 2020

ငိုကြွေးခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူး ၆ ခု

သင့်ရင်ထဲမှာ စိတ်ခံစားမှုတွေ များပြီး နာကျင်လွန်းနေရင် ကျိတ်မှိတ် မျိုသိပ် မထားပါနဲ့။ ငိုချလိုက်ပါ။ငိုတယ်ဆိုတာဟာ လူသားတိုင်း ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက် အလိုက် အလိုအလေေ လျာက်ခန္ဓာကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်ချက် တစ်ခုပါပဲ။

သိပ္ပံနည်းကျေ လေ့လာတွေ့ရှိမှု အရကတော့ ငိုကြွေးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး ၆ မျိုးကို ရရှိ လာပါတယ်လို့ ဆိုထား ပါတယ်။

၁။ အဆိပ်အတောက် တွေကို ဖယ်ရှားပေးတယ်

ငိုကြွေးခြင်းက စိတ်ပေါ့ပါး သွားစေရုံတင် မကပါဘူး။ ခန္ဓာကိုယ်ကိုလည်း သန့်ရှင်းစေ ပါတယ်။ စိတ်ဖိစီးမှုတွေ များလာရင် ကော်တီစောလ်ဟော်မုန်း မြင့်တက်လာပြီး ခန္ဓာကိုယ် အတွင်းမှာ ဓာတုအဆိပ်အတောက်တွေ ဖြစ်စေပါတယ်။

ငိုကြွေးတဲ့ အခါမှာ စိတ်ဖိစီးမှုတွေ လျော့ကျ သွားတာကြောင့် ဒီ အဆိပ် အတောက်တွေကို အလိုလို ဖယ်ရှား ပေးလိုက်သလို ဖြစ်သွား ပါတယ် ။

၂။ ဘက်တီးရီးယားတွေကို သေစေနိုင်တယ်

မျက်ရည်ထဲမှာ လိုင်ဆိုဇိုင်းမ် (lysozyme) လို့ ခေါ်တဲ့ အင်ဇိုင်းမ် တစ်မျိုး ပါဝင်ပါ တယ်။ အဲဒီ အင်ဇိုင်းဟာ လူ့ခန္ဓာကိုယ်ကနေ ထွက်တဲ့ နို့ရည်၊ အဆီ၊ အကျိအချွဲနဲ့ တံတွေးတွေ မှာလည်း ပါဝင်ပြီး ၁ဝမိနစ် အတွင်းမှာ ဘက်တီးရီးယား ၉၅ % လောက် ကို သေစေနိုင်ပါ တယ်။

၃။ အမြင်အာရုံကို ပိုမို ကောင်းမွန်စေတယ်

မျက်လုံးအမြှေးပါးလေးတွေ ခြောက်နေတဲ့ အခါမှာ အမြင်အာရုံတွေ ဝေဝါး လာတတ်ပါ တယ်။ လာခရီမယ်ဂလင်း (lacrimal gland) ကနေ ထွက်လာတဲ့ မျက်ရည်ဟာ မျက်လုံးနဲ့ မျက်ခွံ ကြားမှာ ချောဆီအဖြစ် ဆောင်ရွက်ပေးပါတယ် ။

ဒါကြောင့် မျက်ရည်တွေနဲ့ ငိုပြီးတဲ့ အခါမှာ မျက်လုံးလေးတွေ ပိုပြီး ကြည်လင် နေတတ်တာပေါ့ ။

၄။ စိတ်ခံစားမှုကို ကောင်းမွန်စေတယ်

ငိုကြွေးခြင်းက စိတ်နာကျင် လေးလံမှုတွေကို လျော့ကျစေပြီး စိတ်ကို ပေါ့ပါး စေပါတယ်။ စိုးရိမ်စိတ်တွေ များပြီး စိတ်ထဲမှာ မွန်းကြပ် နေသူတွေဟာ ငိုကြွေးခြင်းရဲ့ ကောင်းကျိုးကို မသိတဲ့သူ ၊ အငိုမလွယ်တဲ့သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ် ။

၅။ စိတ်ဖိစီးမှုတွေကို လျော့ကျ စေတယ်

ငိုကြွေးတဲ့အခါမှာ ခန္ဓာကိုယ် မှာရှိတဲ့ အဆိပ်အတောက် တွေနဲ့ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေကို ဖယ်ရှားပေးပါတယ်။ ငိုကြွေးခြင်းက စိတ်ဖိစီးမ ှုတွေကို ဖယ်ရှားနိုင်မယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ် ။

၆။ ဆက်နွယ်မှုကို မြှင့်တင်ပေးတယ်

တစ်ခါတလေမှာ နှုတ်ကနေ ထုတ်မပြောဖြစ်တဲ့ ခံစားမှုတွေကို မျက်ရည်ကနေ တဆင့် ဖော်ပြကြပါတယ်။ ချစ်သူတွေ ကြားမှာပဲ ဖြစ်ဖြစ်၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ကြားမှာပဲ ဖြစ်ဖြစ် ငိုကြွေးတဲ့အခါမှာ

တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားချက်တွေ ရှိနေလဲ ဆိုတာကို တစ်ဖက်လူက နားလည်နိုင်ပါတယ်။ မျက်ရည်မကျဘဲ မျိုသိပ်ထားရင် ကြာလာတဲ့ အခါမှာ ဆက်ဆံရေးတွေ ပျက်ပြား စေနိုင်ပါတယ် ။

ဒါကြောင့် ခံစားနေရတဲ့ သောကတွေကို မျက်ရည်တွေနဲ့ အတူ မျောချ လိုက်ပါ။ ငိုလို့ ဝပြီဆိုရင်တော့ မျက်ရည်တွေကို သုတ်လိုက်ပြီး ရှေ့ဆက်ရမယ့် အနာဂတ် အတွက် အားမွေး လိုက်ပါ။

No comments:

Post a Comment