တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ တိုက်ဖျက်ရေး ထုတ်လုပ်နိုင်သူကို မင်းသား ဂျက်ကီချန်းက ယွမ် ၁ သန်း ဆုချီးမြှင့်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပိုးကြောင့် ရုပ်ရှင်ရုံတွေမှာ လူအဝင်နည်းနေတဲ့ ကိစ္စကို စိုးရိမ်နေတဲ့ မင်းသား ဂျက်ကီချန်က အခုလိုမျိုး ရောဂါကူးစက်ခံနေရသူတွေကို အားပေးဖို့နဲ့ သီချင်းတွေ ဖန်တီးပေးဖို့အပြင် သူတတ်နိုင်သမျှ လုပ်သွားမယ့် အကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ Weibo ကနေ တဆင့် ရေးသားထားတာပါ။
“သိပ္ပံနဲ့ နည်းပညာဟာ ဒီဗိုင်းရပ်စ်ကို ကျော်လွားနိုင်ဖို့ အဓိက သော့ချက်ဖြစ်ပါတယ်။ ကျနော့လိုပဲ လူတော်တော်များများမှာ တူညီတဲ့ အတွေးတွေရှိမယ်လို့ယုံကြည်ပြီး ဖြစ်နိုင်ရင် အမြန်ဆုံး တိုက်ဖျက်ဆေးဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ကျနော့မှာ အခု ထူးခြားတဲ့ အိုင်ဒီယာ ရှိပါတယ်။ ဒီ တိုက်ဖျက်ဆေးကို ထုတ်လုပ်နိုငတဲက ဘယ်သူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် ယွမ် ၁ သန်းနဲ့ သူတို့ကို ကျေးဇူးဆပ်ပါ့မယ်” လို့မင်းသားက ဆိုပါတယ်။
ဒါပေမဲ့ သူရဲ့ ရည်ရွယ်ချက်ကိုတော့ နားလည်မှု မလွဲကြဖို့ ပြောဆိုထားပါတယ်။ မင်းသားက “ဒါဟာ ပိုက်ဆံအတွက်ပဲ မဟုတ်ပါဘူး။ လမ်းမတွေပေါ်မှာ ဗလာနတ္ထိ ဖြစ်နေတာမျိုး ကျနော်မမြင်ချင်တော့ပါဘူး။ ဘဝကို ပျော်ရွှင်ဖွယ်နေရမယ့် အချိန်မှာ တချို့ဆို သေဆုံးတဲ့အထိ ဖြစ်နေရတဲ့ ဗိုင်းရပ်စ်ကို တိုက်ဖျက်နေရတဲ့ တိုင်းသူပြည်သားတွေကိုလည်း မကြည့်ရက်တော့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသားရဲ့ post ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နေ့လည်ဘက်မှာတော့ Like အရေအတွက် ၅၃,၀၀၀ ကျော် ရရှိထားပြီး အင်တာနက် အသုံးပြုသူ တော်တော်များများကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံနေကြပါတယ်။
တရုတ်နိုင်ငံမှာ အကျပ်အတည်းတွေ ပေါ်လာတိုင်း ပါဝင်ဆောင်ရွက်နေတဲ့ မင်းသားကို ချီးကျူးနေကြပါတယ်။
တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၂၄,၃၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။
No comments:
Post a Comment