ဗုဒ္ဓဘာသာကို ရိုသေကိုင်းရိုင်းပြီး ကိုးကွယ်တတ်သူ စမိုင်းလ်က အလှူအတန်းတွေနဲ့လည်း မပြတ်သူတစ်ဦးပါ။ အနုပညာ အလုပ်တွေကို မလုပ်တော့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုတွေမှာ အားဖြည့်ကူညီပေးနေတာ တွေ့ရပါတယ် ။
မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာ လူချမ်းသာ နေနိုင်ခြင်းကိုလည်း ပရိတ်သတ်တွေက အတူယူ အားကျမှု တွေရှိပါတယ်။ စမိုင်းလ်ဟာ ငွေကြေးချမ်းချမ်းသာသာ နေနိုင်တဲ့အလျောက် ဘာသာတရားကိုလည်း မပြတ်မလပ် ရိုသေ ကိုင်းရှိုင်းပါတယ်။
အလှူအတန်းတွေမှာလည်း သဒ္ဒါတရား ရက်ရက်ရောရောနဲ့ လှူဒါန်းမှု ပြုလုပ်နေတာတေေွလည်း ပရိတ်တသတ်တွေ မြင်တွေ့ကြရမှာပါ။ သူမကိုယ်တိုင် ဘာသာရေး ပြုလုပ်ရုံတင် မကဘဲ ပရိတသတ်တွေကိုပါ ဘာသာတရားလိုက်စားလာအောင် အဓိဌာန်တွေ ဝင်နိုင်အောင် ဆောင်ရွက်ပါတယ်။
လူပေါင်း ထောင်အျော်နဲ့ ဓိဌာန် ၂ ခုကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် စမိုင်းလ်က ရွှေတိဂုံ-ကျိုက်ထီးရိုး နေ့ခြင်းပြန် ကက်ကင်း အဓိဌာန်အတွက် လူပေါင်း ၁၅၀၀ ဝင်နိုင်အောင် စီစဉ်နေတာ ဖြစ်ပါတ်ယ်။
သူမရဲ့အဓိဌာန်ခရီးစဉ်မှာ သစ်တံခါးဆရာတော်ကြီးနဲ့အဆိုတော် သီရိဆွေတို့ မိသားစုကလည်း ပါဝင် လှူဒါန်းလိုက်ကြောင်း လဲသိရပါတယ်။
ဒါအပြင်စမိုင်းလ်က မကြာခင်ရောက်လာမယ့် ချစ်သူများနေ့ အတွက် ခင်ပွန်းဆီက ဘာလက်ဆောင်မှ မတောင်ဘဲ လူ (၁၅၀၀) အတွက် အဓိဌာန်ဝင်နိုင်အောင် လုပ်ပေးဖို့ပဲ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။
“Valentine’s Day နီးလာပြီ ဒီနှစ်တော့ ဘာစပရိုက်မှ မတိုက်ခိုင်းပဲ အဓိဌာန် အတွက်ပဲ လုပ်ပေးဆိုလို့ ၁၅၀၀ အချစ်သက်သေ လူ၁၅၀၀ကို ရွှေတိဂုံ ကျိုက်ထီးရိုး ပို့ပေးတဲ့ ယောကျာ်း မိန်းမရဲ့ ၁၅၀၀ အချစ်အပြင် လူ ၁၅၀၀ ရဲ့ မေတ္တာတွေ ကုသိုလ်တွေပါ ရမှာ# ချစ်သူသက်တမ်း ၂၁ နှစ်လက်ဆောင်”
ပရိတ်သတ်ကြီးရေ…စမိုင်းလ်ရဲ့ လုပ်ရပ်တွေကတော့ တကယ်ကို မွန်မြတ်ပြီး သာဓုခေါ်ဖို့ကောင်းတဲ့ လုပ်ရပ်တွေပါပဲနော်။ စမိုင်းလ်ရဲ့ အဓိဌာန် ခရီးစဉ်မှာ တောင်တက် ကားတစ်စီးစာ လှူဒါန်းပေးခဲ့တဲ့ သီရိတွေတို့ မိသားစုကလည်း ဒီထက်ပိုမို ကြီးပွားတိုးတက် ပါစေ လို့ ဆုတောင်း ပေးလိုက်ပါတယ်။
No comments:
Post a Comment