Sunday, 2 February 2020

မိန်းကလေးတွေရဲ့ အထာပေးနည်း ၆ နည်း

မိန်းမတို့ ဣန္ဒြေ ရွှေပေးလို့မရ ဆိုတဲ့အတိုင်း မိန်းကလေး အများစုဟာ သူတို့နှစ်သက်တဲ့ သူကို တိုက်ရိုက်ဖွင့်ပြောလေ့မရှိပါဘူး။ ဒါပေမဲ့ သူတို့က အထာပေး တတ်ကြ ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက် ကိုယ့်ကို ကြွေ နေလား ဆိုတာ သိရှိဖို့ အထာပေးနည်း ၆ နည်းကို ဖော်ပြပေး လိုက်ပါ တယ်။

၁။ အကြည့်

ဣန္ဒြေအရ ယောက်ျားလေး တစ်ယောက်ကို မျက်လုံးပြူးကြီးနဲ့ အကြာကြီး စိုက်ကြည့်လေ့ မရှိပါ ဘူး။ ခဏခဏ ခိုးကြည့်တဲ့ စနစ်၊ ဖျက်ကနဲ ခဏခဏ ကြည့်တဲ့ စနစ်ကိုသာ ကျင့်သုံး ပါတယ်။

၂။ အပြုံး

မိန်းကလေးက ခဏခဏ ပြုံးပြရင် အထာပေး နေတယ် ဆိုတာကို သဘောပေါက် ဖို့ လိုပါ တယ်။

၃။ ဆံပင်

ယောက်ျားလေးတွေကို အထာပေးဖို့ အတွက် ဆံပင်တွေကို ကောင်းကောင်းကြီး ခါရမ်းပြီး အသုံးချ တတ်ပါတယ်။

၄။ စကား

ကျွန်မက ရှင့်ကို စိတ်ဝင်စားနေတယ် ? ဆိုပြီး ဗြောင်ပြောမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ရေလာမြောင်းပေးစကားပြောနည်းတွေ ဥပမာ- ကျွန်မမွေးနေ့မှာ အစ်ကို ပေးမယ့် လက်ဆောင်လေးသာ ရရင် အရမ်းပျော် မှာပဲ အဲဒီလို မျိုးလေး တွေပေါ့။

၅။ ဟာသ

သင့်ဟာသတွေဟာ ကျိုးကြောင်း ဆီလျှော်မှု မရှိဘူး၊ အူကြောင်ကြောင် ဖြစ်နေရင် တကယ် အားပေးဖော် ရှိပါတယ်။ အဲဒါကတော့ သင့်ကို ကြိတ်ခိုက် နေတဲ့ ကောင်မလေးပေါ့။ သင် မယုံရင် ဟာသတစ်ခုခု ပြောကြည့်။ သူ သေချာပေါက် ရယ်ပါပြီ။

၆။ တို့ထိခြင်း

ဘယ်လိုနည်းနဲ့မှ သိမ်းသွင်း မရရင်တော့ သူတို့တစ်တွေ ဒီနည်းကို သုံးတတ် ပါတယ်။ သင်နဲ့ အမှုမှတ် အမှတ်မဲ့ အသားချင်း ထိအောင် လုပ်တာတို့၊ တမင်တကာ ထိအောင် လုပ်တာတို့၊ သင့်ရှေ့မှာ ခန္ဓာကိုယ် ဟန်ချက်ပျက်သလိုနဲ့ သင့်အပေါ် လှဲချတာ တို့ပေါ့။

No comments:

Post a Comment