Thursday, 6 February 2020

မင်းချစ်သူနဲ့ အနေဝေးနေရင် အဆက်အသွယ် မပြတ်စေနဲ့

အားတဲ့ အချိန်ဆို သူနဲ့ အဆက်သွယ် လုပ်ပါ အချိန်ရရင် ရသလို စကားပြောပေးပါ အဆက်အသွယ် ပြတ်တာကြာတာနဲ့ မင်းအပေါ်သူ အထင်လွဲရင် လွဲသွာ းနိုင်လို့ပါ

သံသယတွေ ရှိလာရင်လဲ နှစ်ဦးသား အမေးအဖြေလေးတွေ လုပ်ပြီး ဘာကြောင့်လဲ ဆိုတာကို မေးပါ မမေးဘဲ စိတ်ထဲမှာ ထားပါများ လာရင် ကိစ္စသေးသေးလေး ကလဲ မင်းတို့နှစ်ယောက် ပိုဝေးသွ ားစေ နိုင်တယ်

အနေဝေး သွားလဲ သွေးမအေးကြနဲ့ ရေမြေခြားနေလဲ စိတ်ချင်းတော့ အချင်းချင်း ဆက်သွယ် ကြပါ

လူချင်းမတွေ့ရတာဖြစ်တဲ့ အတွက်ကြောင့် လိုင်းပေါ်ကနေဘဲ ဂရုစိုက်ပေးကြပါ

ကျန်းမာရေး ကောင်းအောင်နေဖို့ ဘာလုပ်လုပ် ဂရုစိုက်ဖို့ ကိုလဲ သတိ ခဏခဏေ ပးပါ

လိုင်းတက်တာနဲ့ သူလိုင်းပေါ် ရှိလား အရင်ကြည့်ပါ နောက်ဆုံး သူလိုင်းပေါ် မရှိနေရင် တောင် လွမ်းတဲ့ အကြောင်းစာ ပို့ထားပါ မင်းစာပို့ ထားတာမြင် တာနဲ့ သူ့အပေါ်အလေးနက် ထားတယ် ဆိုတာ သိပြီးမြင် ပျော်နေမှာမို့ပါ ။

သူလိုင်းပေါ်ရောက်လို့ ကိုယ့်ပို့ ထားတဲ့ စာကိုမြင်ပြီး reply မပြန် ထားရင်တောင် ထင်ချင်ရာ ထင်ပြီး စိတ်မဆိုးမိ ပါစေနဲ့ သူမအား တာဖြစ်နိုင် သလို အကြောင်း အမျိုးမျိုးကြောင့် လိုင်းဖွင့်မိ နေတာလဲ ဖြစ်နိုင် ပါတယ်

တစ်ယောက်နဲ့တစ်ယောက် စာပို့ရင် reply မြန်ပီး see ဖြစ်နေပါစေ ။

တစ်ယောက်နဲ့ တစ်ယောက် ရန်မဖြစ်ကြနဲ့ စိတ်ဆိုး နေရင်တောင် မခေါ်ဘဲ မပြောဘဲ မနေကြနဲ့

စိတ်ရှည် သည်းခံပီး အနာဂတ်မှာ အများကြီး ရှေ့ဆက်လက်တွဲ ရဦးမှာပါ

💫သွေးထိုးစကားတွေ ကို မယုံကြနဲ့ စိတ်တိုတဲ့ အခါ လမ်းခွဲမယ် ဆိုတဲ့ စကားမျိုးကို လွယ်လွယ်နဲ့မပြောမိလိုက်စေနဲ့

ချစ်ခဲ့ကြတယ် ဆိုတာ တစ်ဘဝလုံး လက်တွဲ ဖို့ဆိုတာ အမြဲသတိ ရနေပါစေ ။

အဝေးရောက် ချစ်သူတိုင်း အဆင်ပြေ ကြပါစေနော် ။

No comments:

Post a Comment