Monday, 24 February 2020

ချစ်စရာကောင်းတဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်များ


ပရိသတ်ကြီးရေ ပြည်သူချစ် အနုပညာရှင်အချို့ဟာ အိမ်ထောင်ရက်သား ကျပြီး သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေကြပြီ ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားသား မီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တွေကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ် ကြီးကလည်း သူတို့ချစ်ရတဲ့ အနုပညာရှင်တွေရဲ့ သားသားမီးမီးလေးတွေကို ချစ်ခင်ပေးကြတာတွေ့ရပါတယ် ။

ပရိသတ်ကြီးအတွက်ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေကို ပြန်လည်မျှ ေ၀ ပေးလိုက်ပါတယ်နော် ။

ယွန်းဝတီလွင်မိုး




ယွန်းဝတီလွင်မိုး ကတော့ ပုရိသပရိသတ်တွေအသည်းစွဲအားပေးကြမ်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး ဦးလွင်မိုးရဲ့ သမီးကြီးလည်းဖြစ်ပါတယ် ။ သြစတျေးလျမှာ ကျောင်းသွားတက်ရင်း ခင်ပွန်းသည်နဲ့ဖူးစာ ဆုံခဲ့ပြီး အခုဆိုရင် အရမ်းကိုချစ်စရာကောင်းသားသားလေး Liam ကိုပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်နေပါပြီနော် ။ Liam လေးက အခုဆိုရင် အရမ်းကိုချစ်စရာကောင်းပြီး ပရိသတ်တွေဝိုင်းချစ်နေရတဲ့ သားသားလေးဖြစ်နေပါပြီ ။

မျိုးစန္ဒီကျော်


တစ်ခေတ်တစ်ခါက Music video တွေမှာအမြဲတမ်း ပါဝင်ခဲ့တဲ့ နာမည်ကျော်မင်းသမီး မျိုးစန္ဒီကျော်
ကတော့ အခု အချိန်မှာ အရုပ်မလေးတစ်ရုပ် လို ချစ်စရာ ကောင်းလှတဲ့ သမီးငယ်လေး ကို ပိုင်ဆိုင်ထားတာဘဲဖြစ်ပါတယ် ။ Jewel လေးကတော့ မေမေ့လို အနုပညာပိုးပါသူလေးမို့ ကျောင်းကပွဲတိုင်းမှာ မပါမဖြစ်ပွဲတိုင်းကျော်လေးပါပဲ ပရိသတ်ကြီးရေ ..။

မယ်လိုဒီ



မယ်လိုဒီ ကတော့ လှပတဲ့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ အရမ်းလှတဲ့ မော်ဒယ် မင်းသမီး ချောလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့သားလေး သိဒ္ဓိစစ်ကလည်း မအေတူ သားချောလေးဘဲဖြစ်ပါတယ် ။ သိဒ္ဓိစစ်လေးကလည်း မေမေမယ်လိုဒီလို လှပတဲ့မျက်ဝန်း တွေ နဲ့အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးလေးပါ ။ သူမသားလေးကို ကြီးလာရင် သာသနာဘောင်ထဲ ဝင်စေချင်တယ်လို့ အမြဲတမ်းပြောခဲ့တဲ့ သူမက အကယ်လို့သားလေး က သာသနာဘောင်မဝင်ဖြစ်ရင်တောင် အိမ်ထောင်ဦးစီးပီသ တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်စေချင်ပါတယ်တဲ့ ။

သဉ္ဇာနွယ်ဝင်း
စကားမပီကလာ ပီကလာလေးနဲ့ ပရိသတ်အသည်းကို ဖမ်းစားခဲ့တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပါနော်..။သဉ္ဇာရဲ့ သားလေး Peach Lay လေးကလည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် လေးတစ်ယောက်ပါ ။

စန္ဒီမြင့်လွင်

ဂီတအနုပညာလောကနယ်ပယ်မှာ အထာကျကျနဲ့ Rapperမလေးအဖြစ် ပရိတ်သတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ ဒီးဒီးလို့ ချစ်စနိုးခေါ်ရတဲ့ စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာဆိုရင် အရမ်းကိုသာယာစိုပြည်ပြီး ပရိတ်သတ်တွေကတောင်အားကျရတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားပါတယ်နော်။ ချစ်စရာကောင်းတဲ့ သမီးလေး Treasure ကိုမွေးဖွားထားပြီး အမေတူသမီးချောလေး Treasure ကတေ့ာ ပါးဖောင်းဖောင်း ၀၀ကစ်ကစ်လေးနဲ့မို့ပရိသတ်တွေ တအားကိုချစ်နေကြတဲ့ ကလေးလေးပါ ။

ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးပြီပြီမို့ ပရိသတ်ကြီးကရော ဘယ်သားသားမီးမီးလေးတွေကို အချစ်ဆုံးလဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

No comments:

Post a Comment