အဲ့ဒီအပြင် စတော်ဘယ်ရီ တစ်ခွက်လုံးစာမှ ၄၉ ကယ်လိုရီဘဲ ပါဝင်တာကြောင့် Diet လုပ်နေသူတွေလည်း စားလို့ရပါတယ်။ ကမ္ဘာပေါ်မှာ စတော်ဘယ်ရီ အမျိုးကွဲပေါင်း ၆၀၀ လောက်ပါဝင်ပြီး Antioxidants တွေအများဆုံး ပါဝင်တဲ့ အသီးအနှံတွေထဲမှာ ပါဝင်နေ ပါတယ် ။
သွေးတိုးကို ထိန်ုးညှိပေးလျစ်လျူမရှု သင့်တဲ့ သွေးတိုးတဲ့ လက္ခဏာများသွေးတိုး ရှိသူတွေ စားပေးသင့်ပါတယ်။ ပုံမှန်စားပေးရင် သွေးတိုးကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံး အောက်စီဂျင် ဖြန့်ဝေပေးမှုကို ထိရောက်စေ ပါတယ်။
နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေးအမျှင်ဓာတ်၊ Phytochemicals တွေနဲ့ ဗီတာမင်ဓာတ်တွေပါဝင်မှုများတာကြောင့် သွေးအတွင်း ကိုလက်စထရော တွေကို ထိန်းညှိပေးပြီး နှလုံးကြွက်သားတွေကို သက်တောင့် သက်သာဖြစ်စေ ပါတယ်။
အသားအရေကို လှပစေ အသားအရေ လှပဖို့ စပျစ်သီးကို စားသုံးကြ ရအောင် စတော်ဘယ်ရီသီးမှာ Antioxidants မျိုးစုံပါဝင်နေပါတယ်။ ဗီတာမင် စီလည်း ပါဝင်တာကြောင့် အသားရေနဲ့ ခန္ဓာကိုယ်ကို Free Radicals တွေကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။
အဲ့ဒီအပြင် အသားအရေ တင်းရင်းနေအောင် လုပ်ဆောင်ပေးတဲ့ Collagen တွေ ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။
ကင်ဆာရောဂါကို တိုက်ဖျက်ပေးသကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင် စတော်ဘယ်ရီကို ပုံမှန်စားပေးရင် ရင်သား၊ ဆီးကျိတ်၊ အစာအိမ်ဟောင်းနဲ့ အသားအရေ ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဗီတာမင် စီဓာတ်က ကင်ဆာရောဂါကို ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
No comments:
Post a Comment