Wednesday, 12 February 2020

“လမ်းခွဲလိုက်ပါပြီလို့ ကြေညာလိုက်တဲ့ ကျော်ထွဋ်ဆွေ”

Unicode
ကျော်ထွဋ်ဆွေနဲ့နန်းသူဇာဟာ လူငယ်တွေရဲ့ Idol စုံတွဲတွေထဲက တစ်တွဲဖြစ်သလို အရမ်းကိုချစ်ဖို့ကောင်းပြီး အသည်း ယားစရာ ကောင်းတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

နှစ်ယောက်စလုံးက အဆိုတော်တွေ ဖြစ်ကြပြီး အိပ်မက်တွေလည်း တူသလို တစ်ယောက်ကို တစ်ယောက်မျက်စိအောက်က အပျောက် မခံနိုင်အောင် ချစ်ကြတာလည်း တူတဲ့ စုံတွဲလေး ဖြစ်တာကြောင့် လည်း အားလုံးက အားကျပြီး ဝိုင်းချစ်တာ ခံရတယ် ဆိုရင် မမှားပါဘးူ။
ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ နှစ်တွေ အကြာကြီး ချစ်လာကြ သူတွေ လည်းဖြစ်ပြီး သူတု့ိရဲ့အချစ်က နှစ်ချို့ဝိုင်လို အချိန်တွေကြာလေ ပိုပြီးချိုမြိန်လာလေလို့ဆိုရ မှာ ပါ ။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ စုံတွဲလေးက တစ်ဦးကို တစ်ဦး နားလည်မှုတွေနဲ့ လက်တွဲလာ ခဲ့တာ ဆိုရင် ချစ်သူူသက်တမ်း (၉)နှစ်ကျော်ရှိနေပြီ လည်းဖြစ် ပါ တယ် ။

လတ်တလောမှာတော့ ကျော်ထွဋ်ဆွေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နာကနေ “လမ်းခွဲလိုက်ပါပြီ။ သွေးအေးသွားတဲ့ နေ့ကျရှင်းပြပါမယ်။အခုတော့ ဒီလောက်ပါပဲ။”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နာကေ နဖော်ပြ လာတာပဲ ဖြစ်ပါတယ်။
ယုန်လေးကတော့ “ချီးထုပ်လေး မနက်ဖြန်က ဗိုလ်ချုပ်မွေးနေ့ April (1) ရောက်ဖို့ တော်တော် လိုသေးတယ်” လည်း ပို့စ်မှာ မန့်ထားပါသေးတယ်။ ပရိသတ်တွေ ကလည်း သီချင်းအသစ် ထဲက သီချင်းစာ သားလား။ နောက်နေ တာ လား ။

စိတ်ဆိုး စိတ်ကောက် ဖြစ်နေတာ ဖြစ်မှာပါလို့ ပြောဆိုနေတာ ကိုလည်း တွေ့ရ ပါတယ်။ ပရိသတ်ကြီးတွေ ထင်နေကြ သလိုပဲ ရန်ဖြစ်ပြီး စိတ်ဆိုးစိတ်ကောက် ဖြစ် ကြ တာ ပဲ ဖြစ် ပါစေလို့ ဆု တောင်း ပါ တယ် နော် ။

No comments:

Post a Comment