Unicode
ဗုဒ ္ဓဟူးသမီးများအတွက်
ဒီ လအတွင်း သင်၏ ကံဇာတာကတော့ ကံကြမ္မာကောင်းများ အပြောင်းအလဲ ဖြစ်နိုင်သော အချိန်ကာလ ဖြစ်သည်။ ကံကြမ္မာ အခွင့်အရေး အခွင့်အလန်းကောင်းများ ရရှိကြုံဆုံမည်။
အထူးအားဖြင့် ဝင်ငွေကောင်းသလို ငွေကြေးအကုန်အကျများလည်း များတတ်သော အချိန်ကာလ ဖြစ်၏။
ပြီးခဲ့သော အချိန်ကာလက ကြုံတွေ့ခဲ့ရသော အခက်အခဲများ ပြဿနာများ ပြေလည်မည်။ ဖြေရှင်းနိုင်မည်။ ဒီအချိန်မှာ သင့်အတွက် တစ်ခုသတိထားရမည်မှာ ကိုယ့်အတွက် အကျိုးလုံးဝ မရှိသော အလုပ်များလည်း လုပ်ကိုင်နေရတတ်သည်။
တစ်ခု ပျော်စရာ ကောင်းသည်မှာ သင်၏ စိတ်သည် အပျော်အရွှင်ဆုံး အချိန်ဖြစ်သည်။ သင်ကိုယ်တိုင် သင်၏ ကံဇာတာများ ကောင်းမွန်နေသည်ဟူ မိမိကိုယ် မိမိ ယုံကြည်မှု့ ရနေမည်။ စိတ်ဓာတ်များလည်း အလိုလို တက်ကြွနေလိမ်မည်။
အလုပ်အကိုင် အသစ်များ ဖန်တီးနိုင်မည်။ အဆက်အသွယ်ကောင်းများ အဆက်အသွယ် အသစ်များ ရမည်။ မိတ်ရင်းဆွေရင်း ဆရာသမားရင်းများနှင့် အဆင်မပြေ ဖြစ်တတ်သည်။ အိမ်ထောင်သည်များ သားသမီး ရင်သွေးရတနာ ထွန်းကားမှု့ ရရှိမည်။ ခြေနှစ်ချောင်း ဝင်ကိန်း ရှိ၏။ ရွှေထွက်ကိန်း ရှိသည်။
ရွှေပေါင်ရတတ်သည်။ ဆရာအတုဆရာယောင်များနှင့် ကြုံရတတ်သည်။ အမွေနှင့် ပါတ်သက်သော ကိစ္စများ မရှင်းမလင်း ဖြစ်မည်။ မတင်မကျ ဖြစ်မည်။ စကားအပြောအဆို မအောင်မမြင် ဖြစ်မည်။
ဒီအချိန် မပြောသင့်ပေ။ အိုးအိမ်နေရာထိုင်ခင်း နှင့် ပါတ်သက်သော ကိစ္စများ အဆင်ပြေ တိုးတက်မှု့ အောင်မြင်မှု့ရရှိမည်။ မိမိ၏ ဖခင်နှင့် ဆက်နွယ်နေသော အမျိုးအဆွေများဘက်မှ ကူညီထောက်ပံ့ပေးခြင်းများ ရရှိတတ်သည်။
အိမ်ထောင်ရှိသူများ အိမ်ထောင်ရေးတွင် တစ်ယောက်နှင့်တစ်ယောက် သံသယ ပွားရတတ်သည်။ အမြင်မကြည်မလင် ဖြစ်ရတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေး မေတ္တာရေးတွင် အနှောက်အယှက် အနည်းငယ် ကြုံရတတ်သည်။ အထူးအားဖြင့် ကြားလူ အနှောက်အယှက် ဝင်တတ်သည်။
သတိထားရမည်မှာ မလွတ်လပ်သော သူများနှင့် ချစ်ကြိုးသွယ်မိတတ်သည်။ ကျန်းမာရေးနှင့် ပါတ်သက်၍ ဝမ်းဗိုက် မကောင်း ဖြစ်တတ်သည်။
ဝမ်းပျက် ဝမ်းလျော ဖြစ်တတ်သည်။ ထီထိုးခြင်းကို ဝါသနာ ပါသူ ဖြစ်ပါက (၁၃)(၃၁) ပါသော ဂဏန်းကို ရှာ၍ ထိုးပါလေ။
ယတြာအနေနှင့် အိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ လှူဒါန်း၍ လိုရာဆုတောင်းပါလေ။
ဆရာအောင်ချစ်မင်း
Unicode
No comments:
Post a Comment