မင်္ဂလာဓာတ်ကူးနည်း
အခု့တင်ပြချင်တဲ့ အရာလေး ကတော့ အဖော်စုံပြီးသား ၊ လက်တွဲဖော် ရှိနေပြီးသား ဖြစ်ပေမဲ့ အကြောင်းဆက် ပေါင်းဖတ်ဖို့ နှောင့်နှေးနေတဲ့ သူတွေ အတွက် ရိုးရာမင်္ဂလာ ဓာတ်ကူးနည်းလေး ပဲဖြစ်ပါတယ်။
ဒီနည်းဟာ ရှေးဟောင်း လောကီ ပညာရပ် တခု့ဖြစ်သလို တဆယ့်နှစ်လ အတွင်းမှာ ဘဝဖော်နဲ့အတူ သေချာပေါက် အကြောင်းဆက် ပေါင်းဖတ် နိုင်ဖို့နည်းလေး လဲဖြစ်ပါတယ်။
၁။ ဒီနည်းလမ်းလေးမှာ အဓိက လိုအပ်တာ ကတော့ ပန်းကန်လုံး သို့မဟုတ် ခွက်ငယ် လေး တလုံးသာ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီပန်းကန်လုံးလေးကို ခပ်လွယ်လွယ် ဝယ်ပြီး သုံးလို့မရပါဘူး။ မိမိရဲ့သူငယ်ချင်း ဇနီးမောင်နှံ ဒါမှမဟုတ် ခင်မင် ရင်းနှီးရသော မိတ်ဆွေ လင်မယား ထံမှ တောင်းယူ ရပါမယ်။ ဒါမှ မင်္ဂလာ ဓာတ်ကူးခြင်းဖြစ်ပါတယ်။
ငွေနဲ့ဝယ်ယူလိုက်ရင်တော့ ဒီမင်္ဂလာ ဓာတ်ကူးနည်းမှာ ရှိရမဲ့ အဓိက အာနိသင်က ပျက်ပြယ်သွား ပါလိမ့်မယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် တောင်းယူ လိုက်ပါ။
တောင်းယူတဲ့ နေရာမှာ အဓိက သတိထားစရာအချက် ကတော့ မိမိတောင်းယူတဲ့ ဇနီးမောင်နှံဟာ လက်ထပ်ပြီးစ ဒါမှမဟုတ် ညားကားစ လင်မယား ဒါမှမဟုတ် သားသမီး ရတနာတွေ ထွန်းကားနေပြီး ပျော်ပျော်ပါးပါး သိုက်သိုက် ဝန်းဝန်း ရှိတဲ့ လင်မယား ဆိုရင် ပိုကောင်းပါတယ်။
ရန် တကျက်ကျက်ဖြစ်ပြီး အမြဲ ဆူပူနေတက် တဲ့ ကွဲမလို ကွာမလို ဖြစ်နေတဲ့ ဇနီးမောင်နှံမျိူး ကိုတော့ လုံးဝ သတိထားပြီး ရှောင်ဖို့ လိုပါတယ်။
ကိုယ်တောင်းယူတဲ့ ပစ္စည်းဟာ မခွဲနိုင် မခွါရက် ချစ်ကြတဲ့ ဇနီးမောင်နှံဆီက ဆိုရင်တော့ အကောင်းဆုံးပေါ့ ။ မင်္ဂလာလက်ဖွဲ့ အဖြစ်ရထား တဲ့ ခွက်ငယ် ဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ မင်္ဂလာဓာတ်ကူးနည်းလေး ပါပဲနော်။
၂။ ဒုတိယ အနေနဲ့လိုအပ်တဲ့ ပစ္စည်းကတော့ ရွှေရောင် လက်စွပ်လေး တကွင်းသာဖြစ်ပါတယ်။ ရွှေအစစ်ဖြစ်စရာ မလို တန်ဖိုးကြီးစရာ မလိုပါ။ ရွှေရောင်ဖြစ်ဖို့သာ အရေးကြီးပါတယ်။ မိမိဘာသာ ဝယ်ယူရမဲ့ ပစ္စည်းလေးတခု့ဖြစ်ပါတယ်။
လက်ထပ် လက်စွပ် ရှိနေပြီးသား သူတွေ အဖို့လက်ထပ်လက်စွပ်ကို အသုံးပြု့နိုင်ပါတယ်။ ပိုပြီးလဲ ထိရောက်မှု့ရှိပါတယ်။
၃။ တတိယအနေနဲ့ဝယ်ရမဲ့ အရာလေးကတော့ ဖဲကြိုးအနီရောင်လေး တစဖြစ်ပါတယ်။ ဈေးပေါပြီး ဝယ်ယူရ လွယ်သလို အနီရောင် စစ်စစ်ဖြစ်ဖို့သာ အရေးကြီးပါတယ်။ တကိုက်လောက် ဝယ်ယူပြီး အလျားဆယ့်ရှစ် စင်တီမီတာ တိတိ တိုင်းဖြတ်ပေး ရပါမယ်။
အဲ့ဒီသုံးမျိူးလုံးရပြီ ဆိုရင်တော့ မင်္ဂလာဓာတ်ကူးနည်း ကို စတင်လုပ်ဆောင် နိုင်ပါပြီ။ တောင်းယူထားတဲ့ ခွက်ငယ်လေးကို အနီရောင် ဖဲကြိုးလေးနဲ့ရစ်ပတ် ချည်နှောင် ရပါ့မယ်။
ပြီးတဲ့အခါ အဲ့ခွက်ငယ်လေး ထဲကို ဖွေးဖွေးဖြူနေတဲ့ ဆန်စေ့ ကိုးစေ့ကို ထည့်လိုက်ပါ။ ဒါဟာ အရေးကြီးဆုံးဖြစ်တဲ့ ဘဂဝါ အပ်နှံခြင်း ဖြစ်ပါတယ်။
ပြီးတဲ့အခါ အဲ့ဆန်စေ့ကိုးစေ့ ထည့်ထားတဲ့ ခွက်လေးထဲကို ဝယ်ထားတဲ့ ရွှေရောင် လက်စွပ်လေး ထည့်ပြီး ခွက်ကလေးကို ကိုင် လို့ “မိမိနဲ့မိမိချစ်သူ အမြန်ဆုံး အဆင်ပြေ အကြောင်းဆက် ပေါင်းဖက်နိုင်ဖို့ရည်ရွယ်ပြီး လေးနက်စွာ ဆု့တောင်းပါ”။
ပြီးရင် အိပ်ရာဘေး ခေါင်းရင်းဖက် စားပွဲပေါ်မှာ ခွက်ကလေး ကို တနေ့တာလုံး တင်ထားပေးပါ။ ညအိပ်ရာဝင်တဲ့ အခါကျမှ လက်စွပ်လေးကို ယူလက်မှာ စွပ်ပြီးအိပ်ပါ။
အိပ်ရာဝင်တဲ့ နေရာမှာ အိပ်မပျော်မချင်း “မိမိနဲ့ မိမိချစ်သူ အကြောင်းဆက် ပေါင်းဖက်နေရပြီ” လို့စိတ်ထဲ မှတ်ယူပြီး စိတ်ကူးယဉ်နေ လို့ရပါတယ်။
တညလုံးလက်စွပ်ကို စွပ်ပြီး မနက်အိပ်ရာ နိုးတာနဲ့ပြန်ချွတ်ပြီး ခွက်လေးထဲ ပြန်ထည့်ထား ပေးပါ။ နေ့ဘက်မှာ တနေ့လုံးခွက်ငယ်လေးထဲ ကို လက်စွပ်ထည့် ညရောက်တဲ့ အခါ ညစဉ်ဝတ်အိပ်ဖို့ပါပဲ။
မအောင်မြင် မချင်း ညစဉ်ဝတ်အိပ်ရမယ် ဆိုပေမဲ့ တရက်တလေ ပျက်သွား လို့လဲပြသနာ မရှိပါဘူး။ အစကနေ ပြန်စ ဖို့လဲ မလိုပါဘူး။သတိယတိုင်း ဝတ်အိပ်ဖို့ပဲ လိုပါ တယ်နော်။ ယုံကြည်စွာနဲ့ လုပ်ဆောင်ဖို့ပဲလိုအပ် ပါတယ်။
ချစ်သူတွေ ကြင်ကြင်နာနာနဲ့ ရာသက်ပန် ပေါင်းသင်းနိုင်ကြပါစေဗျာ
Source – ဆရာဒဂုန်

No comments:
Post a Comment