ရင်ဘတ်ကြီးနဲ့ ရင်းပြီး ချစ်တတ် ခံစားတတ်တဲ့အကျင့်ကို ပြင်ပါ ။
လူတစ်ယောက် ကိုယ့်ဘေးနားလာရပ်ရုံနဲ့ ။
တစ်သက်လုံး မထွက်သွားတော့ဘူးလို့ ထင်နေတတ်တဲ့ ။
ကောင်မလေးတစ်ယောက် မဖြစ်စေချင်တော့ဘူး ။
ဧည့်သည်ဆိုတာ အချိန်တန်ရင် ပြန်သွားမှာ မျှော်လင့်ချက်တွေကို ။
အသေအချာကြီး ဆုပ်ကိုင်ထားပြီးမှ မျှော်ရနိုးနိုး ပြန်လာနိုးနိုးနဲ့ ဒဏ်ရာတွေ မကျန်စေချင်တော့ဘူး ။
ဘဝတစ်ကွေ့ဆိုပေမယ့် လူပေါင်းများစွာနဲ့ ကြုံတွေ့နေရတာ ။
လူတိုင်းဟာ ကိုယ့်အတွေးထဲကလို မဖြူစင်ကြဘူး ။
လူတိုင်းဟာ ကိုယ့်စေနာတွေနဲ့ မထိုက်တန်တတ်ကြဘူး ။
တချို့တစ်လေလောက်သာ ကိုယ့်ရင်ဘတ်ထဲက စကားလုံးတွေကို ကြားသိ နိုင်တယ် ။
မြင်တတ်ကြတယ် ကိုယ်ချင်းစာပေးကြလိမ့်မယ် ။
အဲ့လိုလူမျိုးကလဲ မင်းအနားမှာ ရပ်နေတဲ့ လူတစ်ရာထဲမှာမှ တစ်ယောက်ပါဖို့ ခက်တယ်လေ ။
ကိုယ်သာ အတတ်နိုင် ဆုံးဖြူစင် ကိုယ်သာ တတ်နိုင် တာထက် ပိုပေးဆပ်ပြီးမှ နှုတ်ဆက်ခွင့်မရှိတဲ့ လမ်းခွဲခြင်းတွေ ဘယ်လောက်များ ကြုံတွေ ခဲ့ပြီးပြီ လဲ ။
စကားလုံးလေး တစ်လုံးက အစ အကြည့်တွေ အဆုံး အရာရာမှာ ရင်ဘတ်ကြီးနဲ့ မှတ်ပြီး ရင်ဘတ်ကြီးနဲ့ ခံစားနေရတာ အနာတရ များလွန်း လှပါတယ် ။
ဖြစ်နိုင်မယ်ဆိုရင် ဖြစ်နိုင်ရင်ပေါ့ ။
အပေါ်ယံလေးမှန်းသိရင် ကိုယ့်ဘက်ကလဲ ခံစားချက်တွေမပါစေနဲ့ ၊
ခဏတာမှန်းသိရင် ခဏမှာ ပျော်အောင်နေလိုက် အနာဂတ်ထိ သယ်မလာနဲ့ ၊
အလိုက်သင့်လေး ခေါ်ပြော ဆက်ဆံနေမှန်း သိရင် ကိုယ့်ဘက်ကလဲ ရေလိုက်ငါး လိုက်လေး ပြန်ဆက်ဆံလိုက် မေတ္တာပေးရင် မေတ္တာပြန် ရလာလိမ့် မယ်ဆိုတဲ့ လောက နိယာမဟာ တစ်ခါတစ် ရံတော့ မှားတတ်ပါတယ် ။
ကိုယ့်ဘက်က စေတနာမှန်ရင် ရောင်ပြန်လာလိမ့်မယ် ဆိုတာကောပေါ့ ။
မေတ္တာပဲ ပေးပေး စေတနာပဲ ထားထား နားမလည်တဲ့ သူက နားမလည် တာပဲ ။
ကိုယ့်ဘက်ကသာ ဘာကြောင့်လဲ ဆိုတဲ့ ဖြေမရတဲ့ မေးခွန်းတွေနဲ့ ဖော်ပြလို့ မရတဲ့ ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရတာလေ ။
အရာရာတိုင်းမှာ ကိုယ့်လိုပဲ တွေးလိမ့်မယ်ထင်တယ်ဆိုတဲ့ ကလေး အတွေးတွေရပ်ပြီး။
နေရာတကာ စိတ်ခံစားမှုကို အလေးသာ တတ်တဲ့ အကျင့်လေးကို ဖျောက်ပါ။
ရင်ဘတ်ကြီးနဲ့ ရင်းပြီး ချစ်တတ် ခံစားတတ်တဲ့ အကျင့်ကို ပြင်ပါ။
ဒီလောက်ပါပဲ ဒီလိုဆို ဘဝမှာ နေလို့ ပျော်လာ လိမ့်မယ် ။
သျှင်ယွန်း
No comments:
Post a Comment