Wednesday, 5 February 2020

အ ချိန် ၆ လအ တွင်း ပိုက် ဆံစုပြီး ကိုယ်ပိုင် အိမ် ဝယ်နိုင်သွား တဲ့ နည်းလမ်း ကို ပြောပြလာ တဲ့ အသက် ၂၀ စုံတွဲ

ယနေ့ခေတ်မှာ အိမ်မပြောနဲ့ မြေတောင် မပိုင်တဲ့ သူတွေ အများကြီးပါ…တိုက်ခန်း ဆိုတာ ကလည်း တော်ရုံအခြေခံ လူတန်းစားတွေ လက်လှမ်းမီတာ မဟုတ်ပါဘူး… အိမ်ခြံမြေဆိုတာ ကလည်း တကယ့်ကို ပိုက်ဆံတတ်နိုင်မှ ဝယ်နိုင်တာဖြစ်ပါတယ်…ခုဖော်ပြမဲ့ စုံတွဲကတော့ မိဘတွေထောက်ပံ့မှု လုံးဝ မပါဘဲ စုထားတဲ့ငွေလေးနဲ့ ၆ လအတွင်း အိမ်ဝယ် နိုင်ခဲ့တာ ဖြစ်ပါတယ်

အ သက်၂၀ အရွယ် Joshua Shaw ဆိုတဲ့ ကောင်လေးနဲ့ Wiktoria Zaucha ဆိုတဲ့ ကောင်မလေးတို့ စုံတွဲဟာ ၆ လအတွင်း ပေါင် ၁၃၀၀၀ (မြန်မာငွေ သိန်း၂၅ဝကျော်) တန်ဖိုးရှိတဲ့ ၃ ထပ်အိမ်လေးကို ဝယ်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ်
သူတို့စုံတွဲဟာ အိမ်မဝယ် နိုင်သေးခင် မိဘတွေနဲ့ ဆွေမျိုးတွေ အိမ်မှာ နေထိုင်ခဲ့ တာဖြစ်ပြီး အလုပ်ကြိုးစား ခဲ့ကြတာပါ Joshua Shaw ကတော့ သာမန် ဝန်ထမ်း တစ်ဦးဖြစ်ပြီး Wiktoria Zaucha ကတော့ လက်ထောက်မန်နေဂျာ တစ်ဦး ဖြစ်ပါတယ်

ဒီ လို အိမ်ဝယ် နိုင်ဖို့ အတွက် နှစ်ယောက်လုံး ပိုက်ဆံကို သေသေချာချာ စုပြီး ၆ လအတွင်း တစ်ခြား စုံတွဲတွေလို ဒိတ်လုပ်တာတွေ ဈေးကြီး တာတွေ ဝယ်စားတာတွေ မလုပ်ဘဲ ပိုက်ဆံကိုပဲ စုနေခဲ့ တာလို့ သိရ ပါတယ်….ဒါ့အပြင် Joshua Shaw ဟာ သူ့ရဲ့ ကားကို ရောင်းပြီး ဘတ်စ်ကား ဒါမှမဟုတ် မြေအောက်ရထားစီးပြီး အလုပ်သွားတယ်လို့ ဆိုပါတယ်
ပိုက်ဆံကို လည်း မလိုအပ်ဘဲ မသုံးဘဲ အိုဗာတိုင်တွေ ဆင်းပြီး တစ်နေ့ကို ၁၆ နာရီ အလုပ်လုပ် တယ်လို့ သိရပါတယ်….အရမ်းပင်ပန်း ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၆ လအတွင်း ခုလို ကိုယ်ပိုင် အိမ်လေးကို ဝယ်နိုင် ခဲ့တာပဲ ဖြစ်ပါတယ်

ပရိသတ်ကြီးရေ..တကယ့်ကို အားကျ စရာ ပါပဲနော်…ပရိသတ်ကြီး တို့လည်း ပိုက်ဆံကို မလိုအပ်ဘဲ မသုံးဘဲ စုဆောင်းထားမယ်ဆိုရင် တစ်နေ့နေ့ ကိုယ်လိုချင်တာ လေးတွေကို ဝယ်ယူ လာနိုင် မှာပဲ ဖြစ်ပါ တယ်နော်

No comments:

Post a Comment