ကြီးလေ လှလေ ဒေါင်းမျိုးလေးတွေလို့ ကြားဖူးကြတယ် မဟုတ်လား။ နုပျိုနေတယ်ဆိုတာတော့ ဒီအတိုင်းတော့ နုပျိုမနေပါဘူး။ နုပျိုခြင်းမှာလည်း နည်းလေးတွေ ရှိပါတယ်။
ကိုယ့်ထက် ငယ်တဲ့သူတွေက ကိုယ့်ကို သူတို့ထက် ငယ်တယ် ခဏခဏ အထင်ခံနေရပြီဆိုရင်တော့ သဘောပေါက်လိုက်ပါတော့ သင်က နုပျိုတဲ့သူဆိုတာ သေချာနေပါပြီ။ ဒီလိုမျိုး အမြဲ ငယ်ရွယ်နုပျိုနေချင်ရင်တော့ ဒီအချက်လေးတွေကို ဂရုပြုဖို့ လိုပါတယ်နော်…
(၁) ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားပါ
စိတ်ဆင်းရဲစရာတွေနဲ့ ကင်းတဲ့ သူရယ် လို့တော့ မရှိပါဘူး။ ဒါပေမဲ့ စိတ်ရှုပ်စရာ စိတ်ညစ်စရာ ရှိရင် စိတ်အေးအေးနဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားလိုက်ပါ။ စိတ်ညစ်တဲ့ စိတ်ရှုပ်တဲ့ အချိန်ကာလကို တိုနေပါစေ။ ဒါ့အပြင် စိတ်ကို ပျော်ပျော်ရွှင်ရွှင် ဖြစ်နေအောင် နေပါ။
ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း ပျော်အောင်ထားပါ။ ရယ်သောသူ အသက်ရှည်၏ ဆိုတဲ့ စကားက အလကားပေါ်လာတာ မဟုတ်ပါဘူး။ ပျော်နေတဲ့အခါ ခန္ဓာကိုယ်အတွက် အိုမင်းရင့်ရော်မှုဖြစ်မှုကို ပိုပြီး နှေးကွေးသွားစေပါတယ်။ စိတ်ပျို ကိုယ်နု ဆိုတာ ကြားဖူးကြတယ် မဟုတ်လား ။
(၂) အသားအေရကို ဂရုစိုက္ပါ
ငယ်ငယ်ကြီးကြီး အသက် ၂၀ က စပြီး လူ့ရဲ့ အသားအရေက စတင် ရင့်ရော်လာတတ်ပါတယ်။ ဒါကြောင့် အမြဲ နုနေချင်ရင်တော့ အသားအရေကို ဂရုစိုက် ထိန်းသိမ်း ရပါမယ်။ အထူးသဖြင့် မျက်နှာကို ပို ဂရုစိုက်ဖို့ လိုပါတယ်။
Skincare တွေကို အဆင့်လိုက် သေချာ သုံးပေးဖို့ လိုပါတယ်။ Skincare တွေက အချိန်တွေ အများကြီး မပေးရသလို အသားအရေအတွက် တကယ့်ကို ရင့်ရော်မှုဖြစ်စေမှုကို နှောင့်နှေးစေပါတယ်။ အသားအရေ ကြည်လင်ပြီး နူးညံ့တင်းရင်းနေတဲ့ မျက်နှာလေးက နုပျိုမှုရဲ့ သင်္ကေတ တစ်ခုပဲ ဖြစ်ပါတယ်။
(၃) အစားအေသာက္ကို ဂရုစိုက္ပါ
အစားအသောက် စားတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီအောင် စားဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက် အသားနဲ့ မျှတအောင် စားရမှာ ဖြစ်သလို ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ကျန်းမာရေးမကောင်းပဲနဲ့ နုပျိုနေတဲ့ ပုံပေါက်မှာတော့ မဟုတ်ပါဘူး ။
(၄) အရက်နဲ့ ဆေးလိပ်ကို ရှောင်ဖို့ လိုပါတယ်
အရက် ဆေးလိပ်နဲ့ ကင်းတဲ့သူဆိုတာ ရှားပါတယ်။ ဒါပေမဲ့ လျှော့သုံးလို့တော့ ရပါတယ်။ အရက်နဲ့ ဆေးလိပ်ဆိုတာ မျက်နှာ ရင့်ရော်မှုကို အဖြစ်စေဆုံး အရာတွေလည်း ပါပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေပါသေးတယ်။ ဒါကြောင့် ရှောင်နိုင်ရင် အကောင်းဆုံး ပါပဲ …။
(၅) ဖက်ရှင် ရွေးချယ်မှု မှန်နေပါစေ
လူကပဲ နုပျိုနေရုံနဲ့ မလုံလောက်ပါဘူး။ ငယ်တဲ့ပုံပေါက်တယ်ဆိုတာ ကိုယ်နဲ့ လိုက်အောင် လန်းလန်းဆန်းဆန်း ဖြစ်အောင် ဝတ်စားဆင်ယင်တဲ့ အခါမှာ တွေ့မြင်ကြတာပါ။ အမြဲ လူကြီးဆန်တဲ့ အဝတ်အစားတွေ အရောင်တွေကို ဝတ်ဆင်ဖို့ မလိုအပ်ပါဘူး။
နေရာဒေသကို လိုက်ပြီး လိုက်ဖက်တဲ့ ဖက်ရှင်ကို ရွေးချယ်ဖို့ပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ ငယ်ဖို့ ဆိုပြီး ဆယ်ကျော်သက်တွေလို သွားဝတ်ရင်တော့ ဂွမ်းသွားမှာပါ။
ကိုယ်နဲ့ လိုက်ဖက်ရမှာ ဖြစ်သလို နုပျိုတဲ့အသွင်လည်း ပေးနိုင်တဲ့ အရောင်တွေ ဖက်ရှင်တွေကို ရွေးချယ် ဝတ်ဆင်ရပါမယ် ။
အားလုံးပဲ ဒေါင်းမျိုးလေးတွေ ဖြစ်ကြပါစေနော် ။
Written by Kham
No comments:
Post a Comment