Monday, 10 February 2020

တံတောင်မဲ ၊ ဒူးမဲ ပျောက်ဖို့””’

တံတောင်ဆစ်တွေ ဒူးတွေ မဲနေလို့ စိတ်ညစ်နေ ပါသလား။ သင့်ဒူးနဲ့ တံတောင်ဆစ်တွေ ဖြူဖွေးသွားဖို့ နည်းလမ်း ကောင်း လေး တွေ ရှိ ပါ တယ်။

အခု ပြုလုပ်ရမဲ့ နည်းလမ်းလေး တွေကတော့ အိမ်တွင်းမှာတင် ပြုလုပ်လို့ ရနိုင်တာမို့ သင်တို့အတွက် အလွန် အဆင်ပြေ ပါတယ်လို့ ပြောချင် ပါတယ်။

တံတောင်ဆစ် မဲလို့ အင်္ကျီလက်တို မဝတ်ရဲ သူတွေ ဒူးခေါင်းမဲလို့ စကဒ်တို ၊ ဘောင်းဘီတို ဝတ်ချင်ရဲ့နဲ့ မဝတ်ရသူတွေ အတွက် ကောင်း သ တင်း ပဲ ဖြစ် ပါ တယ်။ ။

ရှားစောင်းလက်ပတ်””

ရှားစောင်းလက်ပတ်ဟာ လူသားတို့ကို များစွာ အကျိုးပြု ပစ္စည်း တစ်မျိုးပဲ ဖြစ် ပါ တယ်။ အခုလည်း ရှားစောင်းလက်ပတ်ဟာ နေရောင်ခြည်ထိတွေ့မှု များခြင်းကြောင့် အရေပြား ပျက်စီးနေတာကို ပြန်လည် ပြုပြင် ပေးမှာ ဖြစ် ပါ တယ်။ အရေပြား ညိုမဲမူှကို သာမက အသားအရေကို နုညံ့ စိုပြေမူှကိုလည်း ပေး နိုင် ပါ တယ်။

ပြုလုပ်နည်းကတော့

ရှားစောင်းလက်ပတ် အရွက်ကို အလယ်မှ ဓားနဲ့ ခွဲလိုက်ပြီး ဂျယ်လီလို အနှစ်သားကို ယူလိုက်ပါ၊ အဲ့ဒီဂျယ်လီသား အနှစ်ကို မဲတဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။ မိနစ်၃၀ ကြာထားပြီးနောက် ရေနဲ့သန့်စင်ပေးပါ။

နေရောင်ကာ လိုးရှင်း””

နေရောင်ကာ လိုးရှင်း လိမ်းခြင်းဟာလည်း အရေပြား ခြောက်သွေ့မူှကို ကာကွယ်ပေးပြီး အသားအရေကို စိုပြေလာစေပါတယ်။

ပြုလုပ်ရမှာကတော့

နေရောင်ထဲ မထွက်ခင်မှာ နာရီ ဝက်လောက်ကြိုပြီး လိမ်းထားပါ။ နှစ်နာရီခြား တစ်ကြိမ်လိမ်းပေးပါ။

ရှာလကာရည်နဲ့ ဒိန်ချဉ်””

ရှာလကာရည်နဲ့ ဒိန်ချဉ်ကို တွဲဖက် အသုံးပြုပါက အရေပြားမဲတာတွေကို လျော့နည်း သက်သာစေပြီး အသားအရေကြည်လင်ကာ ပြန်လည် စိုပြေလာမှာ ဖြစ်ပါတယ်။

ပြုလုပ်ရမှာကတော့…..

ရှာလကာရည်နဲ့ ဒိန်ချဉ်ကို ရောပြီး မွှေပါ သမပြီဆိုတဲ့ အခါမှာ တံတောင်ဆစ်နဲ့ ဒူးခေါင်းကိုစက်ဝိုင်းပုံစံ လှည့်ပတ် ပွတ်လိမ်းပေးပါ။ ခြောက်သွေ့သွားအောင် ခဏထားပြီး နောက်ရေနဲ့ သန့်စင်ပေးပါ။

သဘာဝ အဆီများ””’

သဘာဝအဆီတွေဟာ အရေပြား အစိုဓာတ်ကိုထိန်းပေးပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်းမဲတာတွေကို လျော့နည်းသွားစေပါတယ်။

ပြုလုပ်ရမှာကတော့

သံလွင်ဆီ ၊ နှမ်းဆီ ၊ အုန်းဆီ စတဲ့ အဆီ တစ်မျိုးမျိုးကို အရေပြား ပေါ်ညင်သာစွာပွတ်လိမ်းပေးပါ။ အရေပြား ခြောက်သွေ့တာနဲ့ မဲတာတွေကို သက်သာစေ ပါတယ်။

သစ်သီး””

သစ်သီးများထဲမှာမှ ခရမ်းချဉ်သီး ၊ စပျစ်သီး စတဲ့ အသီးတွေမှာ ကြေးချွတ်အာနိသင် ရှိပြီးအရေပြား မဲတာကို လျော့နည်း စေပါ တယ်။

ပြုလုပ်ရမှာ ကတော့

ခရမ်းချဉ်သီး ဒါမှမဟုတ် စပျစ်သီးကို ထက်ခြမ်းခြမ်းပြီး မဲနေတဲ့အရေပြား ပေါ်ပွတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါ။

အစိုဓာတ်ထိန်းခရင်မ်

အစိုဓာတ် ထိန်းခရင်မ်ဟာ အရေပြားကို အစိုဓာတ်ဖြည့်ပေးတဲ့ အတွက် အသားအရေခြောက်သွေ့မူှကို ကာကွယ်နိုင် ပါတယ်။

ပြုလုပ်ရမှာကတော့

ရေချိုးပြီးတဲ့အခါမှာ မဲနေတဲ့ နေရာတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။

ကြေးတွန်းကျောက်”’

ကြေးတွန်းကျောက်ကို အသုံးပြုပြီး အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင် ပါတယ်။

ပြုလုပ်ရမှာကတော့…..

ရေချိုးတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ ကြေးတွန်းကျောက်နဲ့ ဖြည်းဖြည်းခြင်း ညင်သာစွာပွတ်တိုက်ပေးပါ။

သိုဆိုလျှင် သင့်အလှကို ဖျက်နေတဲ့ ဒူးခေါင်းမဲမဲ တံတောင်ဆစ်မဲမဲတွေ ပြန်လည်ဖြူစင်လာပြီး သင့်ကိုယ်သင် ယုံကြည်စိတ်ချမူှ ပိုမိုတိုးပွားလာမှာဖြစ်ပါတယ်။

စန္ဒီမြင့်မိုရ်#

Unicode

No comments:

Post a Comment