Monday, 3 February 2020

အိပ်ရေးပျက်တဲ့ဒဏ်ကို ဘယ်လို ကုစားကြမလဲ

ညဘက် အိပ်ရေး ပျက်ပေမယ့် နောက်တစ်နေ့ လုပ်စရာတွေ လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွအလုပ်လုပ်နိုင်စေတဲ့ နည်းလမ်းတွေကို Trend ပရိသတ်ကြီး အတွက် စုစည်း ဖော်ပြ လိုက် ပါတယ်။

၁။ ရေများများသောက်ပါ

ရေများများ သောက်လေ လန်းဆန်း တက်ကြွေ လပါပဲ။ ဒါ့အပြင် ရေသောက် များရင် အပေါ့သွားတာလည်း များတဲ့အတွက် လှုပ်ရှား တက်ကြွေ နစေပြီး အိပ်ငိုက်တော့မှာ မဟုတ် ပါဘူး။

၂။ သွေးလည်ပတ်မှု ကောင်းပါစေ

လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုအတွင်း အန်ဒရီလိုင်းပမာဏကိုလည်း တိုးပွားစေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။

၃။ အစားမကြူးပါနဲ့

အစားအစာတွေ အများကြီးစားတာ၊ အစားများတာကို ရှောင်ကျဉ်ပါ။ နှံစားသီးနှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်၊ ဒိန်ချဉ်၊ ကြက်သား၊ ငါးစတာတွေ စားသုံးတာကတော့ သင့်ကို လန်းဆန်းစေနိုင်ပါတယ်။

၄။ အပြင်ထွက်ပါ

နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင် ဒီ နဲ့ ဘီ တို့က နေ့လည်နေ့ခင်း အိပ်ငိုက် တာကို ဆန့်ကျင်ပေး ပါတယ်။ ကိုယ်ခံအား စနစ်ကိုလည်း အားဖြစ်စေတဲ့ အတွက် အိပ်ရေးမဝလို့ ကိုယ်ခံအား စနစ်အားနည်းတဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွ ားစေပါတယ်။

ဒါ့အပြင် လေကောင်းလေသန့်နဲ့ ပတ်ဝန်းကျင်မြင် ကွင်းပြောင်းလဲမှုက သင့်စိတ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။

၅။ ရေချိုးလိုက်ပါ

ရေအေးနဲ့ ရေချိုးတာက ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အလုပ်ထဲမှာဆိုရင် ရေခဲရေနဲ့ မျက်နှာသစ်တာမျိုး၊ လက်ကောက်ဝတ်နဲ့ နားထင်တွေမှာ ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလုပ်နိုင်ပါတယ်။

၆။ အပြောင်းအလဲလုပ်ပါ

ပုံမှန်လုပ်ရိုး လုပ်စဉ်တွေ အတိုင်း လုပ်ဆောင် နေမယ်ဆိုရင် လန်းဆန်းနေနိုင်မှာ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဟာသတွေေ ပြာတာပဲဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ အပြောင်းအလဲ တစ်ခုခု လုပ်ဆောင်မယ်ဆိုရင် ပင်ပန်းနေချိန်မှာ တောင်မှ အလုပ်ကောင်းကောင်း လုပ်နေနိုင်မှာ ဖြစ်ပါတယ်။

၇။ ပီကေဝါးပါ

ပီကေဝါးတာက အိပ်ချင်စိတ်ကို လျော့ပါးစေတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အိပ်ငိုက်လာပြီဆိုရင် ပီကေတစ်ခု ကောက်ဝါးပြီး လုပ်စရာတွေကို ဆက်လက် လုပ်ဆောင် လိုက်ပါ။

Unicode

No comments:

Post a Comment