Friday, 7 February 2020

မုန်း၍ လည်း ကျိန်စာ မတိုက် နဲ့ ချစ်ခင် ၍ လည်း နောက် ဘဝပြန်တွေ့ပါရစေ ဆု မတောင်း ပါနဲ့!

ဘယ်ေ သာအခါမှ မုန်း၍လည်း ကျိန်စာ မတိုက်ပါနှင့် ချစ်ခင်၍လည်း နောက်ဘဝပြန်တွေ့ပါရစေ ဆုမတောင်းကြပါနဲ့ ကံ ကံ၏အကျိုးရယ် သံသရာ ဆိုတာ ကိုရယ်

ယုံကြည် သက်ဝင် ကြပါစေ။ ကံမှန်ပါက အကျိုးပေးသန်၏ ပြုသူအသစ် ဖြစ်သူ အဟောင်းပါ။ ကံ ကံ၏ အကျိုးပေးတွေပါ။ ပဋာစာရီ လင်ကို မြွေကိုက်၊သားကြီး ရေနစ်၊သားငယ် စွန်ချီ၊ မိဘနှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့်ဆုံးရှုံး အဝတ်အစားမဲ့ အောင်ရူးခဲ့ ရတယ်။

မြတ်ဗုဒ္ဓ နှင့်တွေ့တော့ ချစ်သမီး ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး လက်ခုပ်လက်ဝါး တီးပြီး ရယ်မော ရမယ့် ပွဲ တဲ့ ဘာလို့လည်း ဆိုတော့.. အတိတ်ဘဝ တစ်ခုတုန်းက ခုသေဆုံးသွားကြတဲ့ ဆွေမျိုးရင်းချာ ၆ ဦးဟာ

ချစ်သမီးရဲ့အိမ်ကို ဓားပြတိုက် မီးရှို့ လူသက် လုပ်ကြတော့ ချစ်သမီးကပဲ စိတ်ဆိုး လွန်းလို့ ဒင်းတို့ ၆ ဦးလုံး ငါ့ မျက်စေ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို တပ်အပ်မြင် ရပါစေသားလို့ ဆုတောင်းခဲ့ ဖူးသတဲ့။

ခု အဲ့ဒိဆုတောင်း ပြည့်ပြီလေတဲ့.. ပြုသူအသစ် ဖြစ်သူအဟောင်း ကံမှန်ရင် အကျိုးပေးသန် လွန်းပါတယ်။ သံသရာဟာ ဉာဏ်နဲ့မဖြတ်ရင် မပြတ်ပါဘူး။ ပဋာစာရီ ရူးသွပ်နေချိန် မြတ်ဗုဒ္ဓနှင့် ဘာ့ကြောင့် ကြုံဆုံခွင့်ရခဲ့ပါသလဲ? အတိတ်က တစ်ကြိမ်တစ်ခါ ဝိပဿနာတရား အားထုတ် ခဲ့ဖူး လို့ပါပဲ။

အဲ့ဒါကြောင့် ဓမ္မမိတ်ဆွေတို့ ကျုပ်တို့တွေ ဟာ ပဋာစာရီ လောက်လည်း အခြေနေ မဆိုးခဲ့ကြပါဘူး။ ကံကောင်းသူများ တရားနာယူခွင့် ရကြသည်။ ကံ အလွန် ကောင်းသူများ တရား အားထုတ်ခွင့် ရကြသည်။ ကံဆိုးသူများ တရားကို ရှောင်ကြ သည်။

ဓမ္မမိတ်ဆွေများ ကံ ကောင်းသူလား ?? ကံ ဆိုးသူလား ?? သဗ္ဗေ သတ္တာ ကမ္မသကာ သဗ္ဗေ သင်္ခါရ အနိစ္စ ပါ တကား။

(သစ္စာရွှေစည် ဆရာတော် ဦးဥတ္တမ၏ တရားတော် များပေ့ချ်မှ)

No comments:

Post a Comment