Tuesday, 25 February 2020

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့


တစ်ယောက်ထဲလည်း နေတတ်အောင်နေပါ… မင်း စိတ်ညစ်နေလား_?

ငါ ဒီလိုနေလို့မဖြစ်ဘူး ဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။ ဘဝအတွက် လေ့လာ သင်ယူ ပါ စာများများဖတ်ပါ သူများကို သွားပြောတာ ထက် အများကြီး သာတယ်။

မင်း ဝမ်းနည်းနေလား_?

ခဏလောက် အားရပါးရ ငိုချပစ် လိုက် ပါ။ ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီး မျက်ရည်ကျအောင် လုပ်မဲ့သူပဲရှိတယ်။ ငိုစရာ ရှိတာ ကိုယ့်ဟာကို ငိုချလိုက် ပြီးရင် တည်ငြိမ် လာလိမ့် မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?

သီချင်းလေး ဘာလေး နားထောင် စိတ်ပြေ လက်ပျောက်ဖြစ်အောင် နေပါ။ သူများကို သွားပြောရင် မွန်းကြပ်တာ ကနေ ထွက်ပေါက်ပါ ပိတ်သွား လိမ့်မယ် ။

မင်း စိတ်ဓာတ်ကျနေလား_?

ဘာအားငယ် စရာ ရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ် မဟုတ်ဘူး လူတိုင်းကျ တတ်တာပဲ ကိုယ်တိုင် ပြန်ပီး ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ့် ကို ကိုယ် အားကိုး စမ်းပါ ။

လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး ကိုယ့်အားကိုကိုး ကိုယ့်သမိုင် းကိုယ်ရေးပါ။ မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက် ကူညီမဲ့လူ ရှာ းတယ် ။

မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့ မင်းကိုယ်မင်းပဲ အပြည့် အဝ ပြန်ပြီး ကူညီ လိုက် ပါ ။ မ လို အပ် ပဲ ဘယ် သူ ကို မှ လဲ ရင် မ ဖွင့် မိစေ နဲ့ ။

Credit original

No comments:

Post a Comment