ဆီး ချို သွေးချိုရောဂါ ဆိုသည်မှာ အသက် အရွယ်မရွေး ကျား မ တိုင်း ဖြစ်နိုင်တဲ့ ရောဂါ တစ်မျိုး ဖြစ်သလို မျိုးရိုး လိုက်တတ်တဲ့ ရောဂါတစ်မျိုး လည်းဖြစ် ပါတယ်။
သွေး တွင်း သကြားဓာတ် များခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆီးချို သွေးချိုရောဂါက လူတွေကို မထင်မှတ်ထားလောက်အောင် ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်မျို းဖြစ်တဲ့ အပြင် တစ်ချက်လေး မှားလိုက်တာနဲ့ လူတွေရဲ့ အသက်ကိုပါ ဆုံးရှုံး ထိခိုက်သွား စေနိုင်တဲ့ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။
ဆီးချို တက်လာပြီ ဆိုရင် ဘယ်လို တွေပြင်းထန်စွာ ခံစားရလည်း ဆိုတာ ထို ရောဂါဆိုးကြီးကို ခံစား နေရတဲ့ ဝေဒနာရှင်တွေ အသိဆုံ းဖြစ်မှာပါ။ ဆီးချိုတက်လာရင် ခေါင်းမထူ နိုင်လောက် အောင် ဆိုးရွားပြီး ဘာမှလည်း စားလို့ မရတော့ ပါဘူး။
ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအတွက် အသုံးဝင်နိုင်မယ်လို့ ထင်တဲ့ ဆေးနည်းကောင်းလေးတစ်လက်ကို ပြန်လည်ဝေမျှပေးချင်ပါတယ်။
ထိုဆေးနည်း ကတော့ မခံစား နိုင်လောက်အောင် တက်နေတဲ့ ဆီးချိုကို ချက်ချင်း ပြန်ကျသွာ းစေနိုင်တဲ့ အိမ်တွင်းဆေးနည်း လေးပါ။
လိုအပ်တာတွေ ကတော့ မာလကာရွက်၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နဲ့ ဆား အနည်းငယ်သာလိုအပ်ပါ။ ဆေးနည်းလေး ကိုတော့ အောက်မှာ ဆက်ကြည့် လိုက်ပါ။
ဆေးနည်း
မာလကာရွက် (၅) ရွက်
ကြက်သွန်ဖြူ (၁) ဥ
ကြက်သွန်နီ (၁) ဥ
-သံပုရာ (၁) စိတ် နဲ့ ဆားအနည်းငယ် တို့ကို ရောပြီး ရေ(၃)ခွက်ထည့်ပြီး တစ်ခွက် စာရအောင် ကျိုပေးရပါမယ်။ ပြီးရင်တော့ ရလာတဲ့ အရည်ကို တစ်နေ့ တစ်ခွက်ပဲ ဖြစ်ဖြစ် ဆီးချိုတက်လာတဲ့ အချိန်ပဲ ဖြစ်ဖြစ် သောက်သုံးလို့ရပါ တယ်။
ဆီးချိုသမားတွေ အတွက် အသုံးဝင်မယ့် တိုင်းရင်းဆေး နည်းဖြစ် သလို ဆေးလုပ်ဖို့ အတွက် ပစ္စည်းတွေအားလုံးကလည်း အလွယ်တကူ ရှာလို့ ရတာကြောင့် ဆီးချိုဝေဒနာရှ င်တွေအတွက် အသုံးဝင် မယ်လို ထင်ပါတယ်။
ဒါ့ပြင် ထိုဆေးနည်းက တိုင်းရင်းဆေး သမားတော်ကြီးတွေ ကိုယ်တိုင် နည်းလမ်းပေး ထားတာကြောင့် ယုံကြည်စွာ သောက်သုံးကြည့်လို့ ရတာကြောင့် လိုအပ်နေတဲ့ ဝေဒနာရှင်တွေကို ပြန်လည် ဝေမျှပေး စေလိုပါတယ်။
Source:ဆေးမြီးတိုများမှတ်စု
No comments:
Post a Comment