Sunday, 2 February 2020
မိဘ အရိပ်
အရွယ်ရောက်ပြီး လူတယောက် အလုပ်လက်ကျော မတင်းပဲ စိတ်သန့်သန့်နဲ့ ထမင်းစားခွင့် ရှိတာမိဘအိမ် တစ်အိမ်ပဲရှိတယ်။
အရွယ်ရောက်ပြီး လူတယောက် ကြိုက်တဲ့ချိန်အိပ် ကြိုက်တဲ့ချိန်ထ ကာလနဂါးကြီး လုပ်ခွင့် ဖြစ်ခွင့်ရတာမိဘအိမ် တစ်အိမ်ပဲရှိတယ်။
အရွယ်ရောက်ပြီး လူတယောက် မစားမသောက်ပဲဆိုးကောက်နေတဲ့ အချိန် ထမင်းစားဖို့ မရမကချော့ခေါ်ကျွေးတတ်တာ ကိုယ့်မိဘတွေပဲ ရှိတယ်။
ကိုယ်လှလှ မလှလှ..ကိုယ် လူစဉ်မှီမှီ မမှီမှီ..ကိုယ် ကောင်းကောင်း မကောင်းကောင်း..ကိုယ် တော်တော် မတော်တော်..ကိုယ့်အပေါ်မေတ္တာ စေတနာမပျက်တာ အနန္တကျေးဇူးရှင် မိဘနှစ်ပါးပါ။
ကိုယ်မိဘက သူများတွေလို မချမ်းသာလို့..ကိုယ့်မိဘက သူများတွေလို ပညာမတတ်လို့ ..ကိုယ့်မိဘက သူများတွေလို လူစဉ်မမှီလို့.. ကိုယ့်မိဘရဲ့ အလုပ်အကိုင်က သူများနည်းတူ အဆင့်မမြင့်လို့ ဆိုပြီး..စိတ်အလိုမကျ မဖြစ်ပါနဲ့ .. မရှက်ပါနဲ့ .. မလေးမစား မလုပ်ပါနဲ့ .. အထင် အမြင် မသေးပါနဲ့ ..လူရာမသွင်း မဆက်ဆံပါနဲ့ .. ကျေးဇူး မကန်းပါနဲ့ ..။
လောကမှာ ဘာဖိအားမှမရှိပဲ ကိုယ်စိတ်ကြိုက် စိတ်လွတ်ကိုယ်လွတ် သက်သောင့်သက်သာစားသောက် နေထိုင်ခွင့် ရှိတာ ကိုယ့်မိဘအိမ် တစ်အိမ်ပဲရှိတယ်။
တစိမ်းလူတွေဆိုတာ ကိုယ်လုပ်နိုင်စွမ်းအား တခုတည်း အပေါ်မှာသာ မူတည်ပြီး ကိုယ့်တန်ဖိုးကိုဆုံးဖြတ်ကျတယ် တစိမ်းလူ ဆိုတာ ကိုယ်လုပ်နိုင်တုန်းပဲ ကိုယ့်ကို ကြည်ဖြူ ကျမှာပါ။
တိုက်တာ အဆောက်အဦးကြီးတွေကိုမဆိုထားပါနဲ့ တဲအိမ်အိုပျက်လေး ဖြစ်နေပါစေကိုယ်မိဘအိမ်မဟုတ်ရင် ကိုယ်စိတ်တိုင်းကျ နေထိုင် စားသောက်ခွင့် မရှိပါဘူး။
ဆုံးရှုံးပြီးမှ မိဘတန်ဖိုးကို သတိထားမိမယ့် အစား မိဘနှစ်ပါး သက်ရှိ ထင်ရှားရှိနေချိန်လေး အတွင်းမှာ….
တန်ဖိုးထား ဆက်ဆံနိုင်ကြပါစေ…
မိဘကျေးဇူး ဆပ်နိုင်ကြပါစေ…
Credit-updatenew
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment