Saturday, 8 February 2020

“အမြတ်တနိုးတန်ဖိုးထားတဲ့ စိန်နဲ့မြ လက်စွပ်လေးကို စိန်ဖူးတော်မှာ ဌာပနာထည့်လိုက်တဲ့ ဆောင်းယွန်းစံ”

သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ ရုပ်ရှင် ဇာတ်ကား ပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး MTV သီချင်းလေးတွေ ရိုက်ရင်း ပရိသတ်တွေ ရင်ထဲ မှတ်မိနေတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ် နော် ။
သူမက သရုပ်ဆောင်ရာမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် တက် တာကြောင့် ပရိသတ်တွေ အမှတ်ရနေမှာ အမှန်ပါ ပဲနော် ။

ချစ်စရာကောင်းပြီး အေးချမ်းတဲ့ အလှကို ပိုင်ဆိုင် ထားတဲ့ ဆောင်းယွန်းစံ ကတော့ ၂၀၁၈အကယ်ဒမီ ရွှေကြိုမယ် အဖြစ်လည်း ပါဝင် ခဲ့ပြီး ပရိသတ်တွေ တခဲနက် အားပေးမှုကို ရရှိခဲ့ သူလေးပဲ ဖြစ်ပါတယ်နော် ။
ပရိသတ်ကြီးရေ ဒီနေ့ ဖေဖော်ဝါရီလ (၈)ရက်နေ့မှာတော့ ကျေးဇူးတော်ရှင် သစ်တံခါး ဆရာတော်ဘုရားကြီးရဲ့ အလိုပြည့် အောင်စေတီတော်မြတ်ကြီး ရွှေထီးတော် တင် လှူပူဇော်ပွဲ အခမ်းအနားလေး ကို ကျင်းပပြုလုပ် ခဲ့ ပါ တယ် ။
အခုလို လှူဒါန်းကြတဲ့ အထဲမှာ မင်းသမီးချောလေး ဆောင်းယွန်းစံ ကလည်း အပါအဝင် ပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံ ကတော့ သူအမြတ်တနိုးနဲ့ ဝတ်ဆင်တဲ့ စိန်နဲ့မြ လက်စွပ်လေးကို စိန်ဖူးတော်မှာ ဌာပနာထည့်သွင်း လှူဒါန်းဖြစ် ခဲ့တာကို
“သစ်တံခါး ဆရာတော် ဘုရားကြီးရဲ့ ထီးတော်တင် လှူပွဲမှာ ဆောင်းယွန်း အမြတ်တနိုး ဝတ်ဆင်ခဲ့သော စိန်နှင့်မြ လက်စွပ်လေးကို စိန်ဖူးတော် တွင် ကိုယ်တိုင် ကိုယ်ကျ ကပ်လှူပူဇော်ခွင့် ရရှိ ခဲ့ ပါတယ်” ဆိုပြီး သဒ္ဒါ ကြည်လင်စွာနဲ့ လှူဒါန်းခဲ့ပြီး ဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ် ကိုလည်း ခံ ယူ ခဲ့ ပါတယ်လို့ ဖော်ပြ ထားတာပဲ ဖြစ် ပါ တယ် ။

No comments:

Post a Comment