ကျွန်တော်စာတွေ သင်ခဲ့ တယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်ဘွဲ့ တစ်ခုကိုရခဲ့တယ်။စစ်ထဲဝင်ခဲ့တယ်။တပ်ရင်းမှူး ဖြစ်ခဲ့တယ်။ ကျွန်တော် အိမ်ကို ပြန်သွားတဲ့ အခါ အသိမှတ်ပြု အလေးပေးတာ ခံခဲ့ရပါတယ်။အမျိုးထဲမှာ ပထမဦးဆုံး ဆရာဝန် အရာရှိ ဖြစ်သူ တစ်ယောက် အနေနဲ့ပေါ့။
ခုချိန်မှာတော့ .ပင်စင်စားကျွန်တော်ဟာ တိ/ဆေးကုခန်း ဖွင့်ထားတယ်။ တိ / ဆေးကုဆရာဝန်တစ်ယောက် အနေနဲ့’ဆရာ’ တော့ အခေါ်ခံရသေး တာပေါ့ ။
တခါတလေ ထောင်ထားတဲ့ လိုင်းကား မှာ စပယ်ယာ လိုက်နေတဲ့’သာမာန်ယောကျာၤး’ တစ်ယောက် ပဲ ဖြစ်သွာ းတယ်။ အတန်းပညာ မတတ်တဲ့ သာမာန် ယောကျာၤး တစ်ယောက် လို့လည်း မြင်မိရင် မြင်မိကြလိမ့်မယ်။
ကျွန်တော် ဘာဘွဲ့ရ ခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားဘူ း။’ဘွဲ့’တွေ ‘ဒီဂရီ’ တွေ ဆိုတာ တန်ဖိုးသိသူတွေလက်ထဲမှာပဲ အသုံးဝင်နေတာ ပါလားလို့ တွေးမိ လာတယ် ။ ” ပညာ ” တွေ အရမ်းတတ် တယ်လို့ ထင်ခဲ့ပေမဲ့ခုချိန် ကားလာပြင်ခိုင်းရင် ပြင်တတ်မှာ မဟုတ်ဘူး။
ကားပြင်ဆရာကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး မက်မောမှာ မဟုတ်ဘူး။’ပညာ’ဆိုတာလည်း အကန့်အသတ်လေးတွေနဲ့ရှိနေတာပါလား ဆိုတာ စဉ်းစားမိ လာတယ်။’ပညာ’ဆိုတာ တကယ်တော့ “ဆင်ခြင်တုံတရား” ပဲ လို့ သိမြင် လာတယ်။
ကျွန်တော် တစ်ခါ လိုင်းကားနောက်လိုက်ရင်း ခရီးသွားတစ်ယောက် ကျွန်တော့်ကို ပစ္စည်းတင်ခိုင်းတယ် ။ကျွန်တော်ပြုံးမိတယ်။ကျွန်တော် ‘ဘယ်သူလဲ’ ဆိုတာ ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး။
‘အောင်မြင်ကျော်ကြားမှု’ နောက်ကို ကျွန်တော်လိုက်နေပေမဲ့..ဒီ ‘အောင်မြင်မှု’ ဆိုတာ ကျွန်တော့်ကို အစဉ်အမြဲ ‘အလေးပြု နေတဲ့အရာ’ မဟုတ်ဘူး ဆိုတာ သဘောပေါက် မိလာတယ်။
ဒါကြောင့်.. “အောင်မြင်မှု” ဆိုတာ တကယ်တော့ ‘လောဘ” ဒေါသ’ နဲ့ ‘မောဟ’ ကို ထိန်းချုပ် ကွပ်ကဲနိုင်ခြင်း ကသာ ‘အောင်မြင်မှုအစစ်အမှန်’ဖြစ်တယ်လို့ လက်ခံလာမိတယ်။
“အလုပ်” တွေ .တော်တော်လုပ်ခဲ့တယ်။အလုပ်ထဲမှာ ဒုတိယဗိုလ်မှူးကြီး ရာထူးတစ်ခု ရရှိခဲ့တယ်။ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ ကျွန်တော်ဟာ ဘာမှမဟုတ်တော့ပြန်ဘူး။
အလှူမင်္ဂလာ ပွဲလမ်းသဘင်တွေဆီ ရောက်တော့ .အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့ မထိုင်ရတော့ဘူး။ဟိုလိုလို ဒီလိုလိုနဲ့ နောက်နားလေး မသိမသာပို့တာခံရတယ်။’အဘ’တို့ ‘ဗိုလ်မှူးကြီး’တို့ ဆိုတဲ့ ‘ရာထူး ရာခံ ဂုဏ်ဒြပ်’ တွေဟာ ကိုယ့်ကို တစ်သက်လုံး မစောင့်ရှောက်နိုင်ပါလား သိနားလည်လာတယ်။
အဲဒီနောက်ပိုင်း..သူကတော့ ဘာမို့လို့ အထင်ကြီးတယ် သူ့ကိုတော့ အထင်သေးတယ်..ဆိုတာတွေ မရှိတော့ဘူး။” နေရာ ” ဆိုတာ ဘယ်နေရာဖြစ်ဖြစ် နေတတ်ဖို့ကသာ အရေးကြီးပါတယ် လို့ တွေးတတ်လာတယ်.။
‘ပိုက်ဆံ’ တွေရှာခဲ့တယ် ။ ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံ့ ခဲ့တယ်..ခရီးတွေသွားခဲ့တယ်။ဝတ်ကောင်းစားလှတွေဝတ်ခဲ့စားခဲ့ တယ်။ ဒါပေမဲ့..ကိုယ့်လောက် မရှိတဲ့ သူရှေ့မှာ ကိုယ်က ‘သူဌေး’ ဖြစ်နေပြီး။
ကိုယ့်ထက်အဆ တစ်ရာလောက် ချမ်းသာတဲ့ သူတွေရှေ့မှာ ကိုယ်က ‘မရှိဆင်းရဲ သားလေး’ဖြစ်သွားတာ တွေ့ရတော့..’ ပိုက်ဆံ ‘ နဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာနေကြပါစေ..အဲဒီ “ဂုဏ်” တွေ …. မြောင်းထဲ ရောက်သွားတဲ့ အခါတွေလည်း ရှိပါသေးလား ..မြင်တတ်လာတယ်။
‘ ပိုက်ဆံ ‘ ဆိုတာ .ဘယ်လောက်ရှိရှိ ။ကိုယ်နဲ့ မထိုက်တန် .ကိုယ့်အတွက် မဟုတ်ရင် … ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ . ထားခဲ့ရတာပါပဲ ။
ကျွန်တော်တို့တတွေ …နေ့တိုင်းရှင်သန်နေကြရပါတယ်။ ‘ပညာ’နောက်ကို လိုက်နေလား။’အောင်မြင် ကျော်ကြားမှု’ နောက်ကို လိုက်နေလား။’ရာထူးရာခံဂုဏ်ဒြပ်’တွေ’စည်းစိမ်ချမ်းသာပကာသန ‘တွေ.. နောက်ကိုများ လိုက်နေမိလား…..။
ဘာတွေ နောက်လိုက်ပြီး….ဘယ်လိုပုံစံနဲ့ …. ရှင်သန်နေကြ တာလဲ…။ကိုယ့်ကိုကိုယ် … မေးကြည့်မိတာဖြစ်ပါတယ်…။
”ဘဝ”အတွေ့အကြုံတွေအရ ဒါတွေဟာ တခဏ အချိန်အတိုင်းအတာ တစ်ခု။ အခြေအနေတစ်ခု။ အတွက်သာ အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့ လည်းကိုယ့်ကို ….”အမြဲ မစောင့်ရှောက်နိုင်ဘူး” ဆိုတာ လက်ခံလာမိတယ်။
ကိုယ်ယုံကြည် အားကိုးလို့ မရဘူး ဆိုတာ သိမြင် လာတယ်။တကယ်တော့ …. လိုက်ချင်းလိုက်ရင်.. ကိုယ့်ကို ဒီ ‘တစ်ဘဝ’ အတွက်သာမက ‘သံသရာ’ မှာပါ ကာကွယ်စောင့်ရှောက်ပေးမဲ့… “တရား” တွေ ။”အကျင့်” တွေ ။”ဉာဏ်” တွေ ။ နောက်ကို လိုက်ကြရမှာပါ။
ဒါကို….ကျွန်တော် စောပြီး သိခဲ့ရတာ..ကံကောင်းပါတယ်။ကျွန်တော်တို့ လူအများစုဟာ ဘယ်တော့မှ’ ပြီးပြည့်စုံသွားပြီ ‘ လို့ မရှိတဲ့ အရာတွေရဲ့ နောက်ကို အမောတကော လိုက်နေကြပါတယ်။
ဘယ်လိုလိုက်လိုက် သေသာသွားရော ဘယ်တော့မှလည်း ပြီးဆုံးသွားသည် မရှိပါဘူး..။ကျွန်တော်လည်း အပါအဝင်ပေါ့လေ..
မောလိုက်တာ..ဘာကိုလိုက်မှန်းမသိ လိုက်နေမိတာ..ဒါပေမဲ့..ကျွန်တော်လေ လုံးဝ မရပ်နိုင်သေးသည့်တိုင်အရှိန်လျှော့ပြီး ဘရိတ်တော့ အုပ်လိုက် နိုင်ပြီဗျ။