Wednesday, 26 February 2020

တစ်စုံတစ်ယောက်က သင့််အိပ်မက်ထဲ ဝင်ရောက်လာတဲ့ အကြောင်းအရင်း(၄)ခု


တစ်ခါတစ်လေမှာ ကိုယ်သူ့အကြောင်းတွေးအိပ်တာလည်း မဟုတ်ပါပဲနဲ့ တစ်စုံတစ်ယောက်ကို အိပ်မက်မက်တာမျိုး ဖြစ်ဖူးကြတယ်ဟုတ်။ ဒီလိုမျိုး ကိုယ့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းမှာ သင့်ကို အံ့သြသွားစေမယ့် အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။

င့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းဟာ ဒီအချက်တွေကြောင့် ဖြစ်ပါတယ်နော် …

သူသင့်ကို သတိရနေလို့

ကိုယ့်အိပ်မက်ထဲကို မဖိတ်ခေါ်ပဲ ရောက်လာတဲ့သူဟာ ကိုယ့်ကို သတိတရရှိနေတဲ့ အတွက်ကြောင့် အိပ်မက်ထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်တွေဟာ တကယ့်ကို အစွမ်းထက်လှပြီးတော့ တစ်စုံတစ်ယောက်က ပြင်းပြစွာ သတိရတဲ့အခါမှာ အဲဒီ့လူရဲ့ အတွေးထဲ၊

အိပ်မက်ထဲထိတိုင်အောင် ဝင်ရောက်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင့်ကိုအရမ်း သတိရလွမ်းဆွတ်နေတဲ့ အတွက်ကြောင့် သင်သူ့ကို အိပ်မက် မက်ခြင်း ဖြစ်ပါတယ် …။

သူသင့်အကြောင်း စဉ်းစားနေလို့

တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာဟာ အဲဒီ့လူက သင့်အကြောင်းကို တွေးတောနေတာ ဒါမှမဟုတ် သင့်အကြောင်း အိပ်မက်မက်နေတဲ့ အတွက်ကြောင့်ပါတဲ့။ တူညီတဲ့ အိပ်မက်ကို မက်ဖို့ဆိုတာ တကယ့်ကို ထူးဆန်းတဲ့ အရာဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေ၊ ခံစားချက်တွေ

အရမ်းပြင်းထန်တဲ့အချိန်မှာ သင့်ရဲ့အိပ်မက်ကို တစ်စုံတစ်ယောက် ရောက်ရှိနေသလိုပဲ သူ့အိပ်မက်ထဲကိုလည်း သင့်ကိုဖိတ်ခေါ်စေနိုင်ပါတယ်။ နောက်ပြီး သင့်အကြောင်းတွေပဲ တွေးနေတဲ့သူတစ်ယောက်ဟာလည်း သင့်ရဲ့အိပ်မက်ထဲကို ရောက်လာနိုင်စွမ်း ရှိပါတယ် …။

သူ့ကြောင့် သင်နာကျင်ခံစားဖူးလို့

တစ်စုံတစ်ယောက်ကြောင့် နာကျင်ခံစားဖူးတဲ့အခါ အဲဒီ့နာကျင်မှုဟာ သင့်ရဲ့ရင်ဘတ်တစ်နေရာမှာ ကိန်းအောင်းနေတတ်ပါတယ်။

ဒီလိုမျိုး သိမ်းဆည်းထားတဲ့ နာကျင်မှုတွေဟာ တစ်ခါတစ်လေမှာ သင့်အိပ်မက်တွေအဖြစ် ရောက်ရှိလာတတ်ပြီး ကိုယ့််ကိုယ်နာကျင်စေခဲ့တဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် သင်မကျေနပ်တဲ့ တစ်ယောက်ယောက်က သင့်အိပ်မက်ထဲထိအောင် လိုက်နှောင့်ယှက်တတ်တာ ဖြစ်ပါတယ် …။

သင် သူ့ကို သဘောကျနေလို့

ကိုယ့်က တစ်စုံတစ်ယောက်ကို သဘောကျနေတဲ့အခါမှာလည်း သူ့အကြောင်း အိပ်မက်မက်တတ်ပါသေးတယ်။ ဥပမာ- ကိုယ်သဘောကျတဲ့ ကောင်လေး၊ ကိုယ်လေးစား အားကျရတဲ့ သူတစ်ယောက်ယောက် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

သင်သဘောကျတဲ့သူဟာ သင့်စိတ်ထဲမှာ နေရာယူထားတဲ့အတွက်ကြောင့် အဲဒီ့တစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တာပဲ ဖြစ်ပါတယ် …။ ။

အိမ်အတွင်း လာဘ်တိတ်စေသော အရာများကိုပြုပြင်၍စီးပွားတက်စေလိုလျှင်


အိမ်အတွင်း လာဘ်တိတ်စေသော အဓိက အရာများကို ပြုပြင်၍ စီးပွားတက်စေခြင်း

၁။ ဘုရားခန်း၊ ဘုရားကျောင်းဆောင် တို့မှာ ရှိနေသော ဖုံ၊ အ မှိုက် တို့ကို သန့်ရှင်းအောင်ပြုခြင်း

၂။ ဘုရား ပန်း တို့ ကို ညှိုးနွမ်းစပြု လာ သည် နှင့် စွန့် ကာ အ သစ် လဲ ခြင်း

၃။ ဘုရားသောက်တော်ရေခွက် တို့ကို ပြောင်လက်သန့်ရှင်းအောင် ပြု၍ကပ်ခြင်း၊မပြောင် လက်တော့ ပါ က နှမြောမေ န ပဲ အ သစ် လဲ လှယ်ခြင်း

၄။ ဘုရား လျှပ်စစ်မီးသီး ကျွမ်းခြင်း၊ပျက်ခြင်း ဖြစ်ပါက အမြန်အသစ် လဲလှယ်ခြင်း

၅။ မအပ်စပ်သော အရာများ ကို ဘုရားကျောင်းဆောင်၊ ဘု ရား စင် မှ ဖယ်ရှားခြင်း

၆။ဘုရားကျောင်းဆောင် တို့ကို အေ မွှး နံ့ သာ တို့ဖြင့် သပ္ပါယ်အောင် ပြုပေးခြင်း

၇။ အိမ် အ တွင် း၌ ရန်ဖြစ်ခြင်း၊ဆဲ ဆိုခြင်း ၊ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းတို့ ကိုရှောင်ရှားခြင်း

၈။ မိမိအိမ် သို့ရောက် လာသော ခေတ္တဧည့်သည် ဖြစ်စေ ၊ လာလည် သော ဧည့်သည် ဖြစ်စေ၊ ညအိပ် ဧည့်သည်ဖြစ်စေ အစာအာဟာရ ဒါနပြုပေးခြင်း


ဆ ရ ာကျော် ဆန်း လွင်

လူတိုင်းဖတ်သင့်တဲ့ ပင်စင်စားတစ်ယောက်ရေးထားတဲ့ သံဝေဂစာ


ကျွန်တော်စာတွေ သင်ခဲ့ တယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်ဘွဲ့ တစ်ခုကိုရခဲ့တယ်။စစ်ထဲဝင်ခဲ့တယ်။တပ်ရင်းမှူး ဖြစ်ခဲ့တယ်။ ကျွန်တော် အိမ်ကို ပြန်သွားတဲ့ အခါ အသိမှတ်ပြု အလေးပေးတာ ခံခဲ့ရပါတယ်။အမျိုးထဲမှာ ပထမဦးဆုံး ဆရာဝန် အရာရှိ ဖြစ်သူ တစ်ယောက် အနေနဲ့ပေါ့။

ခုချိန်မှာတော့ .ပင်စင်စားကျွန်တော်ဟာ တိ/ဆေးကုခန်း ဖွင့်ထားတယ်။ တိ / ဆေးကုဆရာဝန်တစ်ယောက် အနေနဲ့’ဆရာ’ တော့ အခေါ်ခံရသေး တာပေါ့ ။

တခါတလေ ထောင်ထားတဲ့ လိုင်းကား မှာ စပယ်ယာ လိုက်နေတဲ့’သာမာန်ယောကျာၤး’ တစ်ယောက် ပဲ ဖြစ်သွာ းတယ်။ အတန်းပညာ မတတ်တဲ့ သာမာန် ယောကျာၤး တစ်ယောက် လို့လည်း မြင်မိရင် မြင်မိကြလိမ့်မယ်။

ကျွန်တော် ဘာဘွဲ့ရ ခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားဘူ း။’ဘွဲ့’တွေ ‘ဒီဂရီ’ တွေ ဆိုတာ တန်ဖိုးသိသူတွေလက်ထဲမှာပဲ အသုံးဝင်နေတာ ပါလားလို့ တွေးမိ လာတယ် ။ ” ပညာ ” တွေ အရမ်းတတ် တယ်လို့ ထင်ခဲ့ပေမဲ့ခုချိန် ကားလာပြင်ခိုင်းရင် ပြင်တတ်မှာ မဟုတ်ဘူး။

ကားပြင်ဆရာကလည်း ကိုယ်ရထားတဲ့ ဘွဲ့မျိုး မက်မောမှာ မဟုတ်ဘူး။’ပညာ’ဆိုတာလည်း အကန့်အသတ်လေးတွေနဲ့ရှိနေတာပါလား ဆိုတာ စဉ်းစားမိ လာတယ်။’ပညာ’ဆိုတာ တကယ်တော့ “ဆင်ခြင်တုံတရား” ပဲ လို့ သိမြင် လာတယ်။

ကျွန်တော် တစ်ခါ လိုင်းကားနောက်လိုက်ရင်း ခရီးသွားတစ်ယောက် ကျွန်တော့်ကို ပစ္စည်းတင်ခိုင်းတယ် ။ကျွန်တော်ပြုံးမိတယ်။ကျွန်တော် ‘ဘယ်သူလဲ’ ဆိုတာ ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး။

‘အောင်မြင်ကျော်ကြားမှု’ နောက်ကို ကျွန်တော်လိုက်နေပေမဲ့..ဒီ ‘အောင်မြင်မှု’ ဆိုတာ ကျွန်တော့်ကို အစဉ်အမြဲ ‘အလေးပြု နေတဲ့အရာ’ မဟုတ်ဘူး ဆိုတာ သဘောပေါက် မိလာတယ်။

ဒါကြောင့်.. “အောင်မြင်မှု” ဆိုတာ တကယ်တော့ ‘လောဘ” ဒေါသ’ နဲ့ ‘မောဟ’ ကို ထိန်းချုပ် ကွပ်ကဲနိုင်ခြင်း ကသာ ‘အောင်မြင်မှုအစစ်အမှန်’ဖြစ်တယ်လို့ လက်ခံလာမိတယ်။

“အလုပ်” တွေ .တော်တော်လုပ်ခဲ့တယ်။အလုပ်ထဲမှာ ဒုတိယဗိုလ်မှူးကြီး ရာထူးတစ်ခု ရရှိခဲ့တယ်။ဒါပေမဲ့ အလုပ်ရပ်လိုက်တဲ့နေ့မှာ ကျွန်တော်ဟာ ဘာမှမဟုတ်တော့ပြန်ဘူး။

အလှူမင်္ဂလာ ပွဲလမ်းသဘင်တွေဆီ ရောက်တော့ .အရင်လို ရှေ့ဆုံးဝိုင်းမှာ ရာထူးရာခံရှိသူတွေနဲ့ မထိုင်ရတော့ဘူး။ဟိုလိုလို ဒီလိုလိုနဲ့ နောက်နားလေး မသိမသာပို့တာခံရတယ်။’အဘ’တို့ ‘ဗိုလ်မှူးကြီး’တို့ ဆိုတဲ့ ‘ရာထူး ရာခံ ဂုဏ်ဒြပ်’ တွေဟာ ကိုယ့်ကို တစ်သက်လုံး မစောင့်ရှောက်နိုင်ပါလား သိနားလည်လာတယ်။

အဲဒီနောက်ပိုင်း..သူကတော့ ဘာမို့လို့ အထင်ကြီးတယ် သူ့ကိုတော့ အထင်သေးတယ်..ဆိုတာတွေ မရှိတော့ဘူး။” နေရာ ” ဆိုတာ ဘယ်နေရာဖြစ်ဖြစ် နေတတ်ဖို့ကသာ အရေးကြီးပါတယ် လို့ တွေးတတ်လာတယ်.။

‘ပိုက်ဆံ’ တွေရှာခဲ့တယ် ။ ဒီပိုက်ဆံတွေနဲ့ မိသားစုကို ထောက်ပံ့ ခဲ့တယ်..ခရီးတွေသွားခဲ့တယ်။ဝတ်ကောင်းစားလှတွေဝတ်ခဲ့စားခဲ့ တယ်။ ဒါပေမဲ့..ကိုယ့်လောက် မရှိတဲ့ သူရှေ့မှာ ကိုယ်က ‘သူဌေး’ ဖြစ်နေပြီး။

ကိုယ့်ထက်အဆ တစ်ရာလောက် ချမ်းသာတဲ့ သူတွေရှေ့မှာ ကိုယ်က ‘မရှိဆင်းရဲ သားလေး’ဖြစ်သွားတာ တွေ့ရတော့..’ ပိုက်ဆံ ‘ နဲ့ ပြပြီးဘယ်လိုပဲ ဂုဏ်ဆာနေကြပါစေ..အဲဒီ “ဂုဏ်” တွေ …. မြောင်းထဲ ရောက်သွားတဲ့ အခါတွေလည်း ရှိပါသေးလား ..မြင်တတ်လာတယ်။

‘ ပိုက်ဆံ ‘ ဆိုတာ .ဘယ်လောက်ရှိရှိ ။ကိုယ်နဲ့ မထိုက်တန် .ကိုယ့်အတွက် မဟုတ်ရင် … ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာဖွေ ရှာဖွေ . ထားခဲ့ရတာပါပဲ ။

ကျွန်တော်တို့တတွေ …နေ့တိုင်းရှင်သန်နေကြရပါတယ်။ ‘ပညာ’နောက်ကို လိုက်နေလား။’အောင်မြင် ကျော်ကြားမှု’ နောက်ကို လိုက်နေလား။’ရာထူးရာခံဂုဏ်ဒြပ်’တွေ’စည်းစိမ်ချမ်းသာပကာသန ‘တွေ.. နောက်ကိုများ လိုက်နေမိလား…..။

ဘာတွေ နောက်လိုက်ပြီး….ဘယ်လိုပုံစံနဲ့ …. ရှင်သန်နေကြ တာလဲ…။ကိုယ့်ကိုကိုယ် … မေးကြည့်မိတာဖြစ်ပါတယ်…။

”ဘဝ”အတွေ့အကြုံတွေအရ ဒါတွေဟာ တခဏ အချိန်အတိုင်းအတာ တစ်ခု။ အခြေအနေတစ်ခု။ အတွက်သာ အသုံးဝင်တာသေချာပြီး နောက်ဆုံးတော့ လည်းကိုယ့်ကို ….”အမြဲ မစောင့်ရှောက်နိုင်ဘူး” ဆိုတာ လက်ခံလာမိတယ်။

ကိုယ်ယုံကြည် အားကိုးလို့ မရဘူး ဆိုတာ သိမြင် လာတယ်။တကယ်တော့ …. လိုက်ချင်းလိုက်ရင်.. ကိုယ့်ကို ဒီ ‘တစ်ဘဝ’ အတွက်သာမက ‘သံသရာ’ မှာပါ ကာကွယ်စောင့်ရှောက်ပေးမဲ့… “တရား” တွေ ။”အကျင့်” တွေ ။”ဉာဏ်” တွေ ။ နောက်ကို လိုက်ကြရမှာပါ။

ဒါကို….ကျွန်တော် စောပြီး သိခဲ့ရတာ..ကံကောင်းပါတယ်။ကျွန်တော်တို့ လူအများစုဟာ ဘယ်တော့မှ’ ပြီးပြည့်စုံသွားပြီ ‘ လို့ မရှိတဲ့ အရာတွေရဲ့ နောက်ကို အမောတကော လိုက်နေကြပါတယ်။

ဘယ်လိုလိုက်လိုက် သေသာသွားရော ဘယ်တော့မှလည်း ပြီးဆုံးသွားသည် မရှိပါဘူး..။ကျွန်တော်လည်း အပါအဝင်ပေါ့လေ..

မောလိုက်တာ..ဘာကိုလိုက်မှန်းမသိ လိုက်နေမိတာ..ဒါပေမဲ့..ကျွန်တော်လေ လုံးဝ မရပ်နိုင်သေးသည့်တိုင်အရှိန်လျှော့ပြီး ဘရိတ်တော့ အုပ်လိုက် နိုင်ပြီဗျ။

Tuesday, 25 February 2020

ကွဲကွာနေတဲ့ မိဘတွေကိုတွေ့ရဖို့ လမ်းစားရိတ်အတွက် SUPER 100 မှာ ဝင်ပြိုင်ခဲ့တဲ့ ထိုင်းရောက်မြန်မာမလေး


လူတိုင်း လူတိုင်းဟာ ချစ် ရ တဲ့ မိဘတွေ နဲ့ အ တူ တူ ပဲ မရှိ အ တူ ရှိ အ တူ နေ ထိုင် ချင် ကြ ပါ တယ် ။ ဒါပေမယ့် စီးပွားရေး အဆင်မပြေမ ှုတွေကြောင့်

ဆင်းရဲလှတဲ့ မြန်မာ မိဘနှစ်ဦးနဲ့ ငယ်စဉ်က တည်းက ခွဲခွာပြီး ဦးလေးရှိရာ ထိုင်းနိုင်ငံမှာ နေထိုင် ခဲ့ရတဲ့ မိန်းကလေး ရှိ ပါ တယ်။
သူမရဲ့ နာမည်ကတော့ ပန်ပန်လို့အမည်ရပြီး ငယ်စဉ် ကတည်းက မိဘတွေနဲ့ ခွဲ ရလို့ ကိုယ့်ရဲ့အ သက်တောင် မသိရရှာ ပါဘူး။

စိတ်ကူး အိမ်မက် ကတော့ ပိုက်ဆံတွေ ရှာပြီး မြန်မာနိုင်ငံက မိဘတွေကို ထောက်ပံ့ဖို့နဲ့ ၁၀နှစ်ကျော် ဝေးကွာနေတဲ့ မိဘရင်ခွင် ခိုလှုံဖို့ပါပဲ။
သူမရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ ြက်မွှေးမြူရေး လုပ်ငန်းမှာ အလုပ်ကိုင်ကိုင်ေ နရင်း ထိုင်နိုင်ငံရဲ့ နာမည်ကြီး အစီအစ ဉ်ဖြစ်တဲ့ Super 100မှာ

ကျွမ်းကျင်မ ှုဖြစ်တဲ့ ကြက်ဥတွေကို အလေးချိန်ရွေးုပြပြီး ပြိုင်ပွဲဝင် ခဲ့ ပါ တယ် ။

သူမရဲ့ မိဘတွေတွေ့ရဖို့ အိပ်မက်ဟာ ပြိုင်ပွဲဝင် ပြိုင် ရင်း အမှန်တကယ် ဖြစ်လာမလား ဆိုတာ အောက်က videoလေးမှာ ဆက်လက် ကြည့်ရှုကြ ပါ ဦးနေ ာ်။ ကြည့် နေ ရင်း မျက် ရည် သုတ် ဖို့ ပုဝါလေးလည်း ဆောင် ထား ကြ ပါ ဦး ။

မင်း လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့


တစ်ယောက်ထဲလည်း နေတတ်အောင်နေပါ… မင်း စိတ်ညစ်နေလား_?

ငါ ဒီလိုနေလို့မဖြစ်ဘူး ဆိုပီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။ ဘဝအတွက် လေ့လာ သင်ယူ ပါ စာများများဖတ်ပါ သူများကို သွားပြောတာ ထက် အများကြီး သာတယ်။

မင်း ဝမ်းနည်းနေလား_?

ခဏလောက် အားရပါးရ ငိုချပစ် လိုက် ပါ။ ဘယ်သူ့မှ ပြောမနေနဲ့ ပိုးပြီး မျက်ရည်ကျအောင် လုပ်မဲ့သူပဲရှိတယ်။ ငိုစရာ ရှိတာ ကိုယ့်ဟာကို ငိုချလိုက် ပြီးရင် တည်ငြိမ် လာလိမ့် မယ်။

မင်း အရမ်း မွန်းကြပ်နေလား_?

သီချင်းလေး ဘာလေး နားထောင် စိတ်ပြေ လက်ပျောက်ဖြစ်အောင် နေပါ။ သူများကို သွားပြောရင် မွန်းကြပ်တာ ကနေ ထွက်ပေါက်ပါ ပိတ်သွား လိမ့်မယ် ။

မင်း စိတ်ဓာတ်ကျနေလား_?

ဘာအားငယ် စရာ ရှိလဲ စိတ်ဓာတ်ကျတာ မင်းအပြစ် မဟုတ်ဘူး လူတိုင်းကျ တတ်တာပဲ ကိုယ်တိုင် ပြန်ပီး ဆွဲမတင်နိုင်မှ မင်းအပြစ်ဖြစ်မှာ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ့် ကို ကိုယ် အားကိုး စမ်းပါ ။

လောကမှာ ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်ဘူး ကိုယ့်အားကိုကိုး ကိုယ့်သမိုင် းကိုယ်ရေးပါ။ မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက် ကူညီမဲ့လူ ရှာ းတယ် ။

မိဘကိုလဲ တစ်သက်လုံး ဘယ်တော့မှ ဒုက္ခပေးမနေနဲ့ မင်းကိုယ်မင်းပဲ အပြည့် အဝ ပြန်ပြီး ကူညီ လိုက် ပါ ။ မ လို အပ် ပဲ ဘယ် သူ ကို မှ လဲ ရင် မ ဖွင့် မိစေ နဲ့ ။

Credit original

ဆင်းရဲ လို့ဆိုပြီး လမ်းခွဲစ ကားပြောတဲ့ချစ်သူ ကို သင်ခန်းစာပြန်ပေးခဲ့တဲ့ အမျိုးသား


ချစ် သူတွေအနေနဲ့ ကိုယ့်ချစ်သူက ကိုယ့်ကိုစွဲစွဲလမ်းလမ်း ချစ်မြတ်နိုးနေတယ်ဆိုတဲ့ အသိရှိရုံနဲ့တင် ဘဝဟာ နေပျော်နေပါပြီ။ ဒါပေမယ့် ကိုယ့်ကို ချစ်ပါတယ်ဆိုတဲ့ လူဟာ ကိုယ့်ထက်စာရင် ကိုယ်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို ပိုချစ်နေတယ်ဆိုရင် ဘယ်လိုများ ဖြစ်လိမ့်မလဲ။

တရုတ်နိုင်ငံက ဒေးဗစ်အမည်ရတဲ့ အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ ရည်းစားဟောင်းအကြောင်းကို Dcard အမည်ရတဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ဒေးဗစ်က သူ့ရည်းစားဟောင်းမိန်းကလေးဟာ ပစ္စည်းဥစ္စာမက်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးလို့ ထင်ခဲ့မိပါတယ်။

ဒါပေမယ့် အချိန်လာတာနဲ့အမျှ မိန်းကလေးအချစ်ဟာ သူ့အပေါ်မှာ အကန့်အသတ်နဲ့ ဖြစ်နေတာကို သိလိုက်ရပါတယ်။ သူတို့နှစ်ဦး သမီးရည်းစားဘ၀ အစတုန်းက တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေကြပါတယ်။ ရန်လဲဖြစ်ခဲပါတယ်။ ဒီလိုနဲ့ သမီးရည်းစားသက်တမ်းကို ဖြတ်သန်းလာနေရင်းက ကောင်မလေးက သူ့ကို အခြားလူတွေနဲ့ စတင်ခိုင်းနှိုင်းရာကနေ ပြဿနာစလာခဲ့ပါတယ်။

ကောင်မလေးက တဖြည်းဖြည်းနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ အပေါ်မှာ ပိုပြီး မှီခိုလာပါတယ်။ သမီးရည်းစားဖြစ်ခါစတုန်းကတော့ နှစ်ယောက်သား လမ်းဘေးဆိုင်လေးတွေမှာပဲ ထိုင်ပြီး အတူတူစားသောက်၊ တစ်ခါတစ်လေ ရုပ်ရှင်သွားကြည့်တာလေးတွေ ရှိပါတယ်။

ဒါပေမယ့် နောက်ပိုင်းကျတော့ လမ်းဘေးဆိုင်တွေမှာ မစားနိုင်ဘူးဆိုဘူး ကောင်မလေးက ငြင်းပယ်လာပါတယ်။ ကောင်မလေးနဲ့ ရည်းစားဖြစ်တဲ့ အချိန်တုန်းက ဒေးဗစ်က ရိုးရိုးအေးအေးပဲ နေထိုင်လာခဲ့တာပါ။

သူဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာခဲ့ပေမယ့် အနေရိုးတာကြောင့် သူ့ကို ဘယ်သူကမှ သူဌေးသားလို့ မထင်ခဲ့ကြပါဘူး။ ဒေးဗစ်ဟာ သူကိုယ်တိုင်ကလည်း ကောင်မလေးကို သူဟာ ပိုက်ဆံချမ်းသာတဲ့ အသိုင်းအဝိုင်းကပါလို့ ဖွင့်မပြောခဲ့ပါဘူး။

သူလက်ထပ်မယ့် ကောင်မလေးရဲ့ အချစ်ဟာ သူ့အတွက်လား၊ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေအတွက်လားဆိုတာ မှန်မှန်ကန်ကန် သိရဖို့ ဒေးဗစ်ဟာ အချိန်စောင့်နေခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်မှာတော့ ကောင်မလေးက ဒေးဗစ်ကို အခုလို ဖွင့်ပြောလာခဲ့ပါတယ်။ တခြားအမျိုးသား ကောင်လေးတွေဟာ သူတို့ချစ်သူ ကောင်မလေးတွေကို တန်ဖိုးကြီးစမတ်ဖုန်းတွေ၊ နာမည်ကျော်တံဆိပ် အဝတ်အစားနဲ့ ပစ္စည်းအသုံးအဆောင်တွေကို ဝယ်ပေးကြပေမယ့် သူမကတော့ မရဘူး။

ပြီးတော့ အမြဲတမ်းလိုလို လမ်းဘေးဆိုင်တွေမှာပဲ သူမကို ကျွေးပြီး ညဈေးတန်းက ပစ္စည်းတွေကိုပဲ ဝယ်ပေးတယ် စသဖြင့် ငြီးငြူပြောဆိုလာပါတယ်။ ဒီလိုနဲ့ ရန်ဖြစ်ပြီး ကောင်မလေးဘက်က လမ်းခွဲဖို့ စတင်တောင်းဆိုခဲ့ပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ ဒေးဗစ်ဟာကောင်မလေးကို နောက်ဆုံးတစ်ကြိမ်အဖြစ် သူနဲ့အတူ ညစာစားပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။လမ်းခွဲမယ့်နေ့ရောက်လာတဲ့အခါမှာတော့ ဒေးဗစ်ဟာ ကောင်မလေးကို BMW ကားနဲ့ သွားခေါ်ခဲ့ပါတယ်။

ကားမြင်တာနဲ့ ရုတ်တရက်အံ့သြသွားတဲ့ ကောင်မလေးရဲ့ မျက်နှာကိုမြင်တော့ ဒေးဗစ်ဟာ တော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။ ကောင်မလေးကို ကားပေါ်တင်ပြီး သူ့အိမ်ရှိရာဆီ မိဘတွေနဲ့ တွေ့ပေးဖို့ ခေါ်သွားခဲ့ပါတယ်။ ဒေးဗစ်ရဲ့ အိမ်က အိမ်ကြီးအိမ်ကောင်း အကြီးကြီးတစ်ဆောင် ဖြစ်ပြီး အစေခံတွေကလည်း အများကြီးပါ။

အိမ်ထဲက ထမင်းစားပွဲကြီးမှာတော့ ဧည့်သည်မိန်းကလေးကို ထမင်းကျွေးဖို့ စားသောက်ဖွယ်ရာအမယ်မယ်တို့ကို အစုံအလင် ခင်းကျင်းထားပါတယ်။ ဒေးဗစ်က ကောင်မလေးကို မိဘတွေနဲ့ တွေ့ဆုံပေးပြီး သူ့ရဲ့ အကောင်းဆုံး အမျိုးသမီးသူငယ်ချင်းအနေနဲ့သာ မိတ်ဆက်ပေးခဲ့ပါတယ်။

မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့ အခိုက် သူငယ်ချင်းဆိုတဲ့အသံကြားခဲ့ပေမယ့် ကောင်မလေးဟာ မျက်နှာကို ပြုံးမြဲပြုံးထားဆဲပါပဲ။ စားသောက်ပြီးစီးလို့ ကောင်မလေးကို အိမ်ပြန်ပို့တဲ့အခါမှာတော့ သူမက အရင်တုန်းက သူမဆက်ဆံခဲ့တဲ့ပုံစံအတွက် ဝမ်းနည်းစကားဆိုခဲ့ပေမယ့် ဒေးဗစ်က ကိစ္စမရှိကြောင်းနဲ့ သူမလိုချင်တဲ့ဘဝမျိုး သူမပေးနိုင်ပါဘူးလို့ ငြင်းပြီး လမ်းခွဲခဲ့ကြပါတယ်။

ဒေးဗစ်ကတော့ သူ့အဖြစ်လေးကို ပြန်ပြောင်းပြောရရင်း ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့အချစ်ဟာ ဘယ်တော့မှ မခိုင်မြဲကြောင်းနဲ့ အချစ်စစ်ဟာ တွေ့ရခဲကြောင်း ပြောပြသွားခဲ့ပါတယ်။

ပျော်ရွှင်တဲ့အချစ်ရေးတစ်ခုပိုင်ဆိုင်ဖို့ ထိန်းငြှိပေးရမယ့်စည်းဘောင်များ


ဘဝမှာ အချစ်ဆိုတာကို ကောင်းမွန်တဲ့ အရာဖြစ်အောင် အသုံးချတတ်ဖို့ လိုအ ပ်ပါတယ်။ အချစ်က ဘဝအတွက် အချစ်သပ်သပ်ဖြစ်နေရုံ ပဲကောင်းပြီး အဆိပ်အဖြစ်ပြောင်းလဲမိသွားရင်တော့ သင့်ရဲ့ ဘဝက ကမောက်ကမ ဖြစ်သွားမှာ အသေအချာပါ။

ဒါကြောင့် အချစ်ကို အချစ်အဖြစ်ပဲ ထားမလား၊ အဆိပ်ပဲ ပြောင်းလဲမလား ဆိုတာကတော့ သင့်အပေါ်မှာပဲ အားလုံး မူတည် ပါတယ်။ အချစ်က ဘဝအတွက် ကောင်းမွန်တဲ့ အရာဖြစ်လာအောင် သင့်ချစ်သူအပေါ် ဘယ်လို စည်းဘောင်တွေ ထားသင့် သလဲ။

အရမ်းကြီး ပစ်ပစ်ခါခါ မဆက်ဆံပါနဲ့

ငါ့ချစ်သူပဲ ငါဘာလုပ်လုပ် ကိစ္စမရှိဘူးဆိုပြီး တစ်ချိန်လုံး ကိုယ့်စိတ်ကြိုက်၊ ကိုယ့်ပုံစံပဲ လုပ်နေရင်တော့ တစ်ဖက်လူအတွက် အဆင်မပြေ နိုင်ပါဘူး။ တစ်ချို့တွေက ချစ်တာကို အကြောင်းပြပြီး အရမ်းနိုင်ထက်စီးနင်းဆန်တဲ့ အပြုအမူတွေ လုပ်တတ်ကြ ပါတယ်။

ဒါဟာ ဆက်ဆံရေးတစ်ခု ပြိုကွဲသွားစေနိုင်တဲ့ အက်ကြောင်းဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ ငါနဲ့သူဟာ အဆင်မပြေဘူးလို့ သင့်ချစ်သူက သတ်မှတ်သွားနိုင် ပါတယ်။

အရာရာကို သူ့စိတ်ကြိုက်ပုံဖော်ခွင့်မပေးပါနဲ့

ခုနားကအချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အချက်ပေါ့နော်။ ကိုယ်က ချစ်တယ်ဆိုတိုင်း သူဘာလုပ်လုပ် သည်းခံအလျော့ပေးတာ၊ သူဘယ် အချိန်ခေါ်ခေါ် အပြေးတပိုင်း သွားတွေ့တာမျိုး၊ ညည့်နက်သန်းခေါင် သူ့ဆီက အကြောင်းမရှိပဲ ဖုန်းဆက်တာကို ချစ်လို့ ဆိုပြီး

အိပ်ရေးပျက်ခံ ဖုန်းလက်ခံပြောတာ စသဖြင့်ပေါ့ သူ့စိတ်ကြိုက် ပုံဖော်ခံနေရ တဲ့သူ အဖြစ်ကို မရောက်ပါစေနဲ့။ ချစ်တာနဲ့ပဲ အကုန်လုံး သူ့သဘော သူ့ဆန္ဒ သူရဲ့ နယ်ရုပ်တစ်ရုပ်လို ကိုယ့်ကိုယ်ကို မလုပ်မိပါစေနဲ့။

အတိတ်ကို မတူးဆွပါနဲ့

အဲဒီ့လူကို လက်ခံနိုင်လို့ လက်ခံထားပြီးကာမှ သူ့ရဲ့ အတိတ် ဒါမှမဟုတ် ကိုယ့်ရဲ့အတိတ်ကို သူခဏခဏပြောတတ်တာမျိုး မလုပ်မိအောင် ပြင်ဆင်ပါ။ သူ့ရဲ့ အတိတ်ကို လက်မခံနိုင်ရင် အစတည်းက လက်မခံပါနဲ့။

သေချာစဉ်းစားပြီးမှ ရွေးချယ်ထားပြီဆိုရင်တော့ အဲဒီ့အတိတ်ကို မေ့ထားလိုက်သင့်ပါပြီ။ သူ့ရဲ့ အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာတော့ သူဟာ သင့်ချစ်သူပါပဲ။ သင့်ရဲ့ အတိတ်ကိုလည်း သင့်ချစ်သူက ခဏခဏ ပြန်ပြောတာမျိုးတွေ မလုပ်မိအောင် ကြိုတင်ပြောပြထားပါ။

ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို မမေ့ပါနဲ့

အချစ်က အချစ် ဘဝက ဘဝပါနော် အချစ်နဲ့ ဘဝကို ရောမပစ်ပါနဲ့။ အချစ်နောက်ပဲ တကောက်ကောက် လျှောက်လိုက်နေပြီး ကိုယ့်ဘဝရဲ့ အိပ်မက်ပန်းတိုင်နောက်ကို လိုက်ဖို့လည်း မမေ့ပါနဲ့။ အချစ်နဲ့ ဘဝပန်းတိုင်ကို သတ်သတ်စီခွဲထားပြီး ကိုယ့်ဘဝအတွက် ကြိုးစားပါ။

ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေဆီ ရောက်အောင်သွားပါ။ တစ်ခါတစ်လေမှာ လူတွေဟာ အချစ်အတွက်ပဲ အချစ်ကုန်ခံနေတတ်ပြီး ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို မေ့လျော့နေတတ်ကြပါတယ်။

သူရှိရင်အရာရာ ပြည့်စုံပြီလိုထင်နေတတ်ကြြ့ပီး ကိုယ့်ဘဝကို သူဆီမှာပဲ ပုံအောထားတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ဘဝကို တစ်ခြားသူတစ်ယောက်ကြောင့် ရပ်တန့်နေတာမျိုး မလုပ်မိပါစေနဲ့။

အမှီအခိုကင်းကင်း ရပ်တည်နိုင်သူတစ်ယောက်ဖြစ်အောင် နေပါ

သူနဲ့ကိုယ်ဟာ ချစ်သူတွေဆိုပေမယ့် အကြောင်းတစ်ခုကြောင့် သဘောထားတွေမတိုက်ဆိုင်တော့လို့ လမ်းခွဲပြတ်စဲကြတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဟာ သူမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေမျိုးကို မရောက်မိအောင် ကြိုတင်ကာကွယ်ပါ။

သူထားခဲ့လည်း ကိုယ့်ဘဝကို အကောင်းဆုံးနဲ့ လှလှပပ ရပ်တည်နိုင်သူ တစ်ယောက် ဖြစ်နေပါစေ။ ဒါဟာ အစကတည်းက ကိုယ်တိုင်လေ့ကျင့်ထားရမယ့် အရာဖြစ်ပြီး ဘယ်သူကိုမှ အားမကိုးတတ်တဲ့ အမှီအခိုကင်းတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

စတော်ဘယ်ရီသီးစားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ


စတော်ဘယ်ရီသီးက အရသာရှိပြီး စားလို့ကောင်းရုံတင်မကပါဘူး၊ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ဗီတာမင် C ၊ ဗီတာမင် K ၊ ဖော်လစ် အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနီ၊ ပိုတက်ဆီယမ် စတဲ့ ဓာတ်တွေလည်း အများကြီးပါဝင်နေ ပါတယ်။

အဲ့ဒီအပြင် စတော်ဘယ်ရီ တစ်ခွက်လုံးစာမှ ၄၉ ကယ်လိုရီဘဲ ပါဝင်တာကြောင့် Diet လုပ်နေသူတွေလည်း စားလို့ရပါတယ်။ ကမ္ဘာပေါ်မှာ စတော်ဘယ်ရီ အမျိုးကွဲပေါင်း ၆၀၀ လောက်ပါဝင်ပြီး Antioxidants တွေအများဆုံး ပါဝင်တဲ့ အသီးအနှံတွေထဲမှာ ပါဝင်နေ ပါတယ် ။

သွေးတိုးကို ထိန်ုးညှိပေးလျစ်လျူမရှု သင့်တဲ့ သွေးတိုးတဲ့ လက္ခဏာများသွေးတိုး ရှိသူတွေ စားပေးသင့်ပါတယ်။ ပုံမှန်စားပေးရင် သွေးတိုးကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံး အောက်စီဂျင် ဖြန့်ဝေပေးမှုကို ထိရောက်စေ ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေးအမျှင်ဓာတ်၊ Phytochemicals တွေနဲ့ ဗီတာမင်ဓာတ်တွေပါဝင်မှုများတာကြောင့် သွေးအတွင်း ကိုလက်စထရော တွေကို ထိန်းညှိပေးပြီး နှလုံးကြွက်သားတွေကို သက်တောင့် သက်သာဖြစ်စေ ပါတယ်။

အသားအရေကို လှပစေ အသားအရေ လှပဖို့ စပျစ်သီးကို စားသုံးကြ ရအောင် စတော်ဘယ်ရီသီးမှာ Antioxidants မျိုးစုံပါဝင်နေပါတယ်။ ဗီတာမင် စီလည်း ပါဝင်တာကြောင့် အသားရေနဲ့ ခန္ဓာကိုယ်ကို Free Radicals တွေကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် အသားအရေ တင်းရင်းနေအောင် လုပ်ဆောင်ပေးတဲ့ Collagen တွေ ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

ကင်ဆာရောဂါကို တိုက်ဖျက်ပေးသကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင် စတော်ဘယ်ရီကို ပုံမှန်စားပေးရင် ရင်သား၊ ဆီးကျိတ်၊ အစာအိမ်ဟောင်းနဲ့ အသားအရေ ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဗီတာမင် စီဓာတ်က ကင်ဆာရောဂါကို ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

Monday, 24 February 2020

‘Relationship တစ်ခုခိုင်မြဲချင်ရင်’


1-အပြန်အလှန် ချစ်ပါ။

2-မ လိမ် ပါ နဲ့ ။

3-အဆက် အသွယ် ပြတ် တာ မျိုး မရှိ ပါစေ နဲ့ ။

4-တစ်ခုခု နာကျင် ရ ရင် ခွင့်လ ွှတ်ပြီး မေ့ ပစ် ပါ ။

5-ပြတ်မယ်/လမ်းခွဲ မယ်လို့ လုံးဝ မပြော ပါ နဲ့။

6-ဖြစ်နိုင်ရင် မရွဲ့ပါနဲ့။

7-တစ်ယောက်နဲ့ တစ်ယောက်ကြား”မာနနဲ့အတ္တ”ကိုမေ့ ထား ပါ ။

8-ကိုယ်မှားတဲ့ အခါတောင်းပန်ပါ/ သူမှားတာကို ခွင့်လွှတ်ပါ (ချစ်သူတွေပါ ရန်သူတွေမှ မဟုတ်တာ မှတ်မထားပါနဲ့)

9-(EX) အကြောင်းလုံးဝ မပြောပါနဲ့။

10-အတိတ်နဲ့ ပစ္စုန်ပ္ပန်ကို မနိူင်းယှဉ် ပါနဲ့။

11-အပေးနဲ့ အယူ မျှတမှု ရှိပါစေ။

12-သူ/သူမ ရဲ့ ခံစားမှုကို အလေးထားပေးပါ။

13-ရန်ဖြစ်စကားများကြတဲ့အခါ ပြန်အဆင်မပြေသေး ပဲနဲ့ နေ့ရက်တွေ မကုန်လွန်စေပါနဲ့။

14-အပျော်တွေ ဝေမျှပါ။

15-တစ်ခြားလူတွေနဲ့ (Facebook)မှာ တော်ရုံပဲ စကား ပြော  ပါ။

16-ဘာကြောင့်ပဲ စိတ်ဆိုးဆိုး မအော် ပါ နဲ့။


18-(2)ရက်ထပ် ပိုပြီးတော့ စိတ် မေ ကာက် ပါ နဲ့။

19-အတူရှိနေချိန်မှာ ရှေ့ရေးကို ကြိုတွေးတောပါ /Plan ချ ပါ ။

20-တစ်ယောက်နဲ့ တစ်ယောက် တက်နိုင်သလောက် နားလည်မှု ထားပါ/ခြား နား ချက် တွေ ကို ရှာဖွေပါ…ညှိ ယူ ပါ /နား လည်ပေးပါ…….. ။ခရက်ဒစ်

ချစ်စရာကောင်းတဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်များ


ပရိသတ်ကြီးရေ ပြည်သူချစ် အနုပညာရှင်အချို့ဟာ အိမ်ထောင်ရက်သား ကျပြီး သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေကြပြီ ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားသား မီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တွေကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ် ကြီးကလည်း သူတို့ချစ်ရတဲ့ အနုပညာရှင်တွေရဲ့ သားသားမီးမီးလေးတွေကို ချစ်ခင်ပေးကြတာတွေ့ရပါတယ် ။

ပရိသတ်ကြီးအတွက်ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေကို ပြန်လည်မျှ ေ၀ ပေးလိုက်ပါတယ်နော် ။

ယွန်းဝတီလွင်မိုး




ယွန်းဝတီလွင်မိုး ကတော့ ပုရိသပရိသတ်တွေအသည်းစွဲအားပေးကြမ်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး ဦးလွင်မိုးရဲ့ သမီးကြီးလည်းဖြစ်ပါတယ် ။ သြစတျေးလျမှာ ကျောင်းသွားတက်ရင်း ခင်ပွန်းသည်နဲ့ဖူးစာ ဆုံခဲ့ပြီး အခုဆိုရင် အရမ်းကိုချစ်စရာကောင်းသားသားလေး Liam ကိုပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်နေပါပြီနော် ။ Liam လေးက အခုဆိုရင် အရမ်းကိုချစ်စရာကောင်းပြီး ပရိသတ်တွေဝိုင်းချစ်နေရတဲ့ သားသားလေးဖြစ်နေပါပြီ ။

မျိုးစန္ဒီကျော်


တစ်ခေတ်တစ်ခါက Music video တွေမှာအမြဲတမ်း ပါဝင်ခဲ့တဲ့ နာမည်ကျော်မင်းသမီး မျိုးစန္ဒီကျော်
ကတော့ အခု အချိန်မှာ အရုပ်မလေးတစ်ရုပ် လို ချစ်စရာ ကောင်းလှတဲ့ သမီးငယ်လေး ကို ပိုင်ဆိုင်ထားတာဘဲဖြစ်ပါတယ် ။ Jewel လေးကတော့ မေမေ့လို အနုပညာပိုးပါသူလေးမို့ ကျောင်းကပွဲတိုင်းမှာ မပါမဖြစ်ပွဲတိုင်းကျော်လေးပါပဲ ပရိသတ်ကြီးရေ ..။

မယ်လိုဒီ



မယ်လိုဒီ ကတော့ လှပတဲ့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ အရမ်းလှတဲ့ မော်ဒယ် မင်းသမီး ချောလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့သားလေး သိဒ္ဓိစစ်ကလည်း မအေတူ သားချောလေးဘဲဖြစ်ပါတယ် ။ သိဒ္ဓိစစ်လေးကလည်း မေမေမယ်လိုဒီလို လှပတဲ့မျက်ဝန်း တွေ နဲ့အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးလေးပါ ။ သူမသားလေးကို ကြီးလာရင် သာသနာဘောင်ထဲ ဝင်စေချင်တယ်လို့ အမြဲတမ်းပြောခဲ့တဲ့ သူမက အကယ်လို့သားလေး က သာသနာဘောင်မဝင်ဖြစ်ရင်တောင် အိမ်ထောင်ဦးစီးပီသ တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်စေချင်ပါတယ်တဲ့ ။

သဉ္ဇာနွယ်ဝင်း

Monday, 17 February 2020

လူဖြစ်ရှုံးကြသူများ ဘယ်လိုလူတွေကလူဖြစ်ရှုံးလဲဆိုတာ ဖက်ကြည့် ရအောင်

လူဖြစ်ရှုံးကြသူများ

၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြောတတ်သူ ။

၂ ။ သူတပါး ပျက်ဆီးရာ ပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ။၃ ။ သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည် စက်လက် အရှုံးကြီး ရှုံးနိမ့်မှု အပေါ်တွင် ဝမ်းသာ အားရ အောင်ပွဲ ခံနိုင်သူ ။

၄ ။ ကိုယ့်လက်အောင် ငယ်သား အပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အ တွက်သာ ကြည့်တတ်သူ ။၅ ။ နေရာတကာ လူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေ ပြည့်ဝနေသူ မိမိသာလျှင် အသိဆုံး အတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာတတ်သူ

၆ ။ မိဘ စည်းစိမ် အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ။

၇ ။ ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေ အကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ ။

၈ ။ မြေနိမ့်ရာ လှံစိုက် – ရေနစ်ရာ ဝါးကူထိုး အမြဲ လုပ်တတ်သူ ။၉ ။ တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီး ဝင်လောင်း လိုက်မယ် ” လို့

တွေးပြီး လူအ များနှင့်ရောနှောလုပ်ဆောင်တတ်သူ ။( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

၁၀ ။ ကိုယ်ကိုယ်တိုင်က မည်သည့် အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ ။

ရှမ်းပြည်နယ်က ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးကို ဖူးမျှော်နိုင်ရန် တင်ပေးလိုက်ပါတယ်

ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ဒေသမှာ တည်ရှိပြီး ဉာဏ်တော် အမြင့်ပေ ၄၃ ပေ၊

တင်ပလ္လင်ခွေ အကျယ် ၃၆ ပေ ကျယ် ရှိကြောင်း သိရပါ တယ် ။
ဒီ နှီးဘုရားကြီးကို မိုင်းဖုန်း ဆရာတော် ဘုရားကြီးရဲ့ ဦးဆောင်မှုနဲ့ တည် ထား တဲ့ နှီးဘုရားကြီးဖြစ်ပြီးပန်လင်းဆိုင် ရွာသူ၊ ရွာသား ၁,၀၀၀ ကျော်တို့က ဝါးခွဲခြင်း၊

နှီးသယ်ခြင်း၊ နှီးဖျာခြင်း စတာတွေကို ညီညီညာညာနဲ့ လုပ် အား ပေး ခဲ့ ပါ တယ် ။

အချိန် ၆ လကျော်ခန့် ဘုရား ကိုယ်ထည်ကို တည်ဆောက်ခဲ့ ရကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြထား ပါ တယ် ။
ဒီ နှီးဘုရား တဆူလုံးကို ရက်ဖို့ အတွက် ရွာသားများ နှီးတွေ ဖျာပေး ထားပြီး အသင့်ဖျာထးာတဲ့ နှီးတွေကို သံဃာတော် ၁၇ ပါးက ရက်ပေါင်း၂၀ ခန့် ရက်လုပ် ခဲ့ ရ တယ် လို့ သိ ရ ပါ တယ် ။

အခုလို အင်မတန်မှ ကြည်ညို သပ္ပါယ် ဖွယ်ကောင်းတဲ့ နှီးဘုရားကြီးကို အများပြည်သူ ဖူးမျှော် နိုင် ဖို့ တင် ဆက် ပေး လိုက် ပါ တယ် ။ ေ လးစ ား စွာ ဖြင့် ခ ရက် ဒစ် မူ ရင်း အ ချိန် ပေး ဖတ် ရှု ပေး တဲ့ ပ ရိတ် သတ် များ ကို ကျေး ဇူး အ ထူး တင် ရှိ ပါ သည် ။

မင်းကို နားလည်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ

မင်းရဲ့ တန်ဖိုးကို နားလည်တဲ့ သူဆီမှာပဲ

မင်းရဲ့ စိတ်ခံစားချက်တွေကို မြုပ်နှံ ထားပါ ။

မင်းကို ခွင့်လွှတ်ပေး နိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ စိတ်ဆိုး စိတ်ကောက် အမူအကျင့်လေးတွေ လုပ် ပြ ပါ ။

မင်းကို နားလည်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ ။ မင်းကို ဂရုစိုက်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ နာကျင် ဝမ်းနည်းမှု တွေကို ရင်ဖွင့်ပါ ။

မင်းကိုမြတ်နိုး တန်ဖိုး ထားပေးတဲ့ သူဆီမှာပဲ မင်းရဲ့ခွင့်လွှတ် နားလည်ခြင်းတွေကို ပြန်ပေးပါ ။ မင်းအပေါ်အကောင်းဆုံး နားလည်ပေးဆပ် နိုင်သူ ကိုသာ မင်းရဲ့ သစ္စာစောင့်ထိန်းမှုတွေကို မြုပ်နှံထားပါ ။

မင်းအပေါ် ကောင်းတဲ့ သူတွေ အပေါ်မှာ ပြန်ကောင်းဖို့ မမေ့ ပါ နဲ့ ။ မင်းအပေါ် တန်ဖိုးထားတဲ့ သူတွေကို မဆုံးရှုံးခင် တန်ဖိုး ထား ပါ။

ဘဝမှာ အချိန်ကြာကြာ ရင်နှီး ပတ်သတ်ကြတဲ့ သူတိုင်းက

တဖတ်သတ်ဆန်တဲ့ဲ ဆက်ဆံရေးမျိုး မဟုတ် ကြ ဘူး ။

အပြန်အလှန် ထိန်းကျောင်းပေးရင်း ရပ်တည် ကြတာ မျိုး ပါ ။

မင်းကို ချစ်တဲ့သူ များချင် များ မယ် ။မင်းကို နားလည်ပေး နိုင်တဲ့သူက ရှား တယ် ။မင်း ကို စိတ် ဝင် စား တဲ့ သူ မျာ းမယ် ။မင်းအပေါ် အချစ်စစ်နဲ့ ချစ်ပေး နိုင် မယ့် သူ က ရွှေ လို ရှား တယ် ။

တစ်ဘဝလုံးစာရည်ရွယ်ထားတဲ့ ချစ်သူစုံတွဲတွေသာဖြတ်ကျော်နိုင်မဲ့ အချစ်ရဲ့အဆင့် ( ၅ ) ဆင့်

ကြိုတင်ပြင်ဆင်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ် ဆိုတာ ကြားဖူးပါ လိမ့်မယ်။ စုံတွဲတွေမှာ များသော အားဖြင့် တစ်ယောက်က ထိခိုက်လွယ် တတ်ပြီး အဲ့ဒီအတွက် သင်ပြင်ဆင် ထားသင့် တဲ့အရာတွေကို မြင်နိုင်အောင် ဖော်ပြလိုက် ပါတယ်။

အဆင့် ၁ : လတ်လတ် ဆတ်ဆတ် အချစ်

သင့်ရဲ့နံရိုးလေးကို ရရှိလိုက်တဲ့ ခဏလေး အတွင်းမှာ အားလုံးဟာ ပျားရည် လို ချိုမြနေ တယ်။ ချစ်သူလေးကိုတွေ့လိုက်တဲ့ အချိန်တိုင်းမှာ လိပ်ပြာလေးတွေ ဝဲနေပြီး အနမ်းလေးတွေ၊ အထိအတွေ့လေးတွေ အကုန်လုံးဟာ အရူးအမူးဖြစ်စေ တယ်။

မိနစ်တိုင်းသူ့ဆီက မက်ဆေ့လေးတွေ မျှော်နေမိ တယ်။ နဲနဲရူးကြောင်ကြောင် နိုင်ပေမဲ့ ဘယ်သူ့ဂရုစိုက်ရမှာလဲ.. အချစ်မှာ လူတိုင်းရူးကြတာပဲ။ အဲ့လိုတွေ ခံစားနေရတယ် ဆိုရင် သင်ဟာ လတ်လတ်ဆတ်ဆတ်အချစ် တစ်ခု ရှိနေတာ သေချာပါတယ်။

အခုခံစား နေရတာလေးကို မှတ်ထားလိုက်ပါ။ နောက်ကျရင် ဒီအမှတ် တရလေးတွေနဲ့ အချစ်ကိုပြန်လည်လန်းဆန်းအောင်လုပ်နိုင်အောင်လို့ပါ။

အဆင့် ၂ : အခြေကျသွားပြီ

တကယ့်ကို အတည် ဆိုတာသေချာသွားပြီ ဆိုရင် အဆင့် ၂ရောက်သွားပါပြီ။ လက်တွဲဖော်တွေဖြစ်သွားပြီ လို့လဲပြောလို့ရပါတယ်။ အဲ့ဒီအချိန်ဟာ ဘဝဟာ အမြဲတမ်း ပျော်စရာတွေပဲ ရှိနေတာ မဟုတ်ဘူးဆိုတာ သိလာမဲ့ အချိန်ပါ။

အချိန်တွေကို တက်နိုင်သမျှအတူတူကုန်မယ်။ အတွေးလေးတွေကိုပြောပြကြမယ်။ ချစ်သူလေးရဲ့ နေ့ဟာ အဆင်ပြေရဲ့လားမေးမယ်။

သူရဲ့အဖြေတွေကိုလည်း စိတ်ဝင်တစား နားထောင်မယ်။ ဒါပေမဲ့ လုပ်ရိုးလုပ်စဉ်တွေဖြစ်သွားခြင်းဟာ စိတ်လှုပ်ရှာ းစရာတွေရဲ့ ဖျားနာခြင်းပါ။ ခရီးသွားတာနဲ့ အခြေချ နေထိုင်ဖို့ သွားတာ ကွာသလိုပါပဲ။ ပန်းတိုင်ခြင်းတူပေမဲ့ တာဝန်တွေ ကတော့ လုံးဝကွဲပြားသွား ပါပြီ။

နှစ်ယောက်ကြားထဲက အလင်းရောင်လေးတွေ မှိန်မသွား ပါစေနဲ့။ နှစ်ယောက်တည်း လုပ်စရာလေးတွေ စဉ်းစားထားပါ။ လမ်းအတူတူ လျောက်တာလေးတွေ၊ ရုပ်ရှင်အတူတူကြည့်တာလေးတွေ လုပ်ပေးပါ။ နှစ်ယောက်ကြားက ကြိုးလေးကို ထိန်းသိမ်းထားပါ။ အဲ့ဒါလေးတွေက အရမ်းထူးခြားပြီး အရမ်းနူးညံ့သိမ်မွေ့ပါတယ်။

အဆင့် ၃ : လုပ်ရိုးလုပ်စဉ်တွေနဲ့ စိတ်ပျက်စရာတွေ တွေ့လာရခြင်း …

သင့်ရဲ့ ကိုယ်တစ်ခြမ်းအပေါ်မှာ ခံစားချက်တွေတော့ အပြည့်ရှိသေးတယ် ဒါပေမဲ့ နဲနဲတော့ကွဲပြားသွားတယ်။ အချိန်တွေ အတူတူ ကုန်ဆုံးရတာက အရင်ကလောက် စိတ်ဝင်စားစရာ မကောင်းတော့ဘူး။

တာဝန်တွေ၊ ကုန်ကျစရိတ်တွေ၊ အလုပ်ထဲမှာပဲနစ်နေတာတွေ၊ ကြည်နူးစရာတွေကြားထဲမှာ အိမ်အလုပ်တွေညပ်လာ တာတွေဟာ တစ်ခါတစ်လေမှာသင့်ကို ထောင်ချောက် မိနေသလို ခံစားလာ ရလိမ့်မယ်။ ဒီအချိန်ဟာ ကိုယ့်ရွေးချယ်မှု မှန်မှမှန်ရဲ့လားလို့ပြန်တွေးမိတဲ့အချိန်ပါပဲ။

Relationship တစ်ခုရဲ့ အန္တရာယ်အကြီးဆုံ းအပိုင်းဖြစ် ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းကိုအတူတူဖြတ်ကျော်သွားနိုင်ရင်တော့ နောက်ပိုင်းမှ ာအခက်အခဲကြီးကြီးမားမား မရှိနိုင်တော့ ပါဘူး။

မီးတောက်လေးငြိမ်း မသွားအောင် ဆက်ပြီး ကြိုးစားနေပါ။ သင့်ရဲ့ယခုလက်တွဲဖော်ဟာ အရင်အတည်းကသင်ချစ်ခဲ့တဲ့ သူပဲဆိုတာ မမေ့ပါနဲ့။ ရည်းစားဖြစ်ကာ စအချိန်က ကြည်နူးစရာလေးတွေကိုပြန်စဉ်းစားပါ။ နောက်ပြီး သင့်ဘဝဟာ ကလေးတွေ အတွက် ချည်းပဲ မဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အချိန်လေးတွေ လဲရှိသင့် ပါတယ်။

အဆင့် ၄: တည်ငြိမ်မှု …

ဒီအဆင့်ရောက် သွားရင်တော့ တစ်ယောက်ကို တစ်ယောက် အမှန်အတိုင်းမြင် နိုင်လာပြီး သင့်တို့ရဲ့ဆက်ဆံရေး အပေါ်မှာယုံကြည်မ ှုအပြည့်အဝ ရှိလာပါပြီ။ ပထမ အဆင့်တုန်းက လို တိမ်တွေပေါ်မှာ ကစားနေရသလို မျိုးခံစားမှုတွေ ရှိတော့မှာမဟုတ်ပေမဲ့ တတိယအဆင့်ရဲ့ ကံဆိုးမှုတွေဟာလည်း ပြီးဆုံးသွားပါပြီ။ တစ်ယောက်ကိုတစ်ယောက် လွတ်လပ်မှုလေးတွေပေးဖို့ လိုတာကိုလည်းနားလည်လာပါပြီ။ သင့်လက်တွဲဖော်မှာလည်း သူကြိုက်တာမကြိုက်တာလေးတွေ၊ ဝါသနာပါတာလေးတွေ၊ အကျင့်လေးတွေရှိမှာပဲ။ နှစ်ယောက်က နေရာတိုင်းမှာစိတ်တူကိုယ်တူဖြစ်နေဖို့မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင်ပုံစံလေးနဲ့နေထိုင်ပြီး ကြိုးလေးကိုသာထိန်းသိမ်းထားပါ။

အဆင့် ၅: ကတိကဝတ်ပြုခြင်း …

ဒီအဆင့်အထိ ကိုရောက်လာပြီဆိုရင်တော့ ဂုဏ်ယူ ပါတယ်။ နှစ်ယောက်ဟာ တကယ့် တစ်သက်တာအဖွဲ့လေးသွားပါပြီ။ အရင်တုန်း ကလို ရူးရူးမိုက်မိုက် ချစ်တာလေးတွေ ကိုပြန်လို ချင်တာမျိုးတွေ ရှိတော့မှာမဟုတ်ပဲ လက်ရှိဆက်ဆံရေးနဲ့ အရမ်းကိုသက်တောင့် သက်သာ ရှိနေမှာပါ။

နဲနဲလေးပြောင်းလဲဖို့ကိုတောင် စဉ်းစားချင်မှာ မဟုတ်တော့ ပါဘူး။ တစ်ယောက်ချင်းစီရဲ့ အားနည်းချက်လေးတွေနဲ့ နှစ်ယောက် စလုံးဟာ ပြည့်စုံနေကြတာကို လက်ခံနိုင် သွားကြတယ်။

ချစ်ခြင်းတွေကို တစ်ဘဝလုံး ဘယ်လို ထိန်းသိမ်းခဲ့ လဲ ဆိုတာ သားသမီးတွေကို သင်ပေးပါ။ အခက်အခဲဆိုတာ သေချာပေါက် ရှိမှာပဲ ဒါပေမဲ့ အချစ်စစ် ဆိုရင်ဖြတ်ကျော် နိုင်မှာပါ။

သင့်မှာကော ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ အတွေအကြုံတွေ ရှိလား? အတွေ့အကြုံတွေမျှဝေခဲ့ပါဦး..

Wednesday, 12 February 2020

ရှေးခေတ်အချိန်တုန်းက စာပို့စာယူအတွက် ခိုတွေဟာ တကယ်ပဲ အသုံးဝင် ခဲ့သလား

နည်းပညာတွေ မထွန်းကားမီ အချိန်တုန်း ကတော့ ဝေးလံခေါင်သီ တဲ့ ဒေသနှစ်ခု မှာရှိကြတဲ့ သူတွေဟာ ဘယ်လိုများ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အဆက်သွယ် လုပ်ကြလဲဆိုတဲ့ အချက်က အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျနော်တို့ကြည့်ဖူးခဲ့ကြတဲ့ တရုပ်ကွန်ဖူး ကားတွေ နောက်ပြီး ကြေးနန်း ဆက် စတဲ့ ဆက်သွယ်ရေးစက်တွေ မပေါ်ခင်က စစ်ကားတွေမှာ ဆိုရင် ခိုတွေကို အသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက် တစ်နေရာနဲ့ တစ်နေရာ သတင်းအချက် လက်တွေ ဖလှယ် ကြတာကို ကြုံဖူး တွေ့ဖူးကြ မယ် ထင်ပါတယ် ။

အဲ့ဒီလို ခိုတွေကို အသုံးပြုပြီး ဆက်သွယ် ခဲ့တာ ကရော သတင်းအချက် လက်လုံခြုံမှုရော ရှိရဲ့လား ၊ တကယ် အသုံးဝင်ခဲ့ရဲ့လားဆိုတဲ့ မေးခွန်းတွေ ကတော့ ယနေ့ခေတ်မှာ ပေါ်ပေါက်လာတာ မဆန်းပါဘူး ။

အခုလို ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ တောင်မှ သတင်းအချက်လက်တွေ ဟာ ပေါက်ကြား လွယ်နေတော့ အရင်ချိန်က လူတွေဟာ ခိုတွေကို အသုံးပြုပြီး ဆက်သွယ် ခဲ့ကြတယ် ၊

အရေးကြီး သတင်း အချက်လက်တွေ ဖလှယ်ခဲ့ကြတယ် ဆိုတာ တော်တော်ကို ယုံရခက်နေတဲ့ အဖြစ်ပျက်ပါပဲ ။

အခု ကျနော်တို့ မိတ်ဆွေတွေ ကို တင်ဆက် ပေးသွားမယ့် အကြောင်းရာ ကတော့ ခိုတွေဟာ တကယ်ရော ဆက်သွယ်ရေး အတွက် ၊ သတင်း အချက်လက် ဖလှယ်ဖို့ အတွက် အသုံးဝင်ခဲ့ရဲ့ လားဆိုတာကို အင်တာနက် စာမျက်နှာ တစ်ခုက စစ်တမ်းကောက်ယူ ထားတဲ့ အကြောင်းပါပဲ ။

ခိုတွေကို စာ အပြန်အလှန် ပို့ဖို့ အသုံးပြုခဲ့ကြတဲ့နေရာ မှာ အကြောင်းပြချက် များစွာ ရှိနေပါတယ် ။ အဓိက အကြောင်းပြချက် ကတော့ ခိုတွေဟာ ဘယ်ငှက်တွေ နဲ့မှ မတူတဲ့ အာရုံခံစားမှု တစ်ခုကို ပိုင်ဆိုင် ထားခဲ့တယ် လို့ ဆိုပါတယ်။

အဲ့ဒီအကြောင်းပြချက် ကပဲ ခိုတွေကို ဆက်သွယ်ဖို့ အတွက် တွင်ကျယ်စွာ အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ် ။ ခိုတွေနဲ့ စာပို့တဲ့ အခါ စာရဲ့ အတိုသဘော လောက်ကိုသာ ရေးထည့် လေ့ရှိကြပြီး သူတို့ လည်ပင်း ဒါမှမဟုတ် ခြေထောက်တွေ မှာ စာထည့်ဖို့ တစ်ခုခု ထားပြီး

စာကို လိပ်ထည့်ကာ စာပို့စာယူ အတွက် အသုံးချ ခဲ့တာပါ။

သူတို့ကို လေ့ကျင့်တဲ့ အချိန်မှာ လည်း သူတို့ အသိုက်နဲ့ မနီးမဝေး နေရာလောက် ကနေ စပြီး လေ့ကျင့်ကြပါတယ် ။

တဖြည်းဖြည်းနဲ့ လုံလောက်တဲ့ အကွာအဝေး ရောက်တဲ့ အထိမှာ စိတ်ချရတဲ့ အခြေနေ တစ်ခုရောက် တဲ့အထိ လေ့ကျင်ပြီးမှ အသုံးပြုကြတာ ဖြစ်ပါတယ်။

သူတို့ဟာ အဲ့ဒီလို လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ များစွာသော ရှုပ်ထွေးတဲ့ လမ်းတွေကို ကျော်ဖြတ်ပြီး အိမ်ရှိရာ ဆီကို တစိုက် မတ်မတ်ပြန်တတ် သွားပါတယ်။

လေ့လာချက်တွေ အရတော့ ခိုတွေဟာ သူတို့ရဲ့ နှာခေါင်းကို သူတို့ရဲ့ လမ်းညွှန်တဲ့ ကိရိယာ အဖြစ် အသုံးပြုတတ် ကြပါသတဲ့။

ငှက်တွေရဲ့ သဘော သဘာဝအရတော့ သူတို့ဟာ သူတို့အိမ်ကို လေထုရဲ့ တည်ဆောက်ပုံ ကွဲပြားမှုနဲ့ မှတ်သား ထားကြတာ ဖြစ်တယ် လို့လည်း အဲ့ဒီမှတ်တမ်းတွေက ပြောပါတယ်။

တကယ်လို့ သူတို့ အိမ်နားလေး မဟုတ်ဘူး ဆိုရင်တော့ ရန်သူ နယ်မြေလို့ သတ်မှတ်ပြီး အိမ်ကို မတွေ့မချင်း ရှာဖွေ တတ်ကြတဲ့

ဇွဲလည်း ရှိပါတယ်။ ခိုတွေက သူတို့ အသံကို သံလိုက်စက်ကွင်း တစ်ခုလို အသုံးချပြီးတော့လည်း ကမ္ဘာမြေကြီးနဲ့သူတို့ကြားမှာ အဆက်သွယ် လုပ်ပြီး မှတ်သားတတ် တဲ့ သတ္တဝါတွေပါ ။

ဒါကြောင့် အရင်ချိန်က ဆက်သွယ်ရေး အတွက် အရေးကြီးတဲ့ သတင်း အချက်လက်တွေ ကို ခိုတွေကနေ တစ်ဆင်ခံ ပြီး အသုံးပြုခဲ့ကြတာ ဟာ အကြောင်းပြချက် လုံလုံ လောက်လောက် ရှိတယ်လို့ ဒီ စစ်တမ်းအရ ပြောနိုင်ပါတယ် ။

တကယ်ရော အသုံးဝင်ခဲ့လား မဝင်ခဲ့ဘူးလား ဆိုတာကတော့ ကျနော်တို့ ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်မှပဲ သိနိုင်တော့မယ် ထင်ပါတယ် ။

Credit – Shwe Thoon

မင်္ဂလာ ဓာတ်ကူးနည်း (ရွှေလက်တွဲဖို့ အခက်အခဲရှိနေသူများ အတွက်)

မင်္ဂလာဓာတ်ကူးနည်း

အခု့တင်ပြချင်တဲ့ အရာလေး ကတော့ အဖော်စုံပြီးသား ၊ လက်တွဲဖော် ရှိနေပြီးသား ဖြစ်ပေမဲ့ အကြောင်းဆက် ပေါင်းဖတ်ဖို့ နှောင့်နှေးနေတဲ့ သူတွေ အတွက် ရိုးရာမင်္ဂလာ ဓာတ်ကူးနည်းလေး ပဲဖြစ်ပါတယ်။

ဒီနည်းဟာ ရှေးဟောင်း လောကီ ပညာရပ် တခု့ဖြစ်သလို တဆယ့်နှစ်လ အတွင်းမှာ ဘဝဖော်နဲ့အတူ သေချာပေါက် အကြောင်းဆက် ပေါင်းဖတ် နိုင်ဖို့နည်းလေး လဲဖြစ်ပါတယ်။

၁။ ဒီနည်းလမ်းလေးမှာ အဓိက လိုအပ်တာ ကတော့ ပန်းကန်လုံး သို့မဟုတ် ခွက်ငယ် လေး တလုံးသာ လိုအပ်ပါတယ်။

ဒါပေမဲ့ ဒီပန်းကန်လုံးလေးကို ခပ်လွယ်လွယ် ဝယ်ပြီး သုံးလို့မရပါဘူး။ မိမိရဲ့သူငယ်ချင်း ဇနီးမောင်နှံ ဒါမှမဟုတ် ခင်မင် ရင်းနှီးရသော မိတ်ဆွေ လင်မယား ထံမှ တောင်းယူ ရပါမယ်။ ဒါမှ မင်္ဂလာ ဓာတ်ကူးခြင်းဖြစ်ပါတယ်။

ငွေနဲ့ဝယ်ယူလိုက်ရင်တော့ ဒီမင်္ဂလာ ဓာတ်ကူးနည်းမှာ ရှိရမဲ့ အဓိက အာနိသင်က ပျက်ပြယ်သွား ပါလိမ့်မယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် တောင်းယူ လိုက်ပါ။

တောင်းယူတဲ့ နေရာမှာ အဓိက သတိထားစရာအချက် ကတော့ မိမိတောင်းယူတဲ့ ဇနီးမောင်နှံဟာ လက်ထပ်ပြီးစ ဒါမှမဟုတ် ညားကားစ လင်မယား ဒါမှမဟုတ် သားသမီး ရတနာတွေ ထွန်းကားနေပြီး ပျော်ပျော်ပါးပါး သိုက်သိုက် ဝန်းဝန်း ရှိတဲ့ လင်မယား ဆိုရင် ပိုကောင်းပါတယ်။

ရန် တကျက်ကျက်ဖြစ်ပြီး အမြဲ ဆူပူနေတက် တဲ့ ကွဲမလို ကွာမလို ဖြစ်နေတဲ့ ဇနီးမောင်နှံမျိူး ကိုတော့ လုံးဝ သတိထားပြီး ရှောင်ဖို့ လိုပါတယ်။

ကိုယ်တောင်းယူတဲ့ ပစ္စည်းဟာ မခွဲနိုင် မခွါရက် ချစ်ကြတဲ့ ဇနီးမောင်နှံဆီက ဆိုရင်တော့ အကောင်းဆုံးပေါ့ ။ မင်္ဂလာလက်ဖွဲ့ အဖြစ်ရထား တဲ့ ခွက်ငယ် ဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ မင်္ဂလာဓာတ်ကူးနည်းလေး ပါပဲနော်။

၂။ ဒုတိယ အနေနဲ့လိုအပ်တဲ့ ပစ္စည်းကတော့ ရွှေရောင် လက်စွပ်လေး တကွင်းသာဖြစ်ပါတယ်။ ရွှေအစစ်ဖြစ်စရာ မလို တန်ဖိုးကြီးစရာ မလိုပါ။ ရွှေရောင်ဖြစ်ဖို့သာ အရေးကြီးပါတယ်။ မိမိဘာသာ ဝယ်ယူရမဲ့ ပစ္စည်းလေးတခု့ဖြစ်ပါတယ်။

လက်ထပ် လက်စွပ် ရှိနေပြီးသား သူတွေ အဖို့လက်ထပ်လက်စွပ်ကို အသုံးပြု့နိုင်ပါတယ်။ ပိုပြီးလဲ ထိရောက်မှု့ရှိပါတယ်။

၃။ တတိယအနေနဲ့ဝယ်ရမဲ့ အရာလေးကတော့ ဖဲကြိုးအနီရောင်လေး တစဖြစ်ပါတယ်။ ဈေးပေါပြီး ဝယ်ယူရ လွယ်သလို အနီရောင် စစ်စစ်ဖြစ်ဖို့သာ အရေးကြီးပါတယ်။ တကိုက်လောက် ဝယ်ယူပြီး အလျားဆယ့်ရှစ် စင်တီမီတာ တိတိ တိုင်းဖြတ်ပေး ရပါမယ်။

အဲ့ဒီသုံးမျိူးလုံးရပြီ ဆိုရင်တော့ မင်္ဂလာဓာတ်ကူးနည်း ကို စတင်လုပ်ဆောင် နိုင်ပါပြီ။ တောင်းယူထားတဲ့ ခွက်ငယ်လေးကို အနီရောင် ဖဲကြိုးလေးနဲ့ရစ်ပတ် ချည်နှောင် ရပါ့မယ်။

ပြီးတဲ့အခါ အဲ့ခွက်ငယ်လေး ထဲကို ဖွေးဖွေးဖြူနေတဲ့ ဆန်စေ့ ကိုးစေ့ကို ထည့်လိုက်ပါ။ ဒါဟာ အရေးကြီးဆုံးဖြစ်တဲ့ ဘဂဝါ အပ်နှံခြင်း ဖြစ်ပါတယ်။

ပြီးတဲ့အခါ အဲ့ဆန်စေ့ကိုးစေ့ ထည့်ထားတဲ့ ခွက်လေးထဲကို ဝယ်ထားတဲ့ ရွှေရောင် လက်စွပ်လေး ထည့်ပြီး ခွက်ကလေးကို ကိုင် လို့ “မိမိနဲ့မိမိချစ်သူ အမြန်ဆုံး အဆင်ပြေ အကြောင်းဆက် ပေါင်းဖက်နိုင်ဖို့ရည်ရွယ်ပြီး လေးနက်စွာ ဆု့တောင်းပါ”။

ပြီးရင် အိပ်ရာဘေး ခေါင်းရင်းဖက် စားပွဲပေါ်မှာ ခွက်ကလေး ကို တနေ့တာလုံး တင်ထားပေးပါ။ ညအိပ်ရာဝင်တဲ့ အခါကျမှ လက်စွပ်လေးကို ယူလက်မှာ စွပ်ပြီးအိပ်ပါ။

အိပ်ရာဝင်တဲ့ နေရာမှာ အိပ်မပျော်မချင်း “မိမိနဲ့ မိမိချစ်သူ အကြောင်းဆက် ပေါင်းဖက်နေရပြီ” လို့စိတ်ထဲ မှတ်ယူပြီး စိတ်ကူးယဉ်နေ လို့ရပါတယ်။

တညလုံးလက်စွပ်ကို စွပ်ပြီး မနက်အိပ်ရာ နိုးတာနဲ့ပြန်ချွတ်ပြီး ခွက်လေးထဲ ပြန်ထည့်ထား ပေးပါ။ နေ့ဘက်မှာ တနေ့လုံးခွက်ငယ်လေးထဲ ကို လက်စွပ်ထည့် ညရောက်တဲ့ အခါ ညစဉ်ဝတ်အိပ်ဖို့ပါပဲ။

မအောင်မြင် မချင်း ညစဉ်ဝတ်အိပ်ရမယ် ဆိုပေမဲ့ တရက်တလေ ပျက်သွား လို့လဲပြသနာ မရှိပါဘူး။ အစကနေ ပြန်စ ဖို့လဲ မလိုပါဘူး။သတိယတိုင်း ဝတ်အိပ်ဖို့ပဲ လိုပါ တယ်နော်။ ယုံကြည်စွာနဲ့ လုပ်ဆောင်ဖို့ပဲလိုအပ် ပါတယ်။

ချစ်သူတွေ ကြင်ကြင်နာနာနဲ့ ရာသက်ပန် ပေါင်းသင်းနိုင်ကြပါစေဗျာ

Source – ဆရာဒဂုန်

“လမ်းခွဲလိုက်ပါပြီလို့ ကြေညာလိုက်တဲ့ ကျော်ထွဋ်ဆွေ”

Unicode
ကျော်ထွဋ်ဆွေနဲ့နန်းသူဇာဟာ လူငယ်တွေရဲ့ Idol စုံတွဲတွေထဲက တစ်တွဲဖြစ်သလို အရမ်းကိုချစ်ဖို့ကောင်းပြီး အသည်း ယားစရာ ကောင်းတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

နှစ်ယောက်စလုံးက အဆိုတော်တွေ ဖြစ်ကြပြီး အိပ်မက်တွေလည်း တူသလို တစ်ယောက်ကို တစ်ယောက်မျက်စိအောက်က အပျောက် မခံနိုင်အောင် ချစ်ကြတာလည်း တူတဲ့ စုံတွဲလေး ဖြစ်တာကြောင့် လည်း အားလုံးက အားကျပြီး ဝိုင်းချစ်တာ ခံရတယ် ဆိုရင် မမှားပါဘးူ။
ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာဟာ နှစ်တွေ အကြာကြီး ချစ်လာကြ သူတွေ လည်းဖြစ်ပြီး သူတု့ိရဲ့အချစ်က နှစ်ချို့ဝိုင်လို အချိန်တွေကြာလေ ပိုပြီးချိုမြိန်လာလေလို့ဆိုရ မှာ ပါ ။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ စုံတွဲလေးက တစ်ဦးကို တစ်ဦး နားလည်မှုတွေနဲ့ လက်တွဲလာ ခဲ့တာ ဆိုရင် ချစ်သူူသက်တမ်း (၉)နှစ်ကျော်ရှိနေပြီ လည်းဖြစ် ပါ တယ် ။

လတ်တလောမှာတော့ ကျော်ထွဋ်ဆွေက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နာကနေ “လမ်းခွဲလိုက်ပါပြီ။ သွေးအေးသွားတဲ့ နေ့ကျရှင်းပြပါမယ်။အခုတော့ ဒီလောက်ပါပဲ။”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နာကေ နဖော်ပြ လာတာပဲ ဖြစ်ပါတယ်။
ယုန်လေးကတော့ “ချီးထုပ်လေး မနက်ဖြန်က ဗိုလ်ချုပ်မွေးနေ့ April (1) ရောက်ဖို့ တော်တော် လိုသေးတယ်” လည်း ပို့စ်မှာ မန့်ထားပါသေးတယ်။ ပရိသတ်တွေ ကလည်း သီချင်းအသစ် ထဲက သီချင်းစာ သားလား။ နောက်နေ တာ လား ။

စိတ်ဆိုး စိတ်ကောက် ဖြစ်နေတာ ဖြစ်မှာပါလို့ ပြောဆိုနေတာ ကိုလည်း တွေ့ရ ပါတယ်။ ပရိသတ်ကြီးတွေ ထင်နေကြ သလိုပဲ ရန်ဖြစ်ပြီး စိတ်ဆိုးစိတ်ကောက် ဖြစ် ကြ တာ ပဲ ဖြစ် ပါစေလို့ ဆု တောင်း ပါ တယ် နော် ။

Tuesday, 11 February 2020

မင်း… ပုစိန်ကို သွေးရဲ့လား (မှတ်သားဖွယ် အတိုအထွာ)

မင်းပုစိန်ကိုသွေးရဲ့လား

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေ သည်။ မကြာမီ ထင်းခုတ်သမား အဘိုးအို တစ်ဦးလည်း ရောက်လာ ခဲ့သည်။

ထင်းများ ကို ခုတ်ကြရင်း ညနေစောင်းချိန် တွင် အဘိုးအို ၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့ သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး

သူ့ ထက် ထင်းပိုများနေသည် ကို သတိပြုမိသောလူငယ်က နောက်ရက် တွင် စောစောထပြီး ထင်းခုတ် ထွက်ရန် ဆုံးဖြတ် လိုက်သည်။

နောက်တစ်နေ့ တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက် ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည် ဟု တွေးနေ မိသည်။

သို့သော် အလုပ်သိမ်းချိန် တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည် ကိုတွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက် ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်

နေပြီး မိုးချုပ်နေဝင်မှ အိမ်ပြန် ခဲ့သော်လည်း သူ၏ ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့ သည်။

ခြောက် ရက်မြောက် နေ့တွင် သူသည် မအောင့်နိုင်သည့် အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။

” အဘိုး ကျွန်တော်က အဘိုးထက် အားသန်တယ် အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ် နောက်ကျမှ အိမ်ပြန်တယ်။

ဒါပေမယ့် ကျွန်တော် ခုတ်ရတဲ့ ထင်းက အဘိုးထက်နည်းနေခဲ့ တယ် ဘာကြောင့်လဲ”

“ဒီလို လူလေး အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ပုဆိန်ကို သွေးတယ်။ လူလေး က မသွေးခဲ့ဘူး။

အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။

ဒါပေမယ့် အဘိုးရဲ့ပုဆိန်က လူလေး ပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက် ခုတ်လို့ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက် ခုတ်ရတယ် ဒါကြောင့် လူလေးရဲ့ထင်းတွေ နည်းနေတာပါ”

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ် တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန် ကျရင် သိလာ လိမ့်မယ်”

လူ့ဘဝ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေ သလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေ နဲ့ ပေါများ နေသင့်တယ်။

အရင်ခေတ်တုန်းက တော့ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲ ခုတ်နေလို့ မလုံလောက် တော့ဘူး။

တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့် တယ်။ နို့ မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင် တယ်။

Credit to Original Writer

ထန်းရည် စစ်စစ်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

ထန်းရည် ဆိုတာက ထန်းသီးကနေရတဲ့ အရည် မဟုတ်ပါဘူး။ ထန်ဖူး ကနေရတဲ့ အရည်ပါ။ ထန်းရည် ကို သောက်စရာ တစ်ခုအနေနဲ့သောက်လာခဲ့တာ ဟိုးအရင် ကတည်းက ပါ။ ထန်းရည်မှာ အချိုနဲ့ အခါးဆိုပြီး ရှိပါတယ်။

ဒီထန်းရည်က သဘာဝဆေးတစ်ခု အနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေး နိုင် ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေး အကျိုးကျေးဇူးများ တဲ့ သောက်စရာ တစ်ခုလို့ပြောပါရစေနော်။

ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေ ရနိုင်ပါတယ်

ထန်းရည်မှာ အာဟာရဓာတ် အနေနဲ့

ဆူးခရို့စ်

ပရိုတင်း

Ascorbic acid

အမျှင်ဓာတ်

အမိုင်နိုအက်ဆစ်

ဗီတာမင် C နဲ့

ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ထန်းရည်က ချိုပြီး အရသာရှိ သလို အာဟာရနဲ့ဗီတာမင်တွေ လည်း ပါဝင်နေတဲ့ သဘာဝရဲ့လက်ဆောင် သောက်စရာ တစ်မျိုးပေါ့။
အမြင်အာရုံကောင်းစေတယ်

ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင် ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံ ကို ကျန်းမာစေနိုင် ပါတယ်။

အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်

ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓာတ် နဲ့ ဗီတာမင် B တို့ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေး ပါတယ်။

ခန္ဓာကိုယ်ကဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်ပေးသလို တစ်ရှုးတွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင် စွမ်းလည်း ရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြား နဲ့ ခြေသည်းလက်သည်းတွေ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေး တစ်မျိုးပေါ့။

နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးတယ်

ထန်းရည်ကို နေ့တိုင်း တစ်ခွက်စီလောက်သောက်ပေးမယ် ဆိုရင် နှလုံးကျန်းမာစေတာ အမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျ စေနိုင်ပါ တယ်။ ဒါပေမယ့် သတိထားရမယ့် အချက်တစ်ခုက ထန်းရည်အများကြီး သောက်တာက အသည် းထိခိုက် နိုင်တယ်ဆိုတာပါ။

နို့ထွက်များစေနိုင်တယ်

နိုပထွက်နည်းတဲ့ မိခင်တွေ အတွက် သောက်ပေးလိုပရတဲ့ သဘာဝနို့ရွှင်ဆေး တစ်လက်ပေါ့။ ဒါကြောင့် နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ သောက်ပေးလို့ ရပါတယ်နော်။

ဒါတွေတင်မကပါဘူး။ ထန်းရည်က ကိုယ်အလေးချိန် ချချင်သူတွေ အတွက်လည်း စဉ်းစားသင့်တဲ့အချက် တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလို သူတွေ အတွက် လည်း သင့်တော်ပါတယ်။ ဦးနှောက်ကို ကျန်းမာစေ နိုင်ပါတယ်။

သွားဖုံးရောဂါတွေ ကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုပြေလျော့စေ နိုင်ပါတယ်။ သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေ ပါတယ်။

ပင်ကျရည် စစ်စစ်လေးသောက်ပြီး အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်ပါနော်…….

ခါးတွေအရမ်းနာ ခေါင်းတွေလဲ တအားကိုက်တော့ အင်္ဂလိပ်ဆေးတွေ မသောက်ချင်တော့ဘူးဆိုသူများအတွက်

Unicode
ခါးတွေအရမ်းနာ ခေါင်းတွေလဲ တအားကိုက်တော့ အင်္ဂလိပ်ဆေးတွေ မသောက် ချင်တော့ဘူး ဆိုသူ များ အတွက် နည်းဘမ်းလေးပေး ချင် လို့ပါ ။

သင်္ဘောရွက် နှင့် ထန်းလျှက်ခဲ

ခါးတွေအရမ်းနာ ခေါင်းတွေလဲ တအားကိုက်တော့ အင်္ဂလိပ်ဆေးတွေလဲ ခဏခဏ မသောက်ချင်တော့ဘူးဆိုပြီး အိမ်တွင်းဆေးလေး လုပ်ကြည့် တယ် ။

သဘောၤရွက်လေး တရွက် ခူးလာပြီး ရေနွေးဆူဆူမှာ ခပ်လိုက်တယ် ပြီးတော့ ၃ မိနစ် လောက်ရရင် ထန်းလျှက်ခဲလေး ၃လုံးလောက် ထည့်ကျို လိုက်ပြီး

၃ မိနစ် လောက်ထပ်ကျို ပြီးရင် အရည်ကျ လာပါပြီ။ အဲဒီတော့ ဖန်ခွက်အကြီးနဲ့ ကိုယ်သောက်နိုင် သလောက်ထိ သောက် တယ် ။

သောက်ပြီး ၁၀ မိနစ် လောက်နေတော့ ဆီးခဏခဏ သွားလာ တယ်။ ခေါင်းကိုက်တာလဲ ပျောက်လာပြီး ခါးနာ တာတွေလဲ သက်သာ သွား တယ် ။

ကိုယ့်အထင်တော့ ဆီးထဲပါ သွားပီလို့ ယုံကြည် မိတယ် မယုံသေးတော့ တပတ်လောက် ထပ်ကျိုသောက် ကြည့်တယ် ပျောက် သွား ပီလေ ။

ခုကိုယ်တိုင် ပျောက်လို့ ဒီဆေးနည်းလေး ပြန်လည် မျှဝေခြင်း ပါ ။

ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာ သလို လောကသားအားလုံး အေးချမ်း သာ ယာ ပ ါစေ ။

အသိမှန် အမြင်မှန် များဖြင့် ကျန် ရှိသော ဘဝကို လှပစွာဖြတ် သန်းနိုင် ကြ ပ ါစေ ။

မြန် မာ့ ရိုး ရာ သ ဘာ ၀ ဆေးစွမ်းကောင်းများ ။

မြစ်ကြီးနား မရောက်ဖူးတဲ့ ဘင်ဂျမင်ဆုမ်းကို အလည်လိုက် ပို့နေတဲ့ နော်စေးစေးထူး

ယူနီကုတ်
ပြိုင်ပွဲကြီးမှာ အတူတူပြိုင်ပွဲဝင် ခဲ့ရတဲ့ Top(3) ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်းဟာ မြစ်ကြီးနား မရောက်ဖူးတာကြောင့် အလည်လိုက်ပို့နေတဲ့ အကြောင်းကို “မကန ကိုပထမဆုံး စရောက်ဖူးတဲ့ ဧည့်သည်ကို ခေါ်လည်” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြ ထားပါ တယ်။
နော်စေးစေးထူးနဲ့ ဘင်ဂျမင်ဆုမ်းတို့ ကတော့ မြန်မာပြည်သူ တစ်စုလုံး စိတ်ဝင် တစားစောင့်ကြည့် ရတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ပြိုင်ပွဲဝင်တွေဖြစ်ပြီး နော်စေးစေးထူးဟာ သီချင်းအပေါ်မှာ

ခံစားသက်ဝင်မ ှုအားအကောင်းဆုံးနဲ့ သီဆိုနိုင်တဲ့ ပြိုင်ပွဲဝင် ဖြစ်တာကြောင့် ပွဲစဉ် တစ်လျှောက်လုံးမှာ တစ်ကြိမ်သာရတဲ့ ဒိုင်တွေရဲ့ Safe လုပ်ခြင်းကို ခံခဲ့ရသူပဲ ဖြစ် ပါ တယ် ။
ချင်းတိုင်ရင်းသားလေး ဘင်ဂျမင်ဆုမ်းကတော့ ကချင်ပြည်နယ်မြစ်ကြီနားကို မရောက်ဖူး တာကြောင့် ကရင်-လီဆူ ကပြားမလေး နော်စေးစေးထူးက နေရာ အနှံ့လိုက် ပို့ ခဲ့တာနော်။ သူတို့(၂)ဦးကတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးပြီးနောက် ဖျော်ဖြေရေးတွေ ဆက် တိုက် လုပ်ဆောင်နေရတာ ဖြစ် ပါ တယ် ။

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း နော်စေးစေးထူး ကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ အတူတူပြိုင်ပွဲဝင် ခဲ့ရတဲ့ Top(3) ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်းဟာ မြစ်ကြီးနား
မရောက် ဖူး တာကြောင့် အ လည် လိုက် ပို့နေတာ တဲ့နော်။ ပရိသတ်ကြီး ထဲမှာရော ဘင်ဘင်လို့ မြစ်ကြီးနား မရောက်ဖူးတဲ့ သူတွေ ရှိ ကြ လား။

သူတို့နှစ်ယောက်ကို ချစ်ခင် အားပေးတဲ့ ပ ရိတ် သတ် ကြီး က လဲ share ပေး ကြ ပါ အုံး နော် ။

မဖတ်မိရင် နောင်တရမယ်နော်

အလုပ်မရှိရင် စာဖတ်ပါ၊ စာဖတ်လို့ ပိုက်ဆံ မရေ ပမယ့် ပိုက်ဆံ ရှာဖို့ အတွေးအခေါ် တွေ ရပါ လိမ့် မယ်။

၁ဝ.နှစ်စာ အတွေ့အကြုံကို ကြိုရ ချင်ရင် အတွေးအခေါ် ရှိတဲ့ လူကြီး စကား နားထောင်ပါ။ ဘဝမှာ အောင်မြင် ချင်ရင် ရှုံးနိမ့် ခဲ့ ဖူးသူ ဆီက သင်ယူ လေ့ လာ ပါ ။

တသက်လုံး လိပ်ပြာလုံချင်ရင် ကိုယ်ကျင့်တရားကို လုံခြုံစွာ ထိမ်းနိုင်အောင် ကြိုးစားပါ ။ အသိပညာ အတတ် ပညာ ကို ပြည့်စုံ ရင့်ကျက်စေ ချင် ရင် လက်တွေ့ လုပ်ဆောင် ပါ ။

ကြီးမားတဲ့ နောင် တ ဆိုတာ မရှိစေ ချင် ရင် ရွှေ ထက် တန်ဖိုးကြီးသော အချိန်ကို လေး စား ပါ။ ဘဝ တစ် ခု လုံး ပျော်ရွှင် ချင်ရင် ဘယ် အရာ ကို မှ သံယောဇဉ် သိပ် မ ထား ပါ နဲ့။

ပူလောင်မှုတွေ အရမ်းများ လွန်း နေရင် ကိုယ့်အတ္တနဲ့ မာနတွေ လျော့ ချ ပါ ။ အကောင်းဆုံး ဆိုတာတွေကို ပိုင်ဆိုင် ချင်ရင် အကောင်းဆုံး ဆို တာ တွေ နဲ့

ထိုက် တန် အောင် အကောင်းဆုံး ဖြစ်အောင် ကြိုးစား ပါ ။

အ ထီး ကျန် မှုတွေ ပ ပျောက် ပြီး ဗဟုသုတ ပွား ချင် ရင် စာ ဖတ် ပါ။

အချိန်ကြာကြာ မတွဲဖြစ်ကြဘဲ ပြတ်စဲသွားကြတာ ဒါတွေကြောင့်ပါ…

ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့သူဖြစ်ပါစေ အချစ်မပါတဲ့ဘဝကြီးက တခါတလေတော့ အထီးကျန်စေမှာပါ။ လူတိုင်း လူတိုင်းက ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ နေ့ရက်တိုင်းမှာ အမျိုးစုံသောချစ်ခြင်းတွေနဲ့ ဖြတ်သန်းနေကြပါတယ် ။

မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူရည်းစားအချစ် အစရှိသဖြင့် ချစ်ခြင်းတွေထဲကမှ ချစ်သူရည်းစားအချစ်အကြောင်းကို အဓိကထားပြီး ကြည့်လိုက်ကြရအောင်နော် ။

ချစ်သူအတွဲ တော်တော်များများက အချိန်ကြာကြာ မတွဲဖြစ်တတ်ကြဘဲ ပြတ်စဲသွားကြတာ ဘာကြောင့်ပါလဲ။ တချို့တွေကရော ဘာလို့ အကြာကြီး တွဲဖြစ်သွားတာလဲ ?

ဆိုတော့ကား ကိုယ့်ရဲ့ Relationship ကို အဆင်ပြေပြေ နဲ့ ရေရှည်တည်ဆောက် နိုင်ဖို့ ဒီအချက်တွေကို လိုက်နာ သင့်ပါ တယ် ။

၁။ နှလုံးသားထဲက ချစ်လွန်းလို့ အတူတူရှိချင်တာ ဖြစ်ပါစေ။ အခြားအကြောင်းအရင်း၊ ဖိအားတွေကြောင့် ဆက်တွဲနေတာမျိုး မလုပ်သင့်ပါဘူး ။

၂။ အချင်းချင်း ဖြစ်နိုင်မယ့်ကိစ္စကိုသာ မျှော်လင့်ချက်ထားပါ။ တချို့သော ရိုမန်တစ်ဆန်တဲ့ပုံစံမျိုးတွေက တဖက်လူအနေနဲ့ လိုက်လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး ။

၃။ အချင်းချင်း Respect မရှိရင်တော့ ရေရှည်အဆင်ပြေဖို့ မဖြစ်နိုင်ပါဘူးနော် ။

၄။ ပွင့်ပွင့်လင်းလင်း ရှိဖို့က အရေးကြီးဆုံးပါ။ အထူးသဖြင့် နာကျင်ရတဲ့ကိစ္စမျိုးတွေပေါ့။ ဥပမာ – ဒီလိုမျိုးပြောတဲ့အခါ စိတ်မကောင်းဘူး၊ ဒီလိုပစ်ထားရင် အရမ်းဝမ်းနည်းရတယ် အစရှိသဖြင့်ပေါ့ ။

၅။ ကိုယ့်ကိုကိုယ် ပျော်အောင်နေပါ။ တစ်ဖက်လူက ကိုယ့်ကို ပျော်အောင် လုပ်ပေးရမယ်ဆိုတဲ့ မဖြစ်မနေတာဝန်မျိုး သူ့မှာ မရှိပါဘူး။ ကိုယ်ပိုင်ဘဝအသီးသီးမှာ ပျော်နေမယ်ဆိုရင် နှစ်ဦးလုံးရဲ့ Relationship ကလည်း ပျော်ရွှင်နေရမှာပါ ။

၆။ ချစ်သူရည်းစားကို အရမ်းချုပ်ချယ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုတာ လူတိုင်း လိုအပ်ပါတယ် ။

၇။ စတွဲတုန်းကလို မဟုတ်ဘဲ ပြောင်းလဲသွားတဲ့ သူ့ပုံစံကို လက်ခံပေးနိုင်ရပါမယ်။ ဥပမာ – ဆံပင်ပုံစံပြောင်းလိုက်တာ၊ ဝလာတာ အစရှိသဖြင့်ပေါ့ ။

၈။ ချစ်သူရည်းစားဘဝဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်ပါ။ ဒါကြောင့် ရန်ဖြစ်ရတဲ့ အခါ ဖြစ်ပြီး ပြန်လည်ပြေလည်ဖို့ ကြိုးစားသင့် ပါတယ်။ ရန်ဖြစ်ရလို့ စိတ်ပျက် သွားတဲ့ အဖြစ်မျိုး မလုပ်သင့် ပါဘူး။

၉။ ပြဿနာသေးသေးလေး aတွ တဖြည်းဖြည် းစုပုံ လာပြီး ပြတ်ကြ၊ဆဲကြတဲ့ အထိ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ဒီကိစ္စက သေးသေးလေးပါ။ ဘာမှ မဟုတ်ပါဘူ းဆိုပြီး ပစ်မထားပါနဲ့နော် ။

ချစ်ရသူတိုင်း ပျော်ရွှင်ကြပါစေ . . . .

Scarlett

ခရက်ဒစ် ဝီ

မအားမလပ်တဲ့ကြားက ရွှေထူးရဲ့မိခင်ဖြစ်သူဆီ သွားလည်ခဲ့ကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီ”

ပရိသတ်တွေ အားကျရလောက်အောင် အရိုတလိုင်း ချစ်ကြတဲ့ အနုပညာရှင် ဆယ်လီစုံတွဲတွေ ထဲမှာ ရွှေစုံတွဲကတော့ မပါမဖြစ်ပါ ဘဲနော် ။

တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံ နိုင်အောင် ချစ်ကြတဲ့ ရွှေစုံတွဲ ဇနီးမောင်နှံကတော့ ဝေဖန်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ ရပေမယ့်လည်း ယုံကြည်မှုတွေနဲ့ လက်တွဲခဲ့ ကြတာပါ

ရွှေထူးကလည်း သူ့ထက် (၆) နှစ်ငယ်တဲ့ ဇနီးချောလေး ရွှေမှုံကို အလိုလိုက်ပြီး ချစ်သလို ရွှေမှုံကလည်း ခင်ပွန်းဖြစ်သူ ကို သည်းသည်းလှုပ် ချစ်တာကို ပရိသတ်တွေ အားလုံး သိ မှာ ပါ နော် ။
လက်ရှိမှာ “ကမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို အဓိက သရုပ်ဆောင်တွေ အနေနဲ့ ပါဝင်သရုပ်ဆောင်နေကြတာပဲ ဖြစ် ပါ တယ်.။

မအားမလပ်နိုင်အောင် ဖြစ်နေကြပေမယ့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှာတော့ ရှုတင်လေးနားတုန်း ရွှေထူးရဲ့ မိခင်ဆီကို ထမင်းလေးသွားစားခဲ့ ကြတဲ့ ပုံလေးကို “ရူတင် ခနနားတုံး လေးအမေ အိမ်ထမင်းလာစားကြသော သားကြီး နဲ့သမီး ချွေးမ” ဆိုပြီး ရွှေထူးရဲ့မိခင်ဖြစ်သူမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါ တယ်နော်..။
ဘယ်လိုပဲ ရိုနေကြပေမယ့် မိဘတွေရှေ့မှာတော့ ချစ်ဖို့ကောင်းတဲ့ သားသမီးလေးတွေ အဖြစ်နဲ့မြင်ရတဲ့ ရွှေနှစ်ရွှေလေး ကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်း ပါ တယ်နော် ပရိသတ်ကြီးရေ။

ပရိသတ်ကြီးအတွက် ကလေးလေးတွေလို ချစ်ဖို့ကောင်း နေတဲ့ ရွှေ ထူး ရဲ့မိ ခင် နဲ့အ တူ ရိုက် ထား တဲ့ ရေ ွှနှစ် ရွှေ ပုံ ရိပ် လေး ကို ပြန်လည် မျှဝေ ပေးလိုက် ပါ တယ် နော်..။

Monday, 10 February 2020

❝ စိတ်ကို ကျွဲထိန်းသလို ထိန်းပါ ❞

တစ်ခါတော့ ..မြစ်ဝကျွန်းပေါ် ဒေသ တစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။ ထိုဒေသတွင် မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွားအစား ကျွဲများဖြင့်သာ ထွန်ယက် စိုက်ပျိုးကြရလေ၏။

ကျွဲများသည် သန်မာထွားကျိုင်းပြီး ချိုကြီးများ ကားနေ၏။

ဆရာတော်သည် .. ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။

“ဒကာကြီး .. ဒီလောက် သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြဘူးလား” “တစ်ခါတလေတော့ ရန်မူတယ် ဘုရား၊ တလောက ဟိုဘက်ရွာကေ တာင်သူတစ်ယောက် ကျွဲခတ် လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေပါရောလားဘုရား”

“အိုး… ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော် အန္တရာယ်များတာပဲ” “ဒါက ဖြစ်ခဲ ပါတယ်ဘုရား၊ သူတို့ ကျွဲထိန်းတဲ့ နေရာမှာ ညှာလိုက် လို့ပါ”

“ဒကာကြီးက ဘယ်လို ထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက် ထားလို့လား”

“တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိ တယ်ဘုရား” “ဒကာကြီးတို့နည်းက ဘုန်းကြီးတို့ လို မေတ္တာသမားနဲ့ ကိုက်တာပေါ့ ဘယ်လို ထိန်းတာလဲ”

“အလုပ်နဲ့ ထိန်းတာပါဘုရား လယ်ချိန် လယ်ထွန်တယ်၊ ယာချိန် ယာထွန်တယ်၊ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကို လှည်းပေါ်တင်ပြီး မြစ်ရေကို သယ်တယ်။ ရေသယ်စရာ မရှိရင်
ထင်း လိုက်တယ်ဘုရား …”

“အဲဒီလို မနားတမ်း ခိုင်းနေမယ် ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့ အတွက် နားရတဲ့ အချိန်လေးမှာ ငြိမ်နေတာ ပေါ့ဘုရား …။ ဒေါသဖြစ် ချိန်ကို မပေးတော့ဘူ းဘုရား”

“အို… ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းက .. ဘုန်းကြီး အတွက်တော့ တရားတစ်ပုဒ်ပါပဲ၊ ကျွဲကြီးကို စိတ်နေရာမှာ ထားပြီး စိတ်ကို အလွတ်မထားဘူး အမြဲခိုင်းနေမယ် ဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ မဝင်နိုင်ဘူးပေါ့”

“ဒါကြောင့် ..ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့။ စိတ်ဆိုတာ … မကောင်းတဲ့ ဘက်မှာ ပျော်တာ။ အားနေရင် စာဖတ်၊ စာရေး တရားနာ။ ဟော… အဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”

(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများ မှ)

ပြန်လည်မျှဝေပါသည်

ဘယ်အသက်အရွယ်ရောက်ရောက် အမြဲ ငယ်ရွယ်နုပျိုနေစေမယ့် နည်းလမ်းလေးတွေ…

ကြီးလေ လှလေ ဒေါင်းမျိုးလေးတွေလို့ ကြားဖူးကြတယ် မဟုတ်လား။ နုပျိုနေတယ်ဆိုတာတော့ ဒီအတိုင်းတော့ နုပျိုမနေပါဘူး။ နုပျိုခြင်းမှာလည်း နည်းလေးတွေ ရှိပါတယ်။

ကိုယ့်ထက် ငယ်တဲ့သူတွေက ကိုယ့်ကို သူတို့ထက် ငယ်တယ် ခဏခဏ အထင်ခံနေရပြီဆိုရင်တော့ သဘောပေါက်လိုက်ပါတော့ သင်က နုပျိုတဲ့သူဆိုတာ သေချာနေပါပြီ။ ဒီလိုမျိုး အမြဲ ငယ်ရွယ်နုပျိုနေချင်ရင်တော့ ဒီအချက်လေးတွေကို ဂရုပြုဖို့ လိုပါတယ်နော်…

(၁) ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားပါ

စိတ်ဆင်းရဲစရာတွေနဲ့ ကင်းတဲ့ သူရယ် လို့တော့ မရှိပါဘူး။ ဒါပေမဲ့ စိတ်ရှုပ်စရာ စိတ်ညစ်စရာ ရှိရင် စိတ်အေးအေးနဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားလိုက်ပါ။ စိတ်ညစ်တဲ့ စိတ်ရှုပ်တဲ့ အချိန်ကာလကို တိုနေပါစေ။ ဒါ့အပြင် စိတ်ကို ပျော်ပျော်ရွှင်ရွှင် ဖြစ်နေအောင် နေပါ။

ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်း ပျော်အောင်ထားပါ။ ရယ်သောသူ အသက်ရှည်၏ ဆိုတဲ့ စကားက အလကားပေါ်လာတာ မဟုတ်ပါဘူး။ ပျော်နေတဲ့အခါ ခန္ဓာကိုယ်အတွက် အိုမင်းရင့်ရော်မှုဖြစ်မှုကို ပိုပြီး နှေးကွေးသွားစေပါတယ်။ စိတ်ပျို ကိုယ်နု ဆိုတာ ကြားဖူးကြတယ် မဟုတ်လား ။

(၂) အသားအေရကို ဂရုစိုက္ပါ

ငယ်ငယ်ကြီးကြီး အသက် ၂၀ က စပြီး လူ့ရဲ့ အသားအရေက စတင် ရင့်ရော်လာတတ်ပါတယ်။ ဒါကြောင့် အမြဲ နုနေချင်ရင်တော့ အသားအရေကို ဂရုစိုက် ထိန်းသိမ်း ရပါမယ်။ အထူးသဖြင့် မျက်နှာကို ပို ဂရုစိုက်ဖို့ လိုပါတယ်။

Skincare တွေကို အဆင့်လိုက် သေချာ သုံးပေးဖို့ လိုပါတယ်။ Skincare တွေက အချိန်တွေ အများကြီး မပေးရသလို အသားအရေအတွက် တကယ့်ကို ရင့်ရော်မှုဖြစ်စေမှုကို နှောင့်နှေးစေပါတယ်။ အသားအရေ ကြည်လင်ပြီး နူးညံ့တင်းရင်းနေတဲ့ မျက်နှာလေးက နုပျိုမှုရဲ့ သင်္ကေတ တစ်ခုပဲ ဖြစ်ပါတယ်။

(၃) အစားအေသာက္ကို ဂရုစိုက္ပါ

အစားအသောက် စားတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီအောင် စားဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက် အသားနဲ့ မျှတအောင် စားရမှာ ဖြစ်သလို ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ကျန်းမာရေးမကောင်းပဲနဲ့ နုပျိုနေတဲ့ ပုံပေါက်မှာတော့ မဟုတ်ပါဘူး ။

(၄) အရက်နဲ့ ဆေးလိပ်ကို ရှောင်ဖို့ လိုပါတယ်

အရက် ဆေးလိပ်နဲ့ ကင်းတဲ့သူဆိုတာ ရှားပါတယ်။ ဒါပေမဲ့ လျှော့သုံးလို့တော့ ရပါတယ်။ အရက်နဲ့ ဆေးလိပ်ဆိုတာ မျက်နှာ ရင့်ရော်မှုကို အဖြစ်စေဆုံး အရာတွေလည်း ပါပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေပါသေးတယ်။ ဒါကြောင့် ရှောင်နိုင်ရင် အကောင်းဆုံး ပါပဲ …။

(၅) ဖက်ရှင် ရွေးချယ်မှု မှန်နေပါစေ

လူကပဲ နုပျိုနေရုံနဲ့ မလုံလောက်ပါဘူး။ ငယ်တဲ့ပုံပေါက်တယ်ဆိုတာ ကိုယ်နဲ့ လိုက်အောင် လန်းလန်းဆန်းဆန်း ဖြစ်အောင် ဝတ်စားဆင်ယင်တဲ့ အခါမှာ တွေ့မြင်ကြတာပါ။ အမြဲ လူကြီးဆန်တဲ့ အဝတ်အစားတွေ အရောင်တွေကို ဝတ်ဆင်ဖို့ မလိုအပ်ပါဘူး။

နေရာဒေသကို လိုက်ပြီး လိုက်ဖက်တဲ့ ဖက်ရှင်ကို ရွေးချယ်ဖို့ပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ ငယ်ဖို့ ဆိုပြီး ဆယ်ကျော်သက်တွေလို သွားဝတ်ရင်တော့ ဂွမ်းသွားမှာပါ။

ကိုယ်နဲ့ လိုက်ဖက်ရမှာ ဖြစ်သလို နုပျိုတဲ့အသွင်လည်း ပေးနိုင်တဲ့ အရောင်တွေ ဖက်ရှင်တွေကို ရွေးချယ် ဝတ်ဆင်ရပါမယ် ။

အားလုံးပဲ ဒေါင်းမျိုးလေးတွေ ဖြစ်ကြပါစေနော် ။

Written by Kham

ယောကျ်ားလေးများ ယူသင့်သော မိန်းမ (၁၀) မျိုး

(၁) အနာရောဂါကင်းရှင်းပြီး အနေအထိုင် သိမ်မွေ့သန့်ရှင်းသော မိန်းမ ။

(၂) မိဘအား ပြုစုလုပ်ကျွေးလို စိတ်ရှိပြီး ကိုယ့်ထက် အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာနားလည် ထိန်းကျောင်းပေးတတ်သော မိန်းမ ။

(၃) ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မဝင်စားတတ်၊ ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ ။

(၄) အရာရာကို လွယ်လွယ် မယုံ ဉာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ် လုပ်ကိုင် တတ်သော မိန်းမ၊ ထိုအသိဉာဏ်အတွေ့အကြုံ လောကအမြင် များကိုလဲ သားသမီးများအား သွန်သင် လမ်းညွှန်ပြ နိုင်သော မိန်းမ ။

(၅) ဟိုးအောက်ဆုံး အဆင့် ကနေ ဟိုးအမြင့်ဆုံး အထိ ယောကျာ်းဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့အညီ လိုက်လျောညီစွာ နေထိုင်ပြုမူတတ်ပြီး ဘယ်ဘဝရောက်ရောက် ပေါင်းသင်းမည့် မိန်းမ ။

(၆) မာန်မာန မတက် ကြွားဝါးလိုခြင်း အလျဉ်း မရှိ။ ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ …။

(၇) အချက်အပြုတ်၊ အိမ်သန့်ရှင်းရေး၊ မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု၊ သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု စသဖြင့် အခြေခံ မယားဝတ် တရားများအား ကျေပွန်စွာ ထမ်းဆောင် နိုင်သော မိန်းမ ။

(၈) ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ ။

(၉) အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် အိမ်အလည်အပတ်များခြင်း၊ အင်တာနက်တွင် အလေလိုက်ခြင်း၊အချစ်ဝတ္ထုတွေ ဖတ်ခြင်း ၊ရုပ်ရှင်ကားတွေ ထိုင်ကြည့်ခြင်း စသည်တို့တွင် လိုတာထက်ပို၍ စိတ် ပါဝင်စားမှု မရှိသော မိန်းမ ။

(၁၀) ကိုယ်တစ်ဦးတည်းသာ အရမ်း ချစ်သော မိန်းမ ။

ရှိတော့ ရှိ တယ် ရှား ပါး တယ်။ ရှား တဲ့ အထဲ မိမိသာ ပါဝင် ပါစေ ။ ရတနာရှိရာ ရတနာလာပါတယ် ။

မူရင်း အားလေးစားလျှတ်

တံတောင်မဲ ၊ ဒူးမဲ ပျောက်ဖို့””’

တံတောင်ဆစ်တွေ ဒူးတွေ မဲနေလို့ စိတ်ညစ်နေ ပါသလား။ သင့်ဒူးနဲ့ တံတောင်ဆစ်တွေ ဖြူဖွေးသွားဖို့ နည်းလမ်း ကောင်း လေး တွေ ရှိ ပါ တယ်။

အခု ပြုလုပ်ရမဲ့ နည်းလမ်းလေး တွေကတော့ အိမ်တွင်းမှာတင် ပြုလုပ်လို့ ရနိုင်တာမို့ သင်တို့အတွက် အလွန် အဆင်ပြေ ပါတယ်လို့ ပြောချင် ပါတယ်။

တံတောင်ဆစ် မဲလို့ အင်္ကျီလက်တို မဝတ်ရဲ သူတွေ ဒူးခေါင်းမဲလို့ စကဒ်တို ၊ ဘောင်းဘီတို ဝတ်ချင်ရဲ့နဲ့ မဝတ်ရသူတွေ အတွက် ကောင်း သ တင်း ပဲ ဖြစ် ပါ တယ်။ ။

ရှားစောင်းလက်ပတ်””

ရှားစောင်းလက်ပတ်ဟာ လူသားတို့ကို များစွာ အကျိုးပြု ပစ္စည်း တစ်မျိုးပဲ ဖြစ် ပါ တယ်။ အခုလည်း ရှားစောင်းလက်ပတ်ဟာ နေရောင်ခြည်ထိတွေ့မှု များခြင်းကြောင့် အရေပြား ပျက်စီးနေတာကို ပြန်လည် ပြုပြင် ပေးမှာ ဖြစ် ပါ တယ်။ အရေပြား ညိုမဲမူှကို သာမက အသားအရေကို နုညံ့ စိုပြေမူှကိုလည်း ပေး နိုင် ပါ တယ်။

ပြုလုပ်နည်းကတော့

ရှားစောင်းလက်ပတ် အရွက်ကို အလယ်မှ ဓားနဲ့ ခွဲလိုက်ပြီး ဂျယ်လီလို အနှစ်သားကို ယူလိုက်ပါ၊ အဲ့ဒီဂျယ်လီသား အနှစ်ကို မဲတဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။ မိနစ်၃၀ ကြာထားပြီးနောက် ရေနဲ့သန့်စင်ပေးပါ။

နေရောင်ကာ လိုးရှင်း””

နေရောင်ကာ လိုးရှင်း လိမ်းခြင်းဟာလည်း အရေပြား ခြောက်သွေ့မူှကို ကာကွယ်ပေးပြီး အသားအရေကို စိုပြေလာစေပါတယ်။

ပြုလုပ်ရမှာကတော့

နေရောင်ထဲ မထွက်ခင်မှာ နာရီ ဝက်လောက်ကြိုပြီး လိမ်းထားပါ။ နှစ်နာရီခြား တစ်ကြိမ်လိမ်းပေးပါ။

ရှာလကာရည်နဲ့ ဒိန်ချဉ်””

ရှာလကာရည်နဲ့ ဒိန်ချဉ်ကို တွဲဖက် အသုံးပြုပါက အရေပြားမဲတာတွေကို လျော့နည်း သက်သာစေပြီး အသားအရေကြည်လင်ကာ ပြန်လည် စိုပြေလာမှာ ဖြစ်ပါတယ်။

ပြုလုပ်ရမှာကတော့…..

ရှာလကာရည်နဲ့ ဒိန်ချဉ်ကို ရောပြီး မွှေပါ သမပြီဆိုတဲ့ အခါမှာ တံတောင်ဆစ်နဲ့ ဒူးခေါင်းကိုစက်ဝိုင်းပုံစံ လှည့်ပတ် ပွတ်လိမ်းပေးပါ။ ခြောက်သွေ့သွားအောင် ခဏထားပြီး နောက်ရေနဲ့ သန့်စင်ပေးပါ။

သဘာဝ အဆီများ””’

သဘာဝအဆီတွေဟာ အရေပြား အစိုဓာတ်ကိုထိန်းပေးပြီး တံတောင်ဆစ်နဲ့ ဒူးခေါင်းမဲတာတွေကို လျော့နည်းသွားစေပါတယ်။

ပြုလုပ်ရမှာကတော့

သံလွင်ဆီ ၊ နှမ်းဆီ ၊ အုန်းဆီ စတဲ့ အဆီ တစ်မျိုးမျိုးကို အရေပြား ပေါ်ညင်သာစွာပွတ်လိမ်းပေးပါ။ အရေပြား ခြောက်သွေ့တာနဲ့ မဲတာတွေကို သက်သာစေ ပါတယ်။

သစ်သီး””

သစ်သီးများထဲမှာမှ ခရမ်းချဉ်သီး ၊ စပျစ်သီး စတဲ့ အသီးတွေမှာ ကြေးချွတ်အာနိသင် ရှိပြီးအရေပြား မဲတာကို လျော့နည်း စေပါ တယ်။

ပြုလုပ်ရမှာ ကတော့

ခရမ်းချဉ်သီး ဒါမှမဟုတ် စပျစ်သီးကို ထက်ခြမ်းခြမ်းပြီး မဲနေတဲ့အရေပြား ပေါ်ပွတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါ။

အစိုဓာတ်ထိန်းခရင်မ်

အစိုဓာတ် ထိန်းခရင်မ်ဟာ အရေပြားကို အစိုဓာတ်ဖြည့်ပေးတဲ့ အတွက် အသားအရေခြောက်သွေ့မူှကို ကာကွယ်နိုင် ပါတယ်။

ပြုလုပ်ရမှာကတော့

ရေချိုးပြီးတဲ့အခါမှာ မဲနေတဲ့ နေရာတွေကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။

ကြေးတွန်းကျောက်”’

ကြေးတွန်းကျောက်ကို အသုံးပြုပြီး အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင် ပါတယ်။

ပြုလုပ်ရမှာကတော့…..

ရေချိုးတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ ကြေးတွန်းကျောက်နဲ့ ဖြည်းဖြည်းခြင်း ညင်သာစွာပွတ်တိုက်ပေးပါ။

သိုဆိုလျှင် သင့်အလှကို ဖျက်နေတဲ့ ဒူးခေါင်းမဲမဲ တံတောင်ဆစ်မဲမဲတွေ ပြန်လည်ဖြူစင်လာပြီး သင့်ကိုယ်သင် ယုံကြည်စိတ်ချမူှ ပိုမိုတိုးပွားလာမှာဖြစ်ပါတယ်။

စန္ဒီမြင့်မိုရ်#

Unicode

အံဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကိုသက်သာစေမယ့်နည်းလမ်းများ

လူတိုင်းဟာ အန်ဆုံးပေါက်ခြင်းကြောင့် နာကျင်ခြင်းကို ခံစားဖူးကြ ပါတယ်။

အံဆုံးဆိုတာ တတိယမြောက် အံသွားကို ခေါ်ဆိုခြ င်းဖြစ်ပြီး အသက်၁၈ကနေ၂၅နှစ်အတွင်း ရင့်ကျက်တည်ငြိမ်သောအရွယ်မှာ ပေါက်တဲ့ သွားမို့ ပညာရှိသွား(wisdom tooth)လို့လဲတင် စားကြပါသေး တယ်။

အံဆုံးပေါက်လို့နာကျင်ခြင်းကိုလောလော လတ်လတ် ခံစားနေရ သူမျာ း အတွက် အောက်ဖော်ပြပါ နည်းလမ်းကောင်းလေးတွေက ကူညီပေးမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှုုကြည့် ပါနော်။

(၁)ဆားပြုတ်ရည်

ဆားဆိုတာ သဘာဝပိုးသတ် အာနိသင် ရှိသော ဆေးတစ်လက် ဖြစ်ပါတယ်။ ဆားကို ရေကြက်သီးနွေးမှာခပ်ထည့်ပြီး ထိုအရည်ဖြင့် ပလုတ်ကျင်း ပေးပါ။ သွားကိုက်ခြင်းနဲ့လည်ပင်းနာခြင်းများကို လျင်မြန်စွာ သက်သာစေပါ လိမ့်မယ် ။

ပလုတ်ကျင်း ရာမှာလဲ မိနစ်အနည်းငယ်ကြာအောင် ကျင်းဖို့ လိုပြီး တစ်နေ့ကို ၄ကြိမ်ခန့်ပြုလုပ် နိုင်ပါ တယ်။လွယ်ကူပြီး အကျိူးရှိသော နည်းတစ်လက် ဖြစ်ပါတယ်။

(၂)မုန့်ဖုတ်ဆိုဒါအနှစ်

အံဆုံးပေါက်ခြင်းကြောင့် ရောင်ယမ်းခြင်းကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျ သွားတိုက်ဆေးနဲ့ရောပြီး ပုံမှန်အတိုင်း သွားတိုက် ပါ။

အထူးသဖြင့် အံဆုံးနေရာသို့ ဖိတိုက်ပေးပါ။ နာကျင်ခြင်းကို မိနစ်အနည်းငယ် အတွင်း သက်သာစေ ပါတယ်။

(၃)ရေခဲကပ်ခြင်း

ရေခဲက ရောင်ယမ်းခြင်း အားလုံးကို သက်သာစေကြောင်း ကျွန်တော်တို့သိကြပြီး ဖြစ်ပါတယ်။ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး ၁၅မိနစ်ကြာအောင် အနားပေးပါ။ ထိုနည်းအတိုင်း အကြိမ်များစွာပြုလုပ်ပေးပါ။

(၄)လေးညှင်း

သွားကိုက်ခြင်းကို သက်သာဖို့ ရှေးခေတ် ကတည်းကပင် အသုံးပြုခဲ့ ကြပါတယ်။ နာကျင်သောနေရာပေါ်သို့ အုံပေးခြင်းဖြင့် နာကျခြင်းကို သက်သာစေ ပါတယ်။ အချိူ့ကလည်း လေးညှင်းဆီကို အသုံးပြုကြ ပါတယ်။

(၅)နနွင်း

နနွင်းမှာ ပါသောပိုးသတ် အာနိသင်ကြောင့် သွားနာခြင်းကို သက်သာစေ ပါတယ်။ ထိုမျှ မက သွားဖုံးယောင်ခြင်းကို သက်သာစေတဲ့ အပြင် ပိုးမွှားများကို လဲသေစေ ပါတယ်။

နနွင်းမှုန့်အနည်းငယ်ကို ရေနွေးထဲရောပြီး ပလုတ်ကျင်းရည် အဖြစ် အသုံးပြုပေးပါ။

(၆)ပူစီနံရွက်

သွားကိုက်သောနေရာသို့ ပူစီနံရွက် အနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။ သွားကိုက်ခြင်း အပြင် လည်ချောင်းနာခြင်းကိုပါသက်သာစေသော အစွမ်းရှိ ပါတယ်။

(၇)ကြက်သွန်နီ

ကြက်သွန်နီမှာ ပိုးသတ် အာနိသင်အပြင် ရောင်ယမ်းခြင်းကိုလျော့ပါးစေသော အာနိသင်ပါရှိတာမို့ သွားနာခြင်းကိုသက်သာစေပါတယ်။ နာကျင်နေသော အံဆုံးပေါ်သို့ ။ ကြက်သွန်နီအနည်းငယ်ကို ၁၅မိနစ်ခန့် အုံပေးပါ။

Writer- Dr Jue

အပ္ပါယ်လေးပါးသို့ လုံးဝပြန်မလာတော့သော အလှူဒါနပြုနည်း

ယူနီကုတ်
အပ္ပါယ်လေးပါးသို့ လုံးဝပြန်မလာ တော့သော အလှူဒါနပြုနည်း အရှင်သာ ရိပုတြာမေးလျှောက် သဖြင့် တ်စွာားဖြေကြားသော အလှူဒါနပြုနည်း ၇ မျိုး။ အခါတပါး၌ မြတ်စွာဘုရားရှင်သည် စမ္ပာမြို့ ဂဂ္ဂရာမည်သောရေကန်နီး

သီတင်းသုံးနေတော်မူ ၏။ ထိုသို့ သတင်းနေတော် မူသော အခါ ဥပုသ်နေ့ တစ်နေ့၌ ရှင်သာရိ ပုတ္တရာသည်တ်စွာဘုရား ၏တရားကို ကြားနာလိုသော ဥပသကာ တို့နှင့် အတူ မြတ်စွာ ဘုရားထံ ချဉ်းကပ်၍ ဤကဲ့သို့မေးာက်၏။

“အရှင်ဘုရား ဒါနချင်းတူ ပါလျှက် အချို့အကျိုးကြီးပြီး၊ အချို့ အကျိုးမကြီးသော အလှူဒါန ဟူ၍ ရှိပါသလာား”ဟု မေးလျာက်၏ ။ မြတ်စွာဘုရားရှင် ကလည်း“သာရိပုတ္တရာ ထိုကဲ့သို့သော အလှူဒါန သည် ၏”။“အရှင်ဘုရား

ထိုကဲ့သို့ ဒါနချင်းတူ ပါလျှက် အကျိုးပေး မတူခြင်းသည် ဘယ်လိုအကြောင်းကြောင့် ပါ နည်းဘုရား”ဤသို့ ရှင်သာရိပုတ္တရာက မေးလျှောက်သော အခါ။ မြတ်စွာဘုရားရှင်က အောက်ပါ အတိုင်း ဖြေကြားတော်မူ သည်။

ချစ်သားသာရိပုတြာ-၁။ အချို့သော လူတို့သည် ငါ၏ အလှူဒါနသည် တမလွန်ဘဝ၌ ကောင်းကျိုးတွေ ပြန်ခံစားရမှာဘဲ ဟု စိတ်ကထိုသို့ အာရုံပြု၍ ပေးလှူ၏။ ထိုသို့ အာရုံပြု၍ပေးလှူသော သူသည် ထိုကုသိုလ်ကံ အကျိုးပေး

သော ဘဝ၌ စတုမဟာရာဇ် နတ်ပြည် သို့ရောက်၍ ထိုကုသိုလ်ကံ ကုန်သော အခါ လူပြည် နဲ့ အပ္ပါယ်လေးပုံသို့ ပြန်လာရ၏။

၂။ အချို့သောသူတို့သည်- ဘုရားအစရှိသော အရိယာ သူတော်ကောင်း တို့သည် ကုသိုလ်ကောင်းမှု့တွေပြုကြ၏ ငါတို့လဲ ကုသိုလ်ကောင်းမှုတွေ ပြုပေအံ့ဟု နှလုံးသွင်း၍ ကုသိုလ်ပြု ကြ၏။

ကုသိုလ်ကောင်းမှု့လုပ်ရတာကောင်းတယ် ဟု ယုံလည် ယုံကြည် ကြ၏ ထိုသူတို့သည် ထိုကုသိုလ် အကျိုးပေးသော

အခါ တာဝတိံသာ နတ်ပြည်သို့ရောက်ရ၏။ ထိုကုသိုလ်ကံကုန်သောအခါ လူ့ပြည် နဲ့ အပ္ပါယ်လေးဘုံကို ပြန်လာရ၏ ။

၃။ အချို့သောသူတို့သည် မိဘဘိုးဘွားများ ပြုခဲ့သော ကုသိုလ်ကောင်းမှု့အတိုင်း မိဘဘိုးဘွားများ အစဉ်အလာကိုမဖြတ်ဘဲ မိဘ ဘိုးဘွားတွေ ဂုဏ်မညိုးစေဘဲ မိဘ ဘိုးဘွားတွေ ကိုပါ အလေးထားပြီးသကဲ့သို့ ခင်ပွန်းကြီး ၁၀ပါး ကို အလေးထားသည် ဖြစ်၍ ပေးလှူကြ၏။

ထိုကုသိုလ်ကံ အကျိုးပေးသော အခါ ယာမာနတ်ပြည်သို့ ရောက်ရ၏။ ထိုကုသိုလ်ကံကုန်သောအခါ လူပြည် နဲ့ အပ္ပါယ်လေးပါးသို့ ပြန်လာရ၏။

၄။ အချို့သော သူတို့သည် ငါသည် ချက်ပြုတ် စားသူဖြစ်၍ ချက်ပြုတ် မစားသော သမဏ၊ ဗြဟ္မဏတို့အား မလှူဘဲနေရန် မသင့်ဟု

နှလုံးသွင်း၍ အလှူကိုပေးလှူ၏။
(သမဏ= ကိလေသာကို ငြိမ်းစေသူ) (သမဏဗြဟ္မဏ=သူတော်သူမြတ်၊သူတော်ကောင်း၊)

ထိုသူသည် ထိုကုသိုလ်ကံ အကျိုးပေးသော အခါ တုသိတာ နတ်ပြည် သို့ရောက် ရ၏။ ထိုကံကုန်သောအခါ လူုပြည် နဲ့ အပ္ပါယ်လေးဘုံးသို့ပြန်လာ ရ၏

၅။ အချို့သောသူသည် ငါ၏ လှူဒါန်းပေးကမ် းမှုသည် အဋ္ဌကရသေ့၊ ဝါမကရသေ့ စသော ရှေးခေတ်ရသေ့ကြီးများ၏ ယဇ်ပူဇော်ပွဲကြီးများ ဖြစ်လိမ့်မည်ဟု နှလုံးသွင်း၍ အလှူကိုပေးလှူ၏။

ထိုကုသိုလ်ကံ အကျိုးသော အခါ နိမ္မာနရတီ နတ်ပြည်သို့သွားရအံ့။ ထိုကုသိုလ်ကံကုန်သောအခါ လူပြည် နဲ့ အပ္ပါယ်လေးပါးသို့ ပြန်လာရပေ၏။

၆။ အချို့သောသူသည် အလှူကိုပေးလှူလျှင် ငါ့မှာ စိတ်ကြည်လင်မှု၊ နှစ်သက်ဝမ်းမြောက်မှု ဖြစ်လိမ့်မည်ဟု နှလုံးသွင်း၍ အလှူကိုပေးလှူ၏။

ထိုကုသိုလ်ကံ အကျိုးပေးသော အခါ ပရနိမ္မိတဝသဝတ္တိနတ်ပြည်သို့ ရောက်ရ၏။ ထိုကံကုန်သောအခါ လူပြည် နဲ့ အပ္ပါယ်လေးပါးသို့ ပြန်လာရ၏။

၇။ အချို့သောသူတို့သည် သမထ ဝိပဿနာ အားထုတ်ရာမှာ သမာဓိမရ၊ ကျင့်ကြံမှု၌ မပေါက်မြောက်သည်ဖြစ်၍ စိတ်ကို တည်ကြည်စေရန်၊ တရားရစေရန် မဂ်ဖိုလ်နိဗ္ဗာန်ကို ထိုးထွင်းသိမြင်စေရန် အလှူဒါနကို ပေးလှူ၏။

သာရိပုတ္တာ-

ထိုသူသည် ထိုကုသိုလ်အကျိုးသော
(အကျိုးပေးသောဘဝ)၌ ဈာန်ရ၏။ ဗြဟ္မာ့ပြည်သို့ရောက်ရ၏။ အရိယာမဂ်ကိုလည်းကောင်း၊ ဈာန်ကို

ည်းကောင်း ရစေ၍ဗြဟ္မပြည်၌ပင် မဂ်ဖိုလ်ကို ရ၍ နောက်ဆုံး၌ နိဗ္ဗာန်ဝင်ရ၏။

သီလကိုလဲ ထိုကဲ့သို့စိတ်ထားဖြ င့်ပြုလုပ်ပါ၊ သမထကိုလဲ ပြုလုပ်ပါလို့ မြတ်စွာဘုရားရှင်က ရှင်သာရိပုတ္တရာနှင့် ဥပသကာတို့အား မိန့်ကြာတော် မူ၏။

Saturday, 8 February 2020

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ

ဘွဲ့နှင်း သဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီ လူမျိုးများမှ ဆင်းသက် လာခြင်း ဖြစ်ပါတယ်။

ယင်း ဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ် ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့ အတွက် ဘွဲ့နှင်းသဘင် ဦးထုပ် အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါ တယ် ။

၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့ အတွက် ယင်း ဦးထုပ်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့ ကြ ပါ တယ် ။

ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ် ပညာရှင်၊ အင်ဂျင်နီယာ၊ ကျောင်းသားလူငယ် စသည်ဖြင့် လူ အမျိုးမျိုးကို ဦးထုပ် အရောင် အမျိုးမျိုး နဲ့ခွဲခြားစေ ပါတယ်။

သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံး ကတော့ အနီရောင် Motarboard ဖြစ်ပါ တယ် ။ ရဲရင့်ခြင်း သဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြု သည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေ ကို အနီရောင် Motarboard ဆောင်း စေ ပါ တယ် ။

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင် ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ ပါတယ်။

နောက်ပိုင်းမှာတော့ အသက်မွေး ဝမ်းကျောင်း ပညာသင်ကြားမှု များမှ မာစတာ ဒီဂရီရရှိ သူများ ကို အသိအမှတ် ပြုရန် အဖြစ် ချီးမြင့် ပါ တယ် ။

နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ် လာ ပါ တယ် ။ ခေတ်တွေ ပြောင်းလာတဲ့ အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ် ပြုစရာ တစ်ခု အဖြစ်သာ အသုံးပြုလာခဲ့ ပါ တယ် ။

ခေတ်သစ် ဘွဲ့နှင်းသဘင် ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ ကတ်သလစ် ဘုန်းကြီး Joseph Durham စတင်

တီထွင် ခဲ့တယ် လို့ သတ် မှတ် ကြ ပါ တယ် ။

ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်း ဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန် နိုင်ငံမှ စံ စနစ်ကို ကူးယူ ထား တယ် လို့ သိ ရ ပါ တယ် ။