Thursday, 30 January 2020

ရရက်သားသမီးများ တစ်ပတ်စာဟောစာတမ်း (30.1.2020 မှ 5.2.2020 အထိ )

တနင်္ဂနွေ
ဒီကာလအတွင်း မိမိကံအညံ့ ကြုံတတ်ပြီး ကြီးမားသော အခက်အခဲများ ပေးဆပ် ရင်ဆိုင်ဖြတ် ကျော်ရမည်။ လုပ်ငန်း တွင် ကောင်းသော အဆက်အသွယ် အထောက်အပံ့ အကူအညီကောင်းများ တွေ့ကြုံ ပေါ်ပေါက်၍ အခက်အခဲများ လျော့ပါး သက်သာမည်။

လုပ်ငန်းပိုင်း ဆုံးရှုံးမှုများ အတွက် မိမိတာဝန်ယူ ဦးဆောင်ဖြေရှင် းပေးရပြီး စိတ်သောက များရ တတ်သည်။ ရာထူးနှင့် ပတ်သက်၍ အနှောက် အယှက်ကြုံ ရတတ် သည်။ ယခင် ဆုံးရှုံးထားသော ငွေကြေး၊ ကြွေးမြီးများ ပြန်လည်ရ ရှိနိုင် သည်။ မိသားစုအရေး ကိစ္စများ အတွက် ငွေကြေးသုံးစွဲ ကုန်ကျမှု များပြားသော ကာလဖြစ်သည်။

အလုပ်သစ် ကိစ္စများ၊ အိုးအိမ်နေရာ ထိုင်ခင်း အပြောင်းအလဲ ကိစ္စများအညံ့ကြုံ နိုင်သည်။ ကျန်းမာရေးအညံ့ကိစ္စများအတွက် ငွေကုန်ကြေးကျများ နေရတတ် ပါတယ်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေး သောကများ ယှဉ်တွဲရင်ဆိုင်ရမည့် ကာလဖြစ်သည်။

မောင်နှမသားချင်း ပြဿနာ များကြောင့် သဘောထား ကွဲလွဲ မည်။ ချစ်သူများ စိတ်ခံစား ချက်များ ထပ်တူညီ၍ ကာရန် ညီသော နေ့ရက်များ ဖန်တီးခွင့် ရရှိမည်။

ချစ်သူများ အချစ်အတွက် အရာရာကို ရင်ဆိုင်တိုက်ပွဲဝင်ရသောကာလ ဖြစ်သည်။ ပညာ သင်ကြား နေသူများ မိမိကြိုးစား သလောက် အရာမထ င်ဖြစ်မည်။ နိုင်ငံခြားပညာသင်သွားမည့်သူများကတော့ ကံကောင်းမည်။

အကျိုးပေးဂဏန်း ၁/၅/၄

အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။

ယတြာ တနင်္ဂနွေသားရဟန်းတစ်ပါးကိုအားဆေးလှူလိုက်ပါ။

တနင်္လာ
ဒီကာလအတွင်း အခက်အခဲများ ပေးဆပ်ရင်းနှီးရမည့် ကာလဖြစ်ပြီး ကံဇာတာ ကောင်းဖို့ကတော့ နီးကပ်နေချိန်ဖြစ် သည်။ မိမိ ဆုံးဖြတ်သုံးသပ်၊ ယူဆမှုများ လွဲချော်နေတတ်ပြီး တိကျပြတ်သားသော လုပ်ဆောင်မှုမျိုးကို ရှောင်ပါ။

လုပ်ငန်းတွင် အခက်အခဲများကြားမှ ရာထူးဘုန်းကံ မြင့်မားတိုးတတ်မှုများ တွေ့ကြုံပေါ်ပေါက်လာနိုင်သည်။ အကြီးအကဲ၊ မိဘဆရာ သမား များနှင့် ပတ်သက်၍ ကောင်းမွန်သော အထောက်အပံ့ အကူအညီကောင်းများ ရရှိတတ်သည်။

စပ်တူစပ်ဖက် ကုမ္ပဏီ အဖွဲ့အစည်းပိုင်းဆိုင်ရာ လုပ်ငန်းကိစ္စများမှ ငွေကြေးအကျိုးအမြတ်များ ရရှိမည်။

ကိုယ်ပိုင် စီးပွားရေးသမားများ အခက်အခဲ ရှိသော်လည်း အခွင့်အရေး ကောင်းများ ရရှိကြီးပွ ားမည်။ တစ်ခုပဲသတိထားပါ..ဝိသမလောဘမျိုးနဲ့အလောတကြီး ငွေမရှာမိပါ စေနဲ့။ မိမိကို ချစ်ခင်နှစ်သက်သူများထံ ကနေ လက်ဆောင်ကောင်းတွေ ရရှိလာ တတ်ပါတယ်။

လခစား ဝန်ထမ်းများကတော့ အလုပ်တာဝန်တွေပိုလာ တတ်ပါတယ်။ ပညာရေး ပိုင်းဆိုင်ရာ အတိုက်အခံများပြားပြီး ကျန်းမာရေး အညံ့ကြောင့် အဆင်မပြေ မှုများ တွေ့ကြုံနိုင်သည်။

အိမ်ထောင်ရှင်များ အိမ်ထောင်ရေးကံ လန်းဆန်းနေ၍ အိမ်ထောင်ဘက်ရဲ့အကူအညီတွေအထူး ရရှိတတ်ပါတယ်။ ချစ်သူများ မိသားစုအသိုင်းအဝိုင်း ကိစ္စရပ် များကြောင့် အတိုက် အခံ ကြုံမည်။

အကျိုးပေးဂဏန်း ၂/၄/၆

အထူးဟော ကံသင့်ပါတယ်။

ယတြာ သံပုရာရည် ဘုရားကပ် လှူပြီး လိုရာ ဆုတောင်းပါ။

အင်္ဂါ
ကံဇာတာမြင့်မားသော ကာလဖြစ်သည်။ လူမှုရေးပိုင်းထ င်ပေါ်ကျော်ဇော၍ နာမည်ဂုဏ်သတင်းကျော်ကြားခြင်းလူသိ များခြင်း အကျိုးကို ရရှိတတ် ပါတယ်။ လုပ်ငန်းသစ်များ တိုးချဲ့ဆောင်ရွက်ရန် အခြေအနေကောင်းများ ဖန်တီးခွင့်ရရှိမည်။

မိမိဆောင်ရွက်သောလုပ်ငန်းကိစ္စ များတွင် ငွေကြေးအကျိုးရှိမှုကံ အထူးကောင်းမွန်သည်။ မိမိကြံစည်ကြိုးပမ်းမှုများ အလွယ် တကူပြည့် ဝအောင်မြင်၍ ကံကောင်းကြီးပွားမှုများ ရယူပိုင်ဆိုင် ခွင် ရရှိမည်။

ဝန်ထမ်းမျာ းမျှော်လင့်ချက် မထား၊ကို ယ်ကျိုး မကြည့်ဘဲ လုပ်ကိုင် လိုက်တဲ့ အလုပ်တွေက သိသာထင်ရှားစွာနာမည်ကောင် းရလိမ့်မယ်။ စွန့်ဦးတီထွင် လုပ်ငန်းများ၊ နည်းပညာနဲ့ နွယ်တဲ့ အလုပ်များ ထင်ရှားအောင်မြင်တတ်ပါတယ်။

ကျန်းမာရေးကတော့ ဆီး၊ ကျောက် ကပ်နှင့် ခါးနာဝေဒနာများ ဖြစ်ပွား လွယ်သည်။ အလေး အပင်မတာမျိုးတွေအထူး ဆင်ခြင် လိုက်ပါ။ ပညာသင်ယူနေသူများ အတိုက်အခံကြားမှ အောင်မြင်တိုး တတ်မည်။

အိမ်ထောင်ရေးကံ ကောင်းမွန်သောကာလဖြစ်ပြီး အောင်မြင် တိုးတတ်ကြီး ပွားမှုကြောင့် အဖက်ဖက်မှ အေးချမ်း သော မိသားစုဘဝရရှိမည်။

အကျိုးပေးဂဏန်း ၃/၅/ဝ

အထူးဟော အလုပ်ကံကောင်းနေမည်။

ယတြာ ဗုဒ္ဓေါဂုဏ်တော်ကို အချိန်ရတိုင်းပွားပါ။

ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်းလူမှုရေး အရှုပ်အရှင်းပြဿနာများကြား ဒုက္ခရောက်ရတတ်သည်။ မိမိဆောင်ရွက် ကြိုးပမ်းမှုများ အတွက် ကံကြမ္မာမှ မျက်နှာသာမပေးသော ကာလဖြစ်သည်။ အခက်အခဲတိုက်ပွဲများအကြား စိတ်ရှည်သည်းခံ၍ အခြေအနေ သစ်များ အတွက် လေ့လာစောင့်ကြည့်သင့်သော ကာလဖြစ်သည်။

ဝန်ထမ်းများကတော့လုပ်ငန်းတွင် အကြီးအကဲများ၏ မျက်နှာသာပေးမှုများတွေ့ကြုံရနိုင်ပါသည်။ ဝမ်းနှင့်ပက်သက်သော ကျန်းမာရေးအညံ့နှင့် ဦးခေါင်းပိုင်းဆိုင်ရာ ကိုက်ခဲမှုများ တွေ့ကြုံရ တတ်သည်။

ခရီးသွားလာမှုနှင့် ယာဉ်အန္တရာယ်များ သတိပြုပါ။ မိသားစုတွင် အိမ်၊ ခြံမြေနှင့် ပက်သက်၍ ငွေကြေးပိုင်းဆိုင်ရာအဆင်ပြေမှုတွေ ကြုံတွေ့ရ တတ်သည်။

အစိုးရဝန် ထမ်း တာဝန်ထမ် းရွက်သူများ လုပ်ဖော်ကိုင်ဖက် အနှောက် အယှက်များ ကြောင့် နေရာအပြောင်းအရွှေ့များ ပေါ်ပေါက်တွေ့ကြုံနိုင် ပါသည်။ လုပ်ငန်းရှင်များ အလုပ်အတွက် ငွေကြေးကိစ္စ များအတွက် အဆင်မပြေမှု များပြာ းနေမည်။

ပညာသင်ကြားနေသူများ ပညာရေးပိုင်း စိတ်လေလွင့်မှု များပြား နေတတ်သည်။ အိမ်ထောင်ရှင် များကတော့ အိမ်ထောင်ဘက်နဲ့ မျက်နှာ ချင်းဆိုင်ပြီး အခက်အ ခဲတွေကို အတူ ရင်ဆိုင်ဖြေရှင်း လိုက်ပါ။ ချစ်သူများ အတွက် ပြင်းထန်သော ပဋိပက္ခတိုက်ပွဲ များအကြား နာကြည် းမုန်းတီးမှုများ မွေးဖွားလ ာတတ် သည်။

အကျိုးပေးဂဏန်း ၁/၆/၄

အထူးဟော ချင့်ချိန်စဉ်းစားပြီးမှရှေ့တိုးဆောင်ရွက်လိုက်ပါ။

ယတြာ အရဟံဂုဏ်တော်ကို တစ်နေ့၁၀၈ခေါက် တစ်ပတ်တိတိပွားများပါ။

ကြာသပတေး
ဒီကာလအတွင် းစိတ်ပင်ပန်းမ ှုများအကြား ငြီးငွေ့စိတ်ပျက်လွယ်သော အခြေအနေကြောင့် စိတ်ဓါတ် ကြံ့ခိုင် ရန် လိုအပ် ပါသည်။ မိမိဆောင်ရွက် ကြိုးပမ်းမှုများတွင် ခင်မင်ရင်းနှီးသူများ၏ အတိုက်အခံပြုခြင်း ခံရတတ်သည်။

ကျန်းမာရေး အညံ့နှင့် ထိခိုက်ဒဏ်ရာရမှုများ၊ ခွဲစိတ်မှုများ ခံယူရတတ်သော အချိန်ကာလဖြစ်သည်။ မိမိကြံစည်၊ ဆုံးဖြတ်၊ သုံးသပ်ချက်များ လွဲချော်မှားယွင်းနေတတ်ပြီး လုပ်ငန်းပိုင်း ဆုံးရှုံးပျက်စီးမှုများ ရင်ဆိုင်ရတတ်သည်။

ဘာလုပ်လုပ်တတ် သိနားလည် သူတွေဆီက နေအကြံဉာဏ်ယူ ဖို့လို ပါတယ်။ လူမှုရေး ထိုးနှက်မှုများအောက် မိမိဂုဏ်သတင်းပိုင်း ထိခိုက်ကျ ဆင်းတတ် သည်။

အမြန်ဆုံး ပြန်ဖြေရှင်းမှပဲအဆင်ပြေပါလိမ့်မယ်။ ဝန်ထမ်းများ အလုပ်တာဝန်တွေ ပိုများလာတာ၊ လုပ်ဖော်ကိုင်ဖက်ခွင့်ယူထား၍ နှစ်ဆလုပ် ရတာမျိုးတွေအထူးကြုံရတတ်ပါတယ်။

လုပ်ငန်းရှင်များ လူမှုရေးပြဿနာများကြောင့် လုပ်ငန်းပိုင်း ထိခိုက်မှုတွေမရှိအောင် ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ လူမှုရေးနဲ့ အလုပ်ကို မရောမိ ပါစေနဲ့။

ပညာ သင်ကြာ းနေသူများ ပညာရေးတွင် စိတ်ပါဝင်စားမှု အားနည်းမ ှုကြောင့် ရည်မှန်းချက်များ လွဲချော်နေမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေ းအေးချမ်းသာယာမ ှုတွေ ကြုံရတတ် ပါတယ်။ ချစ်သူအတွက် ပင်ပန်းပေးဆပ်ရမှုများ၊ ကြိုးစားမှု ရလဒ်များ အတွက် အကျိုးခံစားခွင့် များ ရရှိမည်။

အကျိုးပေးဂဏန်း ၂/၇/၅

အထူးဟော လူမှုရေးကိစ္စများ မေတ္တာနဲ့ကိုင်တွယ်ဖြေရှင်းပါ။

ယတြာ ဒိန်ချဉ်အေးအေးလေးတစ်ခွက်ဘုရားကပ်ပြီးလိုရာဆုတောင်းပါ။

သောကြာ
ဒီကာလအတွင်း ကံကောင်းကြီးပွားမည့် အခွင့်အရေးကောင်းများ လက်ဝယ်ရောက်ရှိ၍ မိမိဘုန်းကံအရှိန်အဝါ တိုးတတ် မြင့်မားသော ကာလဖြစ်သည်။ မိမိနှင့် မိသားစုအတွင်း စီးပွားဥစ္စာတိုးတတ်ကြီးပွားမည့် ကာလဖြစ်သည်။

နိုင်ငံရပ်ခြားနှင့် ပက်သက်သော လုပ်ငန်းကိစ္စများအတွက် ကောင်းသော အဆက်အသွယ်ကောင်းများ ရရှိ၍ တိုးတတ်အောင် မြင်မည်။

ဒီကာလမှာအမွေရသလိုဒါမှမဟုတ် ထီပေါက်သကဲ့သို့ ငွေကြေးအများ အပြား ရရှိတတ်သည်။ လုပ်ငန်းရှင်များ ကြီးပွားအောင် မြင် တိုးတတ်မှုများ အလွယ်တကူတည်ဆောက် နိုင်မည်။ မိမိလှူချင်တဲ့ အရာကိုလှူဒါန်းခွင့် ရလာတတ်ပါတယ်။ ကုန်သွယ်စီးပွား များသိသာထင်ရှားစွာတိုးတတ်မည်။


ပညာရေး အခွင့်အရေးသစ်များ တွေ့ကြုံ၍ အောင်ပွဲ များ ဆင်နွှဲခွင့်များ ရှိမည်။ အိမ်ထောင်ရှင်များ ငွေကြေးနဲ့ပက်သက်ပြီးပွင့်လင်းမြင်သာ မှုရှိမယ် ဆိုရင် ဒီကာလမှာ အညံ့မရှိ နိုင်ပါဘူး။ ချစ်သူများ အချစ်အတွက် အရာရာတွင် ကံကောင်း ကျေနပ်ခွင့် ရရှိနိုင်သော ကာလဖြစ်သည်။

အကျိုးပေးဂဏန်း ၁/၃/၆

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ ခရီးသွားမယ့်ရဟန်းသံဃာတွေကို ခရီးစရိတ်နဝကမ္မလှူဒါန်းလိုက်ပါ။

စနေ
ဒီကာလအတွင် းစိတ်ချမ်းသာ ပျော်ရွှင်စရာတွေများ လာတတ်ပါတယ်။ငွေကြေးကံကောင်းမဲ့ အခွင့်အရေးအခြေအနေ တွေ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံလာမည်။ ထီကံစမ်းသင့်တဲ့ ကာလဖြစ်သောကြောင့် ဝ၊ ၂၊ ၄ ဂဏန်းတွေနဲ့ ကံစပ်နေပါ တယ်။

မိမိကြိုးပမ်းကြံဆမှုတွေ ပြည့်ဝအောင်မြင်လာပြီး ကံကောင်းတဲ့ အခွင့်အရေး အခြေအနေများကြောင့် တိုးတတ် ပြောင်းလဲမှုတွေ တွေ့ကြုံရမယ်။

လုပ်ငန်းမှာ အဆင်ပြေတိုးတတ်နေပြီး ငွေရလွယ်သလို ငွေကြေး လေလွင့် ပျောက်ရှ၊ ဆုံးရှုံးမှု တွေ ကြုံတွေ့ရနိုင်ပါတယ်။ ဝန်ထမ်းများ အလုပ်ခရီးနှင့်ပတ်သက်၍ သောကကြုံမည်။ ပညာသင်ယူသူများ သင်ယူလွယ် တတ်မြောက်လွယ်တဲ့ကာလပါပဲ။

ကျန်းမာရေး အညံ့အဆိုးတွေ ကင်းရှင်းနေပါလိမ့်မယ်။ လေကောင်းလေသန့်ရတဲ့ နေရာတွေမှာ အနားယူနိုင်ရင်ပိုကောင်းပါတယ်။ အိမ်ထောင်ရှင်များ အခက်အခဲများကို နှစ်သိမ့်သော အိမ်ထောင်ဖက်ကြောင့် တည်ငြိမ်စွာရပ် တည်နိုင်မည်။

ငယ်သားတွေကြောင့် ငွေကြေးပြဿနာဖြေရှင်းရတတ်သည်။ အရာရာ အောက်လက်ငယ်သားတွေနဲ့လွှတ်မထား လိုက်ပါနဲ့။

ရပ်ဝေးမှ ရရှိမည့်ငွေကြေးများ ပြန်လည်ရရှိလာနိုင်သလို ရစရာရှိတဲ့ကြွေးမြီးတွေလဲ ရလာတတ်ပါတယ်။ ချစ်သူများ ပန်းခင်း သောလမ်းဖြစ်နေတဲ့အချိန်ကာလပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူသစ်ရလာဖို့အကြောင်းဖန်လာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/ဝ

အထူးဟော ပျော်စရာအချိန်လေးတွေဖန်တီးနိုင်ပါတယ်။

ယတြာ ကော်ရည်ခေါက်ဆွဲဘုရားကပ်လှူလိုက်ပါ။

No comments:

Post a Comment