ယူနီကုတ်
တိဘက် ကုန်းပြင်မြင့်နဲ့ နယ်မြေချင်း စပ်ဆက် တည်ရှိနေတဲ့ ယခုနီပေါ နိုင်ငံထဲက Mustang ဒေသဟာ ကျန်ခဲ့တဲ့ ကာလတွေတုန်းကတော့ Himalaya ဒေသကနိုင်ငံငယ် တစ်ခုအနေနဲ သီးခြား တည်ရှိ ခဲ့ဖူးပါ တယ်။
ယင်းကာလ တုန်းက Mustang ဟာလွတ်လပ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံ အနေနဲ့ တည်ရှိ နေတာဖြစ်ပြီး (၁၈)ရာစုအကုန်လောက် မှာတော့ နီပေါ လူမျိုးတွေရဲ့ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံခဲ့ ရပါတယ်။
ဒါပေမဲ့ Mustang မှာရှိတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အဆောက်အအုံနဲ့ ဓလေ့စရိုက်တွေ ကတော့ ဆက်လက်တည် ရှိနေခဲ့ ပါတယ်။
ယင်းနောက်ပိုင်း Mustang ဟာဒေသန ္တရအုပ်ချုပ်ရေး စနစ်နဲ့ အုပ်ချုပ် ခဲ့ပြီး နီပေါနိုင်ငံ ကနေ ပြန်လည်ခွဲထွက်ခဲ့ပြန်ပါတယ်။ (၁၉၅၀) ရောက်တဲ့ အခါမှာတော့ နီပေါနိုင်ငံနဲ့ ပြန်လည်ပေါင်းစည် းခဲ့ပါတယ်။
Mustang ဒေသဟာ ရှေးဟောင်းယဉ်ကျေးမ ှုလေ့လာ ရေးနယ်ပယ်တစ်ခု ဖြစ်တဲ့ အတွက် ကမ္ဘာအရပ်ရပ်က ပညာရှင်တွေ လာရောက် လေ့လာ ဖို့ကြိုးစားခဲ့ ပါတယ် ။
ဒါပေမဲ့ ယင်းကာလတုန်းက Mustangဟာ တောရိုင်းသက်သက် ဖြစ်နေတဲ့အချက်နဲ့ ဒေသရဲ့လုံခြုံရေးအခြေအနေကြောင့် နီပေါအစိုးရက (၁၉၉၂)ခုနှစ် အထိ Mustang ဒေသကို ကန့်သတ်နယ်မြေ အဖြစ် ကြေငြာ ခဲ့ပါတယ်။
Mustang ဒေသ ရဲ့ရှေးအမွေ အနှစ်တွေ ကိုတော့ နီပေါအစိုးရရဲ့ မေတ္တာရပ် ခံချက် အရ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီ ထိန်းသိမ်းပေး ခဲ့ပါတယ်။
Mustang ဒေသရဲ့ ယဉ်ကျေးမှု အမွေအ နှစ်တွေဟာ ဗုဒ္ဓဘာသာနဲ့ များစွာနှီးနွယ်ပြေီး တိဘက်ရိုးရာ ဓလေ့နဲ့ အလားသဏ္ဍာန် တူညီနေ တာကို မြင်တွေ့ရပါတယ်။ ယဉ်ကျေးမှု ပုံသဏ္ဍန် သာမက သဘာဝ ရှုခင်းတွေ အထိပါ တိဘက် နိုင်ငံနဲ့ဆင်တူ နေပါ တယ်။
Mustangဟာ တိဘက် နိုင်ငံလိုပဲ တောင်ကုန်း တောင်တန်း လျိုမြောင်၊ ချိုင့်ဝှမ်းတွေပေါများစွာတည်ရှိပြီး အလွန်အအေး ပြင်းထန်တဲ့ အရပ်ဒေသ ဖြစ်ပါတယ်။
Mustang ဒေသရဲ့ ထင်ရှားတဲ့ အမှတ်အသား ကတော့ Kali Gandaki မြစ်ကြီးက ဝန်းရံထားတဲ့ မြင့်မားတဲ့ တောင်စောင်း တစ်လျှောက် တည်ရှိ နေတဲ့ အရေအတွက်(၁၀၀၀၀) နီးပါး ရှိတဲ့ ရှေးဟောင်းလိုဏ်ဂူ တွေပဲ ဖြစ်ပါတယ်။
ရှေးခေတ် ကျောက်ဆစ်လက်ရာကို အသုံးပြုပြီး ပုံစံကျကျထွင်းဖောက်ထားတဲ့ အဲဒီလိုဏ်ဂူတွေ ထဲကအချို့ဆိုရင် မြေပြင်ကနေ (၁၅၀)ပေအမြင့်လောက်ကိုရှိပြီး ငှက်များရဲ့ နားနေတဲ့ အသိုက်နေရာ အဖြစ်တောင်တည်ရှိနေတာပါ။
ထူးဆန်းတာကတော့ ခေက်အဆက်ဆက် ဒီကျောက်လိုဏ်ဂူများစွာကို မည်သူတွေကတည်ဆောက်ခဲ့တယ်ဆိုတာ မသိကြပါဘူး ဆိုတဲ့ အချက် ပဲဖြစ်ပါတယ်။
သဘာဝအတိုင်း ဖြစ်ပေါ်လာတာမဟုတ်ပဲ တစ်ခုနဲ့တစ်ခု အစီစဉ်တစ် ကျတည်ဆောက်ထားတဲ့ ကျောက်လိုဏ်ဂှုအချို့ဆိုရင် ကျွမ်းကျင်တဲ့တောင်တက် သမားတွေတောင် ရောက်ဖို့ခက်ခဲတဲ့ အမြင့်ပေတွေမှာတည်ရှိနေပါတယ်။
လိုဏ်ဂူ အချို့ရဲ့ အတွင်းမှာလည်း မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်တွေကို လက်ရာမြောက်အောင်ပုံဖော်ထားတာကို လည်း မြင်တွေ့ရပါတယ်။
ဒါအပြင် လိုဏ်ဂှု အချို့မှာတော့ လူသာ းတွေနေထိုင်ခဲ့တဲ့ အထောက်အထာ းတွေကို မြင်တွေ့ရပါတယ်။ ယင်းခေတ်အခါက လူအသုံ းအဆောင် ပစ္စည်းတွေ ဖြစ်တဲ့ မီးလင်းဖို၊ စပါးစေ့၊ ပစ္စည်း သိမ်းတဲ့ ပုံး၊အိပ်ရာအဖြစ်အသုံးပြုခဲ့တဲ့ အရာတွေကို လိုဏ်ဂူအတွင်း အစီစဉ်တစ်ကျ ရှိနေတာမို့ လူသားတွေနေထိုင် ခဲ့တယ် ဆိုတဲ့အချက်ဟာ ပေါ်လွင် နေပါတယ်။
ဒါအပြင် လူအလောင်းမြုပ်နှံရာ နေရာအဖြစ်လည်း ဒီလိုဏ်ဂူတွေကို သုံးစွဲထားတာကိုတွေ့ရ ပါတယ်။ အဲဒီဓလေ့ကိုတော့ Sky burial လို့ခေါ်ပြီး ယနေ့အချိန်ထိ ဟိမဝန ္တာ တောင်တန်းဒေသက ရွာအချို့မှာ ကျင့်သုံးနေဆဲလည်း ဖြစ်ပါတယ်။
Mustang ဒေသ မှာတွေ့ရှိရတဲ့ ဂူသချိုင်းတွေ ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)ကျော်ခန့်ကတည်းက ရှိနေခဲ့ တာဖြစ် ပါတယ်။ အဲဒီကာလက ကတည်းက ထားရှိ ခဲ့တဲ့ ရုပ်အလာင်း အရိုးစု ဒါဇင်ပေါင်း များစွာကိုတွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ် ။
ရုပ်အလောင် းတွေကို သစ်သားနဲ့ပြုလုပ် ထားတဲ့ ကုတင်ပေါ်မှာ ထားရှိတာ ဖြစ်ပြီးကြေးနီနဲ့ ဖန်သားကို ပြုလုပ်ထားတဲ့ ပုတီးစေ့တွေနဲ့ တန်ဆာဆင် ထားလေ့ ရှိတယ် လို့သိရ ပါတယ်။
ဒီဒေသကို ဗုဒ္ဓဘာသာ မရောက်ရှိမီ (၃)ရာစုကနေ (၈)ရာစု ကာလကတည်းက ပင်ဒေသခံတွေဟာ Mustang တောင်ကို ဂူသချိုင်း အဖြစ် သတ်မှတ်ထားခဲ့ ပုံပေါ်ပါတယ် ။
ဒေသခံတွေ ဟာ ကွယ်လွန်ပြီးသွားတဲ့ သူတွေရဲ့ ရုပ်အလောင်းကို Mustang တောင် ရဲ့ လိုဏ်ဂူတွေ အတွင်း လာရောက် ထားရှိ ခဲ့ပြီး ယင်းရုပ်အလောင်းတွေဟာ ဘတ်တီးရီး ယားပိုး မွှားတွေနဲ့ လဒငှက်တွေရဲ့ လာရောက် စားသောက် ကြတာတဲ့ အနေအထားကို ပညာရှင်တွေက တွေရှိခဲ့ ပါတယ်။
သမိုင်းသုတေသီတွေ ကတော့ Mustangမှာ ရှိတဲ့ လိုဏ်ဂူတွေဟာ ခေတ်(၃)ခေတ်တိုင် အောင်အသုံးပြုခြင်း ခံခဲ့ရတယ်လို့ ယုံကြည် ပါတယ်။
လေ့လာတွေ့ရှိချက် တွေအရ တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀၀)လောက်က Mustang အရပ်မှာ နေထိုင်တဲ့ မျိုးနွယ်စု တွေက ဒီလိုဏ်ဂူတွေကို ဂူဗိမာန် အဖြစ် စတင် အသုံးပြုခဲ့ ကြပါတယ်။
နောက်ထပ် နှစ်ပေါင်း(၂၀၀၀)လောက်ကြာတဲ့ အချိန်မှာတော့ ဒီလိုဏ်ဂူတွေဟာ ဒေသပေါင်းစုံ ကနေစစ်ဘေးဒဏ်ကြောင့် ဖြစ်စေ၊သဘာဝဘေး ဒဏ်ကြောင့် ဖြစ်စေ ပြောင်းရွေလာတဲ့ ဒုက္ခသည်တွေအတွက် ယာယီနေထိုင်ရာ နေရာတွေ ဖြစ်ခဲ့ ပါတယ် ။
နောက်ပိုင်းကာလ အေဒီ ၁၄၀၀ ခုနှစ်ရောက် လာတဲ့ အချိန်မှ ာတော့ Mustang ကလိုဏ်ဂှုတွေဟာ တရားဘာဝနာ စီးမြောအား ထုတ်ရာ ပုဂ္ဂိုလ်တွေရဲ့ ဂူအောင်းပြီး တရားထိုင် ရာနေရ ာတွေ ဖြစ်လာ ခဲ့ပါတယ်။
အချို့လိုဏ်ခေါင်းဂူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေ အဖြစ်အသွင်ပြောင်း သွားခဲ့ပြီး ယနေ့ထက် တိုင်တည်ရှိနေတဲ့ Luri Gompa ၊ the Chungsi Cave၊ Nyiphuk Cave စတဲ့ လိုဏ်ခေါင် းအတွင်းတည် ရှိနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ အကောင်းဆုံးသာဓက တွေဖြစ်တယ်လို့ ဆိုကြ ပါတယ်။
သူတော်ကောင်းတွေနဲ့ ထွက်ရပ်လမ်း ပုဂ္ဂိုလ်တွေ ပျော်စံရာနေရာဖြစ်တယ် လို့လည်း နီပေါနိင်ငံမှာ ထင်ရှားပါတယ်။ Luri Gompa ဘုန်းတော်ကြီး ကျောင်းကတော့ Mustang ဒေသမှာ အထင်ရှား ဆုံးသော နေရာဖြစ်ပါတယ်။
အဲဒီဘုန်းတော်ကြီး ကျောင်းဟာ အစွန်ဆုံး လိုဏ်ဂူ အတွင်းမှာ တည် ထားတာဖြစ်ပြီး မြေပြင်ကမီတာ(၁၀၀) ဝန်းကျင်လောက် အမြင့် ရှိပါ တယ်။ ဘုန်းတော်ကြီး ကျောင်းအတွင်း မှာတော့ တိုင်တွေ အဖြစ် သဲကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်တွေကို တွေ့မြင် ရမှာ ဖြစ်ပါ တယ်။
ဒီဘုန်းတော်ကြ းကျောင်းကို လာရောက်ရတဲ့ တောင်ကြား လမ်းဟာ အလွန်ကျဉ်းမြောင်းပြီး အောက်ခြေမှာ မက်စောက်တဲ့ တောင်စောင်းတွေ ကို ရင်အေးစရာ မြင်တွေမြင် ရမှာပါ။ ဒီလမ်းကနေပဲ Mustang ရဲ့ ရှေးဟောင်းသချိုင်းနေရာ (၂)ခုကို သွားရောက် နိုင်ပါ တယ်။
လိုဏ်ဂူရဲ့ အပြင်ပိုင်းကို ကျရောက်တဲ့ သချိုင်းမှာ တော့စေတီငယ် တစ်ဆူကို သာတွေ့မြင်ရမှာဖြစ်ပြီး ၊လိုဏ်ဂူရဲ့ အတွင်းပိုင်းသချိုင်းမှာ တော့ Mustangရဲ့လက်ရာအမြောက်ဆုံးသော သမိုင်းဝင်အမွေ အနှစ်တွေဖြစ်တဲ့ အိန္ဒိယ သူတော်စင် ဆာဒူးကြီးတွေရဲ့ရုပ်ပုံတွေ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆေးရေးပန်းချီ တွေကို မြင်တွေ့ရပါတယ်။
ဒေသခံတွေအဆိုအရတော့ ပုံနဲ့ရေးဆွဲ ထားတဲ့ သူတော်စင် တွေဟာ Mustang ဒေသမှာ အမှန်တကယ်ရှိနေပြီး ယနေ့တိုင်သွားလာ လှုပ်ရှားနေဆဲ ဖြစ်တယ်လို့ဆိုကြ ပါတယ်။
သူတော်စင်ကြီးတွေဟာ ဥတုသုံးပါးစလုံး နံငယ်သာလုံတဲ့ အဝတ်ကိုသာ ဝတ်ဆင်ပြီး အသက်ရာချီ ရှိနေကြသူတွေ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
သူတို့တွေဟာ သမထကျင့်စဉ်တွေကို ပွားများအားထုတ် လျက်ရှိပြီး နောက်ပွင့်တော်မူမဲ့ အရိမေတ္တယျဘုရားရှင်ကို စောင့်ဆိုင်း နေသူတွေ ဖြစ်တယ်လို့လည်း ယုံကြည် နေကြ ဆဲပါ။
ကမ္ဘာပေါ်မှာ ရှိခဲ့တယ်လို့ ယူဆတဲ့ စိတ်နယ်လွန် ဖြစ်ရပ်တွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေရဲ့ အဖြေဟာ Mustang ဒေသမှာသာ တည်ရှိနေပြီး အထူးသဖြင့် ယင်းပညာရပ်တွေရဲ့ ဒိုင်ချက်ဟာ Luri Gompa ဘုန်းတော်ကြီးကျောင်း ဝန်းကျင်မှာပဲ ဖြစ်တယ်လို့ လောကီပညာရှင် အချို့က ယူဆလျက် ရှိပါတယ်။
နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရတော့ Mustang မှာရှိတဲ့ ရှေးခေတ်နံရံဆေးပန်း ချီတွေနဲ့ ပန်းချီကားတွေဟာ (၁၄)ရာစု(သို့)ယင်းကလာရဲ့ အစောပိုင်း ကာလတွေမှာ ရေးဆွဲခဲ့ တာဖြစ်ကြောင်း သမိုင်းပညာရှင်တွေက ဖော်ပြခဲ့ကြ ပါတယ်။
ဒီဒေသကို ၁၉၉၆ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခု အဖြစ် ထည့်သွင်း သတ်မှတ် ခဲ့ပါတယ်။
No comments:
Post a Comment