နောက်ထပ် တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာချက် တစ်စုံတစ်ရာ မထွက်ပေါ်လာမချင်း ဝူဟန်မြို့မှ မည်သူတစ်ဦးတစ်စုံတရာမှ မြို့တွင်းမှ ထွက်ခွာခြင်း မပြုလုပ် ရတဲ့ အပြင် မြို့တွင်းဝင်ဖို့ ကိုလည်း အစိုးရခွင့်ပြုချက်မရဘဲ ဝင်ခွင့်လုပ်မရချေ။
၎င်းဝင်ထွက်ခွင့် ပိတ်ဆို့မှု ကြောင့် မြို့နေလူ၁၁သန်း မှာ မြို့တွင်းမှာ ပိတ်မိ နေပါပြီ။ အခုဆိုရင် ဝူဟန်မြို့နဲ့ ကုန်းတွင်းပိုင်း လမ်းကြောင်း အဆက်အစပ် ရှိနေတဲ့ ဟူဘီ ပြည်နယ်အတွင်းရှိ ဟွမ်ဂေါင်နဲ့ အီကျူး မြို့တွေကိုပိတ်ထား လိုက်ပါ တယ်။
ဒါ့အပြင် ချီဘီ ဇီကျန် ဟွမ်ချီ ရှင်တောင် အန်ရှီ ကျင်းကျန် နဲ့ ရှိအန် နန်းမြို့တွေကို လည်းဆက်လက် ပိတ်ဆို့ဖို့ကိုလည်း စီစဉ် ထားပါ တယ်။ ဝူဟန်မြို့နေတွေလည်း မနက်အိပ်ရာနိုး လာတာနဲ့ ဘာဖြစ်မလဲဆိုတဲ့အတွေးနဲ့ စိုးတထိတ်ထိတ် နဲ့ နေနေရပါတယ်။
မြို့ကို ပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီး မြို့သူမြို့သား တေ ွက ဒေါသထွက် နေကြပါတယ်။
ဝူဟန်မြို့ကိုကြည့်ပြီး ကမ္ဘာကြီးအဆုံး သက်သွားပြီ လာလို့ ထင်မြင် ယူဆနေသူ တွေကလည်း ထင်မြင် နေကြပါတယ်။ ဝူဟန်မြို့သား တစ်ယောက်က ဆိုရင် “ကျနော်တို့မြို့ကြီးက ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိပ် နေပါတယ်။ ကမ္ဘာပျက် ရုပ်ရှင် ကားကိုကြည့် နေရသ လိုပါပဲ။
ကိုယ်သေရမယ့် အချိန်ကို ထိုင်စောင့် နေရသလိုပါပဲ”လို့ဆိုတယ်။ လမ်းပေါ်ကို မဖြစ်မနေ ထွက်ရတဲ့ လူတန်းစားတွေကတော့ အစိုးရဝန်ထမ်းတွေနဲ့ မြို့တွင်းသယ်ယူပို့ဆောင်ရေး အငှားယာဉ်ေ တွပါပဲ။ သူတို့တွေက လည်း ဖြစ်နိုင်သလောက် လူအစု လိုက်ရှိမယ့် နေရာတွေကို ရှောင်ကွင်း သွားလာနေကြပါတယ်။
မဖြစ်မနေေ ဈးဝယ်ထွက်တဲ့သူ တွေက လည်း ကျီးကန်းတောင်မှောက် ဟိုကြည့် ဒီကြည့်နဲ့ အလျင် စလိုတွေဖြစ်နေခဲ့ကြတယ်။ မြို့ကို စပိတ် လိုက်ပြီ ဆိုကတည်းက စတိုးဆိုင်တွေ စူပါမားကတ်တွေ တော်တော်များများ ပြောင်သလင်းခါအောင် ဈေးဝယ်တဲ့ သူတွေက ဝယ်ခဲ့ ကြပါ တယ်။
အခုဆိုရင် အပြင်ထွက်တဲ့ လူတိုင်း မျက်နှာဖုံးစွတ် ဝတ်ဆင် ထားကြပြီး နီးကပ်စွာ ဆက်ဆံခြင်းတွေမလုပ်တော့ဘဲ ခပ်လှမ်းလှမ်းက ခွာပြီး ပြောကြဆိုကြပါတယ်။
ဝူဟန်မှာ ကုန်ပစ္စည်းဈေးနှုန်းတွေကို ဈေးမကစားဖို့အတွက် အချို့က အစိုးရထံစာရေးတင်နေသလို ကုန်ဈေးနှုန်း မသမာမှုမပြုလုပ်ရန်အတွက် အစိုးရကလည်း တတ်နိုင်သလောက်စီစဉ်ပေးနေပါတယ်။ မောင်ယဿ REF: world of buzz
No comments:
Post a Comment