လက်ဖဝါးပေါ်က လက်ချောင်းလေးတွေရဲ့အတို အရှည်ကနေ လူတွေရဲ့စိတ်တစ်ချို့ကို ပြောပြနေ တယ်ဆိုတာ သင်တို့သိပါ သလား၊ အများကြီးတော့ကွက်တိ မှန်နိုင်မယ် မထင်ပင်မဲ့ အနည်းငယ်တော့ တူလိမ့်မယ်လို့ယုံပါတယ်
ဘယ်လို လက်အတို အရှည်ပုံ စံတွေက ဘယ်လို စိတ်နေ စိတ်ထားမျိုးလဲ ဆိုတာ ကြည့်လိုက်ရအောင်
လူမှုပေါင်းသင်း ဆက်ဆံရေးမှာ သူတစ်ပါးတွေရဲ့စိတ်ကို အကဲခက် တတ်တာကြောင့် လူချစ်များ တတ်ကြပါတယ်။
စိတ်မြန်ပြီး စိတ်ဆတ်တတ်တဲ့ အကျင့်လေး ရှိတာကြောင့် လူအများအမြင်မှာ ဒေါသကြီးတယ်လို့တော့ထင်တတ်ကြ ပါတယ်။ ဒါပင်မဲ့မဟုတ်မခံ စိတ်မျိုးလေးပါ။
ရည်မှန်းချက်တွေ ခိုင်မာပြီး အမြင့်ဆုံး ဆိုတာတွေ ကိုမှန်းထားလေ့ရှိတတ် ကြပါတယ်။ စိတ်ကို အကြာကြီးမညစ်တတ်ပဲ တစ်လမ်းမရရင် နောက်တစ်လမ်းဖောက်ဖို့တွေးနေတတ် ကြသူတွေပါ။
လက်ညိုးကလက်သူကြွယ်ထက်ပိုရှည်တဲ့သူတွေဟာ ခေါင်းဆောင်မှုအားကောင်းပြီးသူတစ်ပါးအပေါ်ကူညီဖေးမဖို့ဝါသနာပါသူတွေပါ။
ဦးဆောင်မ ှုအားပြင်း ထန်လွန်းပြီး သူတစ်ပါးအပေါ်တင်းကြပ်ရင်းကနေ ဆရာလုပ်တယ်လို့အထင်ခံရတတ်ပါတယ်။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကြား ကိုယ့် ကိုယ်ကိုယ်သိက္ခာကျစေမဲ့အပြုမူမျိုးကို လုပ်လေ့ မရှိတတ်ကြဘူး။
တစ်စုံတစ်ခုကို ပြုမူလုပ်ဆောင် မယ်လို့ရည်ရွှယ်လိုက်ရင် မလုပ်ခင် မပြောခင် ကတည်းက ဒီအလုပ်ကိုလုပ်ပြီးလို့ဖြစ်လာမဲ့အကျိုးရလာဒ်ကို ထည့်တွက် တတ်ကြ တယ်။
ကောက်ခါငင်ကာ ထလုပ်တာမျိုး ထက်စိတ်ထဲ အကွက်ချ စီစဉ်ပြီးမှ လုပ်တာမျိုးကို ပိုပြီးစိတ်အားထက်သန်ကြပါတယ်။
နှစ်ချောင်းလုံးက ညီနေတဲ့ သူတွေကတော့တရားမျှတမှုကို လိုလားပြီး စိတ်အေးတဲ့သူတွေပါ။ ပေါင်းရသင်းရအရမ်းကောင်းပြီး စိတ်သဘောထားပြည့်ဝတယ်လို့ပြောရင်လည်း မမှားနိုင် ပါဘူး။
ကိုယ့်အပေါ်ကောင်းတဲ့သူတွေ အပေါ်ဆို နှစ်ဆလောက် ပိုကောင်းတတ်ပြီး နားလည်မှု အပြည့်ရှိတဲ့သူမျိုးပါ။ ကိုယ့်ရဲ့အပြုမူကတစ်ဖက်သားကိုထိခိုက်ပြီးနစ်နာသွားစေတာမျိုးဖြစ်မှာကိုသိပ်ကြောက်ကြပါတယ်။
(လေးစားမှုဖြင့် ခရက်ဒစ်)
No comments:
Post a Comment