အယ်လဖာတောက်ဆင်(aflatoxin) အဆိပ်ရှိ တဲ့ မှိုကထုတ်တဲ့ မှိုဆိပ်ဖြစ် ပါတယ်။ စားသုံးမှိုလို ကြီးမားတဲ့အရွယ်အစား မဟုတ်ဘဲ Fungi အဆင့်သာ ရှိပါတယ်။ မျက်စိနဲ့ မြင်တွေ့နိုင်ပြီ းအရွယ် အစားကတော့အတော်သေးငယ်ပါတယ်။
ကောက်ရိုး၊နှံစားသီးနှံများ၊အာလူး၊ ပြောင်းဖူး၊ သစ်ကြားသီးနဲ့မြေပဲတို့လိုအစေ့အဆံတွေနဲ့ ငရုတ်သီးခြောက်တွေမှာ မှိုလေးတွေ တက်နေတာ တွေ့ဘူးကြ မှာပါ။
ဒီမှိုကတော့ သိတဲ့သူ အများစုကြောက်ကြတဲ့ အယ်လဖာတောက်ဆင် (aflatoxin)ဆိုတဲ့မှိုဆိပ်ထုတ်တဲ့ မှိုဖြစ်ပါတယ်။ သူ့ကိုဘာကြောင့်ကြောက်ကြတာလည်းဆိုတော့ သူကနေ ထုတ်လိုက်တဲ့ မှိုအဆိပ်ကြောင့် ဖြစ်ပါတယ်။
သူကတော့ ပူနွေးပြီး စွတ်ဆိုတဲ့ အချိန်တွေမှာ ပေါက်တတ် ပါတယ်။ ဒီမှိုက သီးနှံတွေကို ရိတ်သိမ်းတဲ့ အခါမှာဖြစ်စေ၊ သိုလှောင်စဉ်မှ ာဖြစ်စေ တွေ့မြင်ရတာ ဖြစ်ပါတယ်။ မှိုတက်တယ် ဆိုတာ ရှင်သန် နေတာနဲ့ ရေငွေ့ နဲ့စိုထိုင်းဆမရှိရင် မဖြစ်တတ် ပါဘူး။
ဒီလိုမှိုစွဲထားတဲ့ သီးနှံတွေကို ဆီကြိတ်လိုက်တာ ဖြစ်စေ၊ အမှုန့်ပြုလုပ်လိုက်တာ ဖြစ်စေ၊ စားသုံးကုန်တစ်ခုခုပြုလုပ်လိုက်တာဖြစ်စေ ဒီမှိုကထွက်တဲ့ အဆိပ် ကစားသုံးသူ ထံကို သက်ရောက် သွားပါ တော့မယ်။
ဘာကြောင့်လည်းဆိုတော့ မှိုကို သာမန်မျက်စိ နဲ့မမြင်နိုင်တာ ကြောင့်ပါ။ မှိုစွဲသွားတဲ့ အစိတ်အပိုင်း ကရေနဲ့ဆေးကြောလို့ မပြောင်တော့ ပါဘူး။
မှိုစွဲထားတာကို တိရိစ္ဆာန်စာကြိတ်လိုက်မယ် ဆိုရင် ဒီအစာကို စားမိတဲ့ တိရိစ္ဆာန်ကရတဲ့ အသားတွေနဲ့နို့ထွက်ပစ္စည်းတွေ၊ ဥတွေကနေ လူကိုထပ်ပြီ းအဆိပ်သင့် စေပါတယ်။
ဒါကြောင့် အစာထုတ်လုပ်မှု ကွင်းဆက်မှု စားသုံးသူတွေ အတွက်ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဘေးကင်းလံု
ခြံုတဲ့ အစားအစာတွေ ရရှိဖို့ အတော်ကို ရေးပါ လှပါတယ် ။
ဒီမှိုရဲ့ အဆိပ်က အသဲကင်ဆာ ဖြစ်စေ ပါတယ်။ အယ်ဖာတောက်ဆင်မှိုရဲ့ အဆိပ်ကထောပတ်တွေ၊ ဆီတွေ၊သီးနှံအခြောက်တွေ၊သီးနှံအမှုန့်တွေ၊နို့ထွက်ပစ္စည်းနဲ့ အသားတွေမှာ တောင်ပါ လာနိုင် ပါတယ်။
ဒီမှိုကို မိုက္ကရိုစကုတ်နဲ့ ကြည့်မယ် ဆိုရင် ဒေါင်းမြီးပုံစံရှိတာကို တွေ့ရ ပါတယ်။ အပူချိန် အနေနဲ့ကတော့နေ့ဘက်ကို ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ ညဘက်ကို၂၄ဒီဂရီစင်တီဂရိတ် ရှိတဲ့ အခါမှာ နှံစားသီးနှံတွေမှာဒီမှိုလာစွဲ တတ်ပါ တယ်။ စွတ်စို ထိုင်းမှိုင်းမှု၁၄ရာခိုင်နှုန်းထက် ပိုများရင်လည်း အယ်ဖာတောက်ဆင်မှိုလာပါမယ်။
အယ်ဖာတောက်ဆင်မှို ဆိပ်ဘီ ၁ (Afatoxin B1) ကသူရဲ့ အခြားမျိုးကွဲတွေထက် အဆိပ်ပိုပြင်းပါတယ်။ ဒီမှိုပါတာကိုစားမိတဲ့ တိရိစ္ဆာန်တွေလည်း အသည်းခြောက်နိုင် ၊သေနိုင် ပါတယ်။
ပါမုန့်တွေမှာလည်းဒီမှု တွယ်ကပ် ပါတယ်။ ဒါကြောင့်မှို စိမ်းလေးတွေလာ တွယ်နေပြီ ဆိုရင် အစားအစာကိုပြစ်လိုက်ပါ။ အဲဒီ နေရာကိုလည်း ရေနွေးပူပူနဲ့ ဆေးကြောပစ်ပ ါAspergillus Flavus နဲ့ Aspergillus parasiticus ဆိုတဲ့မှိုမျိုးတွေက Aflatoxins ထုတ်တဲ့ မှိုတွေ ဖြစ်ပါ တယ်။
ပျော်ရွင်၊ကျန်းမာပြီးကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့်ကောင်းစွာအသက်ရှည်နိုင်ကြပါစေ
No comments:
Post a Comment